ဟားခါးမြို့နယ်မှာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တာကြောင့် လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း မလုပ်ကြဖို့ CDF-Hakha Central Council အသိပေး
ဒီဇင်ဘာလ ၂၄ ရက်။ အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပတဲ့အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေနှင့် နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ၎င်းတို့ ပိုင်ဆိုင်မှုတွေ အားလုံးကို CDF-Hakha Central Council မှ ပြည်သူပိုင် သိမ်းဆည်းကြောင်း CDF-Hakha Central Council က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပုဂ္ဂိလ်တွေနှင့် နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ဖို့ ကိုလည်း CDF-Hakha Central Council အသိပေးထားပါတယ်။ စစ်ကော်မရှင်အဖွဲ့ဟာ အပြစ်မဲ့ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ်စည်းစိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား…

