Headlines

ရန်ကုန်မြို့မှာ အိမ်မှာ ရိုက်နှက်လုယက်ခံရတဲ့ ဓမ္မအမှုတော်ဆောင်ဆရာမ မှ ကျူးလွန်သူကို ကျေအေးပေး

ဒီဇင်ဘာလ ၉ ရက်။ ရန်ကုန်မြို့မှာ နေအိမ်မှာ တစ်ဦးတည်းနေစဉ် အိမ် အတွင်း ရိုက်နှက် လုယှက်ခံရတဲ့ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ၁ ဦး ဖြစ်တဲ့ ဆရာမ ညောင်ဒိတ်လျန်း (ခ) ညောင်နူးမှ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျူးလွန်သူ ဒေါ်မိငယ် (ခေါ်) နော်မေလွှမ်း အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) တရားရုံးမှာ အမှုကို ကျေအေး ပေးလိုက်ကြောင်း အမှုလိုက်ပေးသူ အထက်တန်း ရှေ့နေ ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူးထံမှ သိရှိရ ပါတယ်။ “အမှုက ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church မှာ ဖြစ်ခဲ့တာ ပါ။ တရားလို လုပ်ပေးတာက ဦးပေါင်ကိမ်းတွောင်…

Read More

ဖလမ်းမြို့နယ်ကစစ်ဘေးရှောင်တွေနဲ့ ကလေးမြို့ခံတွေ အတူတကွ မိတ်သဟာယဖွဲ့ပြီး ညစာစားပွဲပြုလုပ်

ဒီဇင်ဘာလ ၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကနေ ကလေးမြို့ကို စစ်ဘေးရှောင်လာရောက်နေထိုင်ကြတဲ့သူတွေနဲ့ ကလေးမြို့နေထိုင်သူတွေ အတူတကွ မိတ်သဟာယဖွဲ့ပြီး ညစာအတူစားတာတွေကို ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ပွဲမှာပါဝင်သူတစ်ဦးကပြောပါတယ်။ ပွဲမှာပါဝင်ခဲ့သူတစ်ဦးက “ မနှစ်ကစလို့ ဒီကို တောင်ပေါ်ဒေသ အဓိကတော့ ဖလမ်းဘက်ကနေ စစ်ဘေးရှောင်လာနေကြတဲ့ ညီအစ်အကိုမောင်နှမတွေနဲ့ မိတ်သဟာယ ဖွဲ့တဲ့သဘောဖြစ်တယ် ချင်းသီချင်းတွေ၊ ချင်းအကလေးတွေ ဖျော်ဖြေရေးအစီစဉ်နဲနဲလုပ်တယ် နောက်ပြီး ညစာအတူစားကြတယ် အဲလောက်ပါပဲ အဓိကတော့ အခြေအနေအမျိုးမျိုးကြောင့် စိတ်သောက ဖြစ်ကြပေမယ့် အတူတကွပျော်ပွဲလေး အကျဉ်းခြုံးနဲ့ ကျင်းပကြတဲ့ သဘောပေါ့” လို့ပြောပါတယ်။ ချင်းတောင်ဘက်ကနေ စစ်ဘေးရှောင်လာကြသူတွေနဲ့ ကလေးမြို့ခံတွေ အတူတကွ မိတ်သဟာယဖွဲ့ အခန်းအနားကို ဖလမ်းမြို့ပေါ်ကနေ စစ်ဘေးရှောင်လာကြသူတွေ ရွာတွေဘက်ကနေ…

Read More

မကွေး – စစ်ကိုင်း- ချင်းနယ်စပ် စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်နေတဲ့ MRO / CDF– Matupi တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊၁ ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၉ ရက်။ မကွေး – စစ်ကိုင်း- ချင်းပြည်နယ် နယ်စပ်တွေမှာ စစစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်နေကြတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (MRO / CDF – Matupi ) တပ်ဖွဲ့ ဘက်က တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ရပြီလို့ MRO / CDF – Matupi တပ်ဖွဲ့ အတွင်းရေးမှူး ကိုဘွေအုပ်က Chin World မီဒီယာကို ပြောပါတယ်။ MRO / CDF – Matupi တပ်ဖွဲ့ အတွင်းရေးမှူး ကိုဘွေအုပ်က “လက်ရှိ MRO / CDF – Matupi တပ်ဖွဲ့ အနေနဲ့…

Read More

ရန်ကုန်မြို့မှာ ချင်းလူငယ် ဓမ္မအမှုတော်ဆောင်ဆရာ ၁ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံရ

ဒီဇင်ဘာလ ၈ ရက်။ ရန်ကုန်မြို့မှာ တပတ်ကျော်ကြာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ Pau Muan Lian ဟာ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ မိသားစုနဲ့ အဆက်အသွယ် ရရှိပြီး စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ရောက်ရန် စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ မိသားစုဝင်များရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။ “သားက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မြို့ထဲကနေ တောင်ဒဂုံကို ပြန်လာခဲ့တယ်။ ပန်းဆိုးတန်းကနေ ကားပေါ် ရောက်ပြီ လို့ ကျွန်ုပ်ကို ဖုန်းပြောလိုက်တယ်။ အဲဒီ နောက်ပိုင်း…

Read More

NUG အစိုးရအဖွဲ့သစ်ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ CRPH ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ ဝန်ကြီးဌာန စုစုပေါင်း ၄ ခုမပါဝင်တော့ဘဲ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အဖွဲ့ကို လူဟောင်းအများစုနဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရအဖွဲ့မှာ NUG ကနေ နုတ်ထွက်သွားပြီဖြစ်တဲ့ ဒေါက်တာဆာဆာ ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန စုစုပေါင်း ဌာန ၄ ခု မပါဝင်တော့တာတွေ့ရပါတယ်။ NUG အစိုးရအဖွဲ့သစ်မှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့် တို့ကအရင်တိုင်းဖြစ်သလို ယာယီသမ္မတ အနေဖြင့် ဒူဝါလရှီးလ…

Read More

ချင်းလူငယ် ဖိုက်တာ Joshua Van ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် ၊ လာစ်ဗီးဂတ်မြို့မှာ မနေ့ ဒီဇင်ဘာလ (၇) ရက်နေ့မှာ ကျင်းပခဲ့တဲ့ UFC ဖလိုက်ဝိတ်တန်း ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနွယ်ဖွား ချင်းလူငယ် ဖိုက်တာ Joshua Van က ပြိုင်ဘက်ကို အနိုင်ယူပြီး UFC ဖလိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့တဲ့အပေါ် ချင်းအမျိုးသားတပ်ဦး(CNF) အနေနဲ့ အထူးဝမ်းမြောက်တယ်လို့ CNF က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူငယ် ဖိုက်တာ Joshua Van ဟာ UFC လောကမှာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်တဲ့အပြင် အာရှတိုက်တစ်ခုလုံးရဲ့ ပထမဆုံး အမျိုးသားချန်ပီယံအဖြစ် အလှဆုံးသမိုင်းစာမျက်နှာသစ် ဖန်းတီးသူဖြစ်ကြောင်းနဲ့ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ၊…

Read More

ကလေးမြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ စစ်ကော်မရှင်ထုတ်ပြန်

ဒီဇင်ဘာလ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်ဘက်ပိုင်း ချင်းလူမျိုးအများစုနေထိုင်တဲ့ ရပ်ကွက် (၇) ရပ်ကွက်မှာတော့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေ မရှိတာကြောင့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာလ ၅ ရက်နေ့ က ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ ကလေးမြို့မှာ တာဟန်းရပ်ကွက်၊ စမ်းမြို့ရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ လှိုင်သာယာရပ်ကွက် နဲ့ မြို့လှရပ်ကွက်တွေမှာ ရွးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိတာကြောင့်လို့ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်ဘက်က အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ အပိုင်း…

Read More

ချင်းဖိုက်တာ ဟာလိန်းအွမ်(ခ) အောက်ချင်းလေးနဲ့ ထိုင်းဖိုက်တာတို့ ဒီဇင်ဘာ ၁၂ ရက်မှာ ထိုးသတ်မယ်

ဒီဇင်ဘာလ ၆ ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားကွင်းမှာ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ONE Championship Friday Fight 136 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ထိုင်းဖိုက်တာတို့ ထိုးသတ်သွားမှာဖြစ်လို့ သိရပါတယ်။ ONE Friday Fight 136 ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး က ထိုင်းဖိုက်တာ CHATPICHIT နဲ့ မွေထိုင်း Atomweight တွင် ပွဲစဉ် ၉ အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာလည်းဖြစ်ပါတယ်။ ချင်းတိုင်းရင်းသားဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး နဲ့ ယှဉ်ပြိုင်ထိုးမယ့် ထိုင်းဖိုက်တာ ချတ်ပစ်ချစ်ဟာ ONE Firday Fight…

Read More

၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်

ဒီဇင်ဘာလ ၆ ရက်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၄ ခု နှင့် ရပ်ကွက် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိတဲ့ အတွက် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း၊ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၆၈ ရွာ ရှိပြီး ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု…

Read More

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု ချင်းအမျိုးသား ၁ ဦး ရရှိ

ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် ရှိ Governor of Victoria နှင့် Victorian Multicultural Commission တို့မှ ကြီးမှူး ကျင်းပ ပေးအပ်ခဲ့သော ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု (Victorian Multicultural Awards for Excellence) ချီးမြှင့်ပွဲမှာ ချင်းအမျိုးသား တစ်ဦးမှ ဆုရရှိခဲ့ကြောင်း Victorian Multicultural Commission ရဲ့ website ပါ ဖော်ပြချက် အရ သိရှိရ ပါတယ်။ Website ပါ ဖော်ပြချက်များ အရ ဆုရတဲ့ ချင်းအမျိုးသားဟာ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသူSalai Peter…

Read More