ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို ACDF က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး
ဧပြီလ ၂၉ ရက်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်း (၃) တည်ရှိတဲ့ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၇၀ ပါ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် – (ACDF ) ပြန်ကြားရေးတာဝန်ရှိသူ ကပြောပါတယ်။ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်း ၅နာရီဝန်းကျင်လောက်မှာ အင်အား ၇၀ ရှိ စစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ်အတွင်းက ဆားချောင်းကျေးရွာအတွင်းရောက်ရှိပြီးနောက် ငမိုးရိပ်ကျေးရွာကနေ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဉ် အရှိုချင်းကာကွယ်ရေးတပ် – ACDF နဲ့ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၂…

