မလေးရှားနိုင်ငံမှာ အသက် ၃၅ နှစ်ခန့် ခူမီးချင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံး
သြဂုတ်လ ၂၈ ရက်။ မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Bentong မြို့နယ်မှာ ပလက်၀ဇာတိအသက် ၃၅ နှစ်ခန့် ခူမီးချင်းအမျိုးသားတစ်ဦး သြဂုတ်လ ၂၄ ရက်နေ့က ရေနစ်သေဆုံးခဲ့ပြီး သေဆုံးသူ၏ နီးစပ်သူတွေ အနေနဲ့ ဒီကနေ့သြဂုတ်လ ၂၈ ရက်မှ သိရတယ်လို့ မလေးရှားနိုင်ငံရောက် ခူမီးချင်းအမျိုးသားတစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံရောက် ခူမီးချင်းအမျိုးသားတစ်ဦးက “ သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်အထိ သူ့မိတ်တွေနဲ့ ဖုန်းအဆက်သွယ်ရသေးမယ့် ညနေလောက်မှာ အဆက်သွယ်မရတော့လို့ အဲဒီနေ့မှာ သေဆုံးတာဖြစ်နိုင်တယ်လို့ ခန့်မှန်းတာပေါ့ သူအလုပ်လုပ်နေတာက ဒူးရင်းခြံမှာ အလုပ်လုပ်နေတာဖြစ်တယ် သူတို့ခြံသူဌေးက ရှာမတွေ့လို့ ရဲတွေနဲ့ ရှာပြီးမှ ဒူးရင်းခြံအနားက ချောင်းမှာ ရေနစ်သေဆုံးတဲ့ သူအလောင်းကိုတွေ့ကြတာပေါ့ နောက်ပြီး သူတို့စစ်ဆေးတွေ့ရှိချက်အရ သေဆုံးသူက ရေချိုးရင်း ဝက်ရူးပြန်ပြီး…

