ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ CDF – Hakha ထုတ်ပြန်
ဧပြီလ ၂၃ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ CDF – Hakha တပ်ဖွဲ့မှာ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မိဘတွေအနေနဲ့လည်း ဟားခါးမြို့တော်သိမ်းတိုက်ပွဲမှာ သင့်ကလေးတွေ ပါဝင်ဖို့တိုက်တွန်းကြဖို့နဲ့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးဟာ အားလုံးရဲ့တာဝန်ဖြစ်တဲ့အကြောင်းကိုလည်း CDF – Hakha ကအသိပေးထားပါတယ်။ လူငယ်တွေအနေနဲ့ CDF – Hakha တပ်ဖွဲ့မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်သလို၊ အချိန်ပြည့်မပါဝင်နိုင်ပါကလည်း အရံတပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။ ချင်းပြည်နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်မြို့ နဲ့ တီးတိန်မြို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့…

