
မလေးရှားနိုင်ငံမှာ မနေ့က အထောက်ထားမရှိတဲ့ ချင်းလူမျိုး ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီး
မေလ ၂၃ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ မနေ့ မေလ ၂၂ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်မှာ အထောက်ထားမရှိ နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးအယောက် ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ နိုင်ငံခြားသား ၁၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး အထောက်ထားမရှိသူ ၅၉၇ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အထောက်ထားမရှိ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား ၂၂၆ ဦး၊ အင်ဒိုနီးရှား (၂၀၁) ၊ ဘင်္ဂလားဒေ့ရှ် (၇၁) ဦး၊…