
အစ္စရေးနဲ့အီရန် အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အစ္စရေး-အီရန် ၁၂ ရက်ကြာစစ်ပွဲ လို့ သမ္မတထရမ့် ခေါ်ဆို
ဇွန်လ ၂၄ ရက်။ အစ္စရေး နဲ့ အီရန်အကြား အပစ်အခတ်ရပ်စဲပြီဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းစွာ တစ်ဖက်နဲ့တစ်ဖက် လေးစားမှုဖြင့် နေထိုင်ရမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲမှု စနစ်တကျအလုပ်ဖြစ်သွားပါက “၁၂ ရက်ကြာ စစ်ပွဲ” လို့ ခေါ်ဆိုရမယ့်အရာကို အဆုံးသတ်နိုင်တဲ့ ဇွဲ၊ သတ္တိနှင့် ဉာဏ်ပညာရှိသော နိုင်ငံနှစ်ခုလုံးဖြစ်တဲ့ အစ္စရေးနဲ့ အီရန်တို့ကို ကျွန်ုပ် ဂုဏ်ပြုလိုပါတယ် လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားကြောင်း ဇွန်လ ၂၄ ရက် ဒီကနေ့ မနက်မှာ အိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။ အစ္စရေးနဲ့ အီရန်အကြား ၎င်းတို့၏ ဆက်လက်လုပ်ဆောင်နေတဲ့ နောက်ဆုံးမစ်ရှင်များကို ခြောက်နာရီအတွင်း လျှော့ချပြီးစီးတဲ့အခါ အပစ်အခတ်ရပ်စဲရေးကို ၁၂ နာရီကြာပြုလုပ်မည်ဖြစ်ပြီး ထိုအချိန်တွင် နှစ်ဖက်စစ်ပွဲပြီးဆုံးပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း နှစ်ဖက်နိုင်ငံစလုံးက လုံး၀သဘောတူညီခဲ့ပြီးဖြစ်တယ်လို့ အိမ်ဖြူတော်လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြပါတယ်။ တရားဝင်အားဖြင့်…