အိန္ဒိယနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို မူရင်းနိုင်ငံပြန်ပို့ဖို့ စနစ်တကျဆောင်ရွက်လာနေတယ်လို့ India For Myanmar ကအသိပေး
မေလ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး ၎င်းတို့၏ မူရင်းနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စနစ်တကျဆောင်ရွက်လာနေတယ်လို့ အိန္ဒိယ – မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India For Myanmar အဖွဲ့က မေလ ၂၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋ္ဋိပက္ခဖြစ်ပြီးနောက်ပိုင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာပြီး ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ခံရမှုတွေကို စတင်ကြုံနေရပြီဖြစ်တယ်လို့လည်း India For Myanmar က ဆိုပါတယ်။ ဒါ့ပြင် အိန္ဒိယရှိ UNHCR ရုံးက ဒုက္ခသည်တွေရဲ့ အချက်အလက်တွေကိုလည်း အိန္ဒိယအစိုးရထံ လွှဲပြောင်းပေးထားတဲ့အတွက် အိန္ဒိယအစိုးရက ပစ်မှတ်ထားခံရနိုင်ခြေရှိသူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါက UNHCR ရုံးမှာ စာရင်းသွင်းခဲ့တဲ့ လိပ်စာမှာ…

