ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေ
မေလ ၁၃ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ချင်းညီနောင်နဲ့မဟာမိတ်ရဲဘော်တွေဆေးကုသဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါး လိုအပ်နေတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောပါတယ်။ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊ လက်တု၊ နားကြားကိရိယာ တပ်ဆင်ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးလောက် လိုအပ်နေတာဖြစ်တယ်လို့ မေလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ကြတဲ့ ချင်းညီနောင်ရဲဘော်တွေနဲ့ မဟာမိတ်ရဲဘော်တွေ အတွက် ရန်ပုံငွေရှာဖွေရေးအစီအစဉ်မှာ CNO / CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ ကပြောခဲ့တာဖြစ်ပါတယ်။ “ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲမှာ ချင်းညီနောင်တပ်ဖွဲ့ဝင်ရဲဘော် ၅၀ ကျော်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက စုစုပေါင်း တော်လှန်ရေးရဲဘော်…

