ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိ ငြင်းဆိုမှုတို့ကို ပလက်ဝအဖွဲ့အစည်းများမှ ပြင်းထန်စွာကန့်ကွက်
ဩဂုတ်လ ၁၃ ရက်။ သြဂုတ်လ (၁၁) ရက်နေ့တွင်ကျင်းပခဲ့သော ULA/AA ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပလက်ဝမြို့နယ်အား ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ် တရားဝင်ပြောဆိုခြင်း၊ ပလက်ဝမြို့နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိဟု ငြင်းဆိုမှုတို့ကို ပလက်ဝမြို့နယ်အဖွဲ့အစည်းများဖြစ်တဲ့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) မှ ပြင်းထန်စွာကန့်ကွက်ကြောင်း ဩဂုတ်လ ၁၂ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့်ပတ်သက်ပြီး အာရက္ခပြည်သူ့အစိုးရ၏ နိုင်ရေးရပ်တည်ချက်နှင့် အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ပလက်ဝပြည်သူလူထုက မည်သည့်အခါကမျှ လက်ခံခြင်းမရှိခဲ့ဘူးလို့ Global Khumi Organization (GKO) နှင့် နိုင်ငံတကာခူမီးလူငယ်များ အသင်း(GKYA) တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နွေဦးတော်လှန်ရေး၏ အရှိန်အဝါကိုအကြောင်းပြု၍ ဒေသခံဌာနေချင်းတိုင်းရင်းသားပြည်သူလူထု၏…

