ပလက်ဝမှာ ယာယီနိုင်ငံကူးလက်မှတ် AA က ထုတ်ပေးပြီး အိန္ဒိယ – မြန်မာနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကိုထိန်းချုပ်လာ
စက်တင်ဘာလ ၃ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) က ဩဂုတ်လကစပြီး အိန္ဒိယ – မြန်မာနယ်စပ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာကနေ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကို ထိန်းချုပ်လာတယ်လို့ ပလက်ဝဒေသခံတွေကပြောပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “သြဂုတ်လကစလို့ထင်တယ် အခုလို နိုင်ငံကူးလက်မှတ်တွေလုပ်တာ အဓိက သူတို့ထိန်းချုပ်ထားတဲ့ ပလက်ဝ၊ ရခိုင်ပြည်နယ်ဘက်က လူတွေအားလုံး အိန္ဒိယနိုင်ငံ ဒီမီဇိုရမ်ပြည်နယ်ဘက်ကို သွားမယ်ဆိုရင် လုပ်ရမယ်ပေါ့ ဆေးကုသဖို့သွားရင်လည်း ပြန်လာရင် ဆေးလက်မှတ်ပြရမယ် စသဖြင့်ပေါ့ အရင်တုန်းကတော့ မရှိပေမယ့်အခုမှစတင်လုပ်တာဖြစ်တယ် သူတို့က ဒီအဝင်အထွက်တွေကို ထိန်းချုပ်ချင်လာလို့ဖြစ်မယ်” လို့ပြောပါတယ်။ အာရက္ခတပ်တော် (AA) ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ဟာ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ဘက်မှာတော့ အသုံးမဝင်ပေမယ့် မီဇိုရမ်ပြည်နယ်ဘက်ကို ဖြတ်သန်းသွားလာချင်သူတွေကို ရက်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာခွင့်ကို…

