ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော
ဒီဇင်ဘာလ ၅ ရက်။ ချင်းအရေးကို လူမျိုးနွယ်စုအလိုက်ချည်းကပ်ဖြေရှင်းဖို့ကြိုးစားနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ Institute of Chin Affairs ( ICA)အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ Together for Humanity Friendship Dinner မိတ်ဆုံညစာစားပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ( Pu Lalduhoma) ကမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “ အဓိကအားဖြင့် ချင်းပြည်နယ်အတွင်းက ချင်းညီအစ်ကိုတွေ အချင်းအချင်း မစည်းလုံးဘူးဆိုရင် ရန်သူအတွက် အမြဲတမ်းအနိုင်ယူဖို့လွယ်ကူနေမှာ ဖြစ်တယ် ဦးဆောင်မှုပိုင်းမှာ အဓိကဖြစ်တဲ့ CC နဲ့ CB ကကျနော်ရှေ့မှာဘဲ ငြိမ်းချမ်းရေးလုပ်ပေးပြီး Chin National Council ကို…

