ပလက်ဝမြို့ကို ဒီကနေ့ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး၊ဒဏ်ရာရသူများစွာရှိနေ
စက်တင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဒီကနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့တဲ့အတွက်အမျိုးသမီး ၂ ဦးသေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများစွာရှိနေတယ်လို့ ပလက်ဝဒေသခံတချို့ကပြောပါတယ်။ ပလက်ဝမြို့ရှိဒေသခံများကို Chin World Media အနေဖြင့် ဒီကနေ့ ကြိမ်ဖန်များစွာဆက်သွယ်ပေမယ့် လက်ရှိအချိန်အထိ မေးမြန်းမရသေးပါ။ ပလက်ဝသတင်းတွေရေးသားဖော်ပြတဲ့ We Love Paletwah Page ရဲ့သတင်းမှာ ပလက်ဝဒေသခံတစ်ဦးက “ပစ်တာက ၃ လုံးပါ။ ၁၂ နာရီခွဲ တစ်လုံး နောက် ၅ မိနစ်လောက်မှာတစ်လုံး နောက် ၁၂ နာရီ ၄၀ မှာ တစ်လုံး လာပစ်သွားတာပါ။ အမျိုးသမီးနှစ်ယောက်…

