Headlines

မင်းတပ်မြို့နယ်ကို ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း အစုပြုံလိုက်ဗုံး(Cluster Bomb) တွေကိုလည်း စစ်ကောင်စီကအသုံးပြုခဲ့တယ်လို့ ထုတ်ပြန်

မေလ ၁၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ရက်ဆက်တိုက်လုပ်ခဲ့ပြီး အစုပြုံလိုက်ဗုံး(cluster bomb) ကိုလည်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့မေလ ၁၇ ရက်နေ့မှာ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁)တွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက အစုပြုံလိုက်ဗုံး(cluster bomb) ကို အသုံးပြုခဲ့တဲ့ အထောက်ထားတွေ တွေ့ရှိရကြောင်းနဲ့ ဗုံးအလုံးရေ ၁၀ လုံးဝန်းကျင်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ မင်းတပ်မြို့နယ်အတွင်းကို မေလ ၁၅ ရက်နေ့ကနေစလို့ မေလ ၁၆ ရက်၊မေလ ၁၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး…

Read More

ချင်းလူမျိုးများ နေထိုင်သည့် ရက္ခိုင်ပြည်၊ တရွေချောင်းဒေသအကြောင်း

Salai Htun Hla Kyaw တရွေချောင်းသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းအုပ်စု၏ အဓိက အသက်သွေးကြောမ ကြီးများထဲမှ တစ်ခုဖြစ်သည်။ မင်းကူးလမ်းအုပ်စုထဲမှ မြစ်ဖျားခံစီးဆင်းပြီး ဖုံသာအုပ်စုထဲ၌ ဖုံသာချောင်းအမည်ဖြင့် အနောက်ဘက်သို့ ဆက်လက်စီးဆင်းကာ ထိုမှတစ်ဆင့် ဒုံသားကျေးရွာအနီးတွင် လေးမြို့မြစ်ထဲသို့ စီးဝင်သွားသည်။ တရွေချောင်းကို ဒေသနေ ချင်းလူမျိုးများက တေလောင်ဟု ခေါ်ဆိုကြသည်။ ချောင်းတလျှောက် ကမ်းပါးများပေါ်တွင် ကျေးရွာပေါင်း ၂၀ အထိ တည်ရှိလျှက်ရှိပြီး ၁၉ ရွာမှာ ချင်းလူမျိုးများ နေထိုင်သော ရွာများဖြစ်သည်။ ကျေးရွာအများစုသည် ဝါး (သို့မဟုတ်) သစ်များဖြင့် ဆောက်လုပ်ထားသည့် ခြေတံ‌ရှည်အိမ်များဖြင့် ပြည့်နှပ်နေတတ်ပြီး ၎င်းတို့ကို ကြည့်ခြင်းအားဖြင့် ဒေသနေ ဌာနေချင်း လူ‌မျိုးများ၏ လူနေမှုဘဝ အခြေအနေအပြင် ဖွံ့ဖြိုးမှုနောက်ကျခြင်းများ၏ ပုံရိပ်များကိုပါ အထင်းသား တွေ့မြင်နိုင်သည်။…

Read More

မီဇိုရမ်ပြည်မှ မြန်မာဒုက္ခသည်များ၏ ဇီဝသွင်ပြင် အချက်အလက်များ မြန်မာစစ်ကောင်စီထံ ရောက်ရှိသွားမည်ကို အဘယ်ကြောင့်စိုးရိမ်နေကြသနည်း?

Mizoram: Why Myanmar refugees fear biometric data could reach Junta By Salai Van Bawi Mang အိန္ဒိယ၏ ကြံရွယ်ချက်များက မည်သို့ပင် ရှိစေကာမူ၊ ၎င်းတို့အနေဖြင့် လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များ ရယူစုဆောင်းမှု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရမည် ဖြစ်သည်။ (အိစ်ထ်မိုဂျို – မေလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်) … အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက လူတစ်ဦးချင်း၏ ဇီဝသွင်ပြင်အချက်အလက်များကို ရယူစုဆောင်းရန်နှင့် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရန် အစီအစဉ်များကို တွန်းအားပေးလုပ်ဆောင်လာနေသဖြင့်၊ မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများအတွက် အခြေအနေများက ပိုမိုရှုပ်ထွေးလာလျက် ရှိနေသည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များအတွင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်…

Read More

ပလက်ဝမြို့နယ်မှာ နေအိမ် ၅ လုံးမီးလောင်ခဲ့ပြီး လေဖြတ်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

မေလ ၁၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အထက်ဘလိုင်ရွာမှာ မနေ့မေလ ၁၅ ရက်နေ့ မနက် ၁၁ ဝန်းကျင်လောက်မှာ ဟင်းချက်ရာကနေ မီးလောင်ခဲ့လို့ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး လေဖြတ်နေသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ဦးဆင်လုံး အိမ်က ထမင်း၊ ဟင်းချက်ရာကနေ လောင်တာ ဖြစ်တယ် လေဖြတ်နေတဲ့ တစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ် ဦးဆင်လုံး၊ ဦးလှကျော်ရွှေ၊ ဦးဦးသာလှ၊ ဦးဖာဝင်း၊ ဦးကျော်ဝင်း အိမ်တွေ ပြာကျတယ်။ မနက် ၁၁ နာရီမှာ လောင်ပြီးတော့ နေ့လည် ၁ နာရီမှမီးငြိမ်းနိုင်တယ် ရွာသားတွေက ဝိုင်းငြိမ်းလို့” လို့ပြောပါတယ်။ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကနေ လောင်တဲ့မီးကို ရွာသားတွေက…

Read More

UFC Chin Fighter Joshua Van Donates Over 500 Million Kyats to Help Myanmar Earthquake Victims

May 16. UFC Chin Fighter Joshua Van has donated over 500 million Kyats to help Myanmar earthquake victims. UFC Chin Fighter Joshua Van has donated over 500 million Kyats to help Myanmar earthquake victims through the Chinland Foundation, Chinland Foundation Chairman Thawng Tha Thang announced on his social media account on May 16. UFC Chin…

Read More

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေပြည်လည်ထူထောင်နိုင်ရေး ကျပ်သိန်း ၅၀၀ ကျော် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ထပ်မံလှူဒါန်း

မေလ ၁၆ ရက်။ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UFC ဖိုက်တာ ချင်းလူငယ် Joshua Van က ကျပ်သိန်း ၅၀၀ ကျော် ထပ်မံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van က ငလျင်ဒဏ်ခံစားရတဲ့ မြန်မာပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် Chinland Foundation ကနေတဆင့် သိန်းပေါင်း ၅၀၀ ကျော် ကို လှူဒါန်းခဲ့တာလို့ Chinland Foundation ဥက္ကဌ Thawng Tha Thang က ဒီကနေ့မေလ ၁၆ ရက်မှာ ၎င်းရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်ကနေတဆင့် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ငလျင်ဘေးစဖြစ်ဖြစ်ခြင်းတုန်းက ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်လည်း UFC ချင်းလူငယ်ဖိုက်တာ Joshua Van က…

Read More

ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) အရာရှိတစ်ဦးက ခရစ်ယာန်ပါစတာ ၁ ဦးကို အကြောင်းမဲ့ ရိုက်နှက်၊ထိုးကြိတ်ခဲ့တယ်လို့ သိရ

မေလ ၁၆ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာက ခရစ်ယာန်အမှုတော်ဆောင်သိက္ခာတော်ရ ပါစတာ ဆရာဦးလိုဒိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ AA အရာရှိတစ်ဦးက အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်ခဲ့လို့ ဒီကနေ့ အချိန်ထိ ဆရာဦးလိုဒိန်းဟာ ဆေးကုသနေရတယ်လို့ ကာယကံရှင်ပြောပြချက်အရ သိရပါတယ်။ သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းဟာ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) က အသိမှတ်ပြု ဓမ္မဆရာမှတ်ပုံတင်ကဒ်အမှတ် ၁၂၁၂၄ ကိုင်ဆောင်သူ တစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ သာသနာပြုနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းက “ ဧပြီလ ၁၇ ရက်နေ့ညက ဘုရားဝတ်ပြုအပြီးပြန်လာတာက ၈ နာရီချိန်လောက်ဖြစ်မယ် ဘုရားကျောင်းအပြန်မှာ AA တပ်သားတစ်ယောက်က…

Read More

လမ်းမှာ ကြန့်ကြာမှု ရှိသော်လည်း ဟားခါး – ရန်ကုန် ယာဉ်လိုင်းများ ပုံမှန် ပြေးဆွဲနေ 

မေလ ၁၅ ရက်။ ဟားခါး-ရန်ကုန် ခရီးသည်တင် ယာဉ်လိုင်းများအနေဖြင့် လမ်းမှာရက်ကြန့်ကြာမှုများ ရှိသော်လည်း ယခုကာလ အတွင်း ပုံမှန် ပြေးဆွဲကြောင်း၊ယာဉ်လိုင်း တစ်ခုရဲ့ တာဝန်ရှိသူမှ Chin World Media ကို ပြောပါတယ်။   “ဒီနှစ် အတွင်းမှာတော့ ကျွန်မတို့ ဟားခါး-မန်း ကားဂိတ် အနေနဲ့ ခရီးသည်တင် မှန်လုံကားကြီးတွေကို တစ်ပတ် ၃ ကြိမ် အနည်းဆုံး ပြေးဆွဲ ပေးခဲ့ ပါတယ်။ ပုံမှန် အားဖြင့် လမ်းမှာ သုံးလေးရက် ကြာတတ်ပါတယ်။ အခုက ခရီးသည်တင် ကားသေး၊ အံစာတုံးကားတွေပါ ပြေးဆွဲမှာ ဆိုတော့ မှန်လုံကားကြီး ပြေးဆွဲမှု အကြိမ်ရေ လျော့ကျ နိုင်တယ်။ ကားသေး တွေနဲ့ ဆိုရင် ပိုမြန်လာ…

Read More