
ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို CDF – Asho က ဒီကနေ့မနက်ပိုင်းမှာ ပြုလုပ်
မတ်လ ၃၁ ရက်။ ငလျင်သဘာဝဘေးဒဏ်သင့် ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နောက်တန်းရှိ ရဲဘော်တွေက ချင်းအမျိုးသားအလံတော်ရှေ့မှာ တစ်မိနစ်ငြိမ်သက်ခြင်းကို ဒီကနေ့ မတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် နယ်စပ်မှာ အခြေစိုက်ကာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းကာကွယ်ရေးတပ် – အရှို( CDF – Asho )က ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီလောက်မှာ အင်အား ရစ်(ခ်) 7.7 အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ခြင်းကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသူတွေ နဲ့ မိသားစုဆွေမျိုးတွေနှင့် ထပ်တူဝမ်းနည်းရပြီး စိတ်မကောင်းဖြစ်ရတယ်လို့လည်း CDF – Asho ကဖော်ပြထားပါတယ်။ စစ်ကိုင်းမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း…