Headlines

ကူကီး အမျိုးသမီး အသတ်ခံရမှုအပေါ်  မဏိပူရ်ပြည်နယ်ခရိုင် ၃ ခု မှာ လုပ်ငန်းများ ရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်

ဇွန်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ဒေသခံ ကူကီး/ဇို/ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းနှစ်ဖွဲ့ရဲ့တောင်းဆိုမှုအရ  ပြည်နယ်အတွင်းရှိ ခရိုင် (၃) ခုမှာ လူမှုဘ၀နေ့စဉ်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို သောကြာနေ့ကစပြီး ရပ်ဆိုင်းထားလိုက်တယ်လို့ The Mizoram Post က ဒီကနေ့ ဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ် Kangpokpi၊ Churachandpur၊ Tengnoupal နဲ့ Chandel ခရိုင်များရှိ ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ဘဏ်များနဲ့ အစိုးရရုံးများပါ ပိတ်ထားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန် ၎င်းတို့၏ယာဉ်များဖြင့်လှည့်လည် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရသော်လည်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲခြင်းမရှိဘူးလို့သိရပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က Churachandpuri ခရိုင်Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ Hoikohling သေဆုံးမှုကို ကန့်ကွက်သောအားဖြင့် Churachandpuri ခရိုင်တွင်း အဝင်အထွက်များ အကန့်အသတ်မရှိ ပိတ်ဆို့ရန် တောင်းဆိုထားသလို မျိုးနွယ်စုစည်းလုံးညီညွတ်ရေး ကော်မတီ (CoTU) ကလည်း ဆာဒါတောင်တန်းများနေထိုင်သူများ အနေနဲ့ ဇွန်လ ၂၀ ရက်၊ သောကြာနေ့ ၊ နေ့လည် ၁ နာရီမှစတင်ပြီး Kangpokpi ခရိုင်တွင်း ၂၉ နာရီကြာ ဒေသတွင်းအဝင်အထွက်များကိုပိတ်ဆို့ရန် တောင်းဆိုထားတာဖြစ်ပါတယ်။ ITLF က ဗဟိုအစိုးရကို အသက်အန္တရာယ် ကာကွယ်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သလို CoTU ကလည်း သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အရေးယူရန်၊ မျိုးနွယ်စုများ၏ အသက်အန္တရာယ်နှင့် နယ်မြေများကို ကာကွယ်ရန် ဗဟိုအစိုးရထံမှ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ကြားခံဇုန် သဘောတူညီချက်များ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် စတဲ့ အချက်များကို တောင်းဆိုခဲ့ကြပါတယ်။ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ ကူကီး-ဇိုလူမျိုးအမျိုးသမီး Hoikohling အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

Read More

စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခဲ့စဉ် စစ်ကောင်စီတပ်က ၁ ဦးသေဆုံး၊အမြောက်အများ ဒဏ်ရာရ ထွက်ပြေးခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho ထုတ်ပြန်

ဇွန်လ ၂၁ ရက်။ မကွေးတိုင်း ၊ ငဖဲမြို့နယ် နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ကာကင်းစခန်းကို မနေ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) နဲ့ လူ့ဘောင်သစ်တပ်မတော် ( NSA) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်က သေဆုံးတာ ဖမ်းမိတာတွေအပြင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ CDF – Asho က ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ငဖဲမြို့နယ် ခွန်ဇူရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့မနက်ပိုင်း ၇…

Read More

ဒုက္ခသည် အခွင့်အရေးရဖို့အတွက် အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့

ဇွန်လ ၂၁ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီ ဦးဆောင်မှုနဲ့ မနေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၊ဂျန်တားမန်းတားရပ်ကွက်မှာ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ…

Read More

မဏိပူရ်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇို လူမျိုး အမျိုးသမီးတစ်ဦးသေဆုံး

ဇွန်လ ၂၀ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇိုလူမျိုးအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့တယ်လို့ Mizoram News ကဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ဖော်ပြပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြားသေဆုံးသွားသူဟာ Langchingmanbi ရွာသူကြီးရဲ့ ဇနီးဖြစ်သူ Hoikholhing ဖြစ်ပြီး  ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ချူရာချန်ပူရ်ခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ခရိုင်တာဝန်ရှိသူတွေက တရားခံကို ဖမ်းဆီးရနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူကီးအမျိုးသမီးအဖွဲ့အစည်း (KWOHR) က “ ယခုဖြစ်စဉ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ကူကီးလူမျိုးအပေါ် တမင်ပစ်မှတ်ထားအကြမ်းဖက်မှုရဲ့ အသိပေးချက်အဖြစ်သတ်မှတ်ပြီး အဆိုပါအမျိုးသမီးကို Meitei စစ်သွေးကြွတွေက ပစ်သတ်တာ” လို့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က ယခုကဲ့သို့…

Read More

မတူပီမြို့နယ် လုံလှောရွာကို မနေ့ညက စစ်ကောင်စီမှ လေကြောင်းကနေတိုက်ခိုက်ခဲ့

ဇွန်လ ၂၀ ရက်။ စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ ချင်းပြည်နယ် ၊ မတူပီမြို့နယ် လုံလှောင်ကျေးရွာကို စစ်ကောင်စီက မနေ့ ဇွန်လ ၁၉ ရက်နေ့ည ၉ ရီကျော်လောက်မှာ လေကြောင်းကနေ အကြောင်းမဲ့ ဗုံး ၂ ကြိမ်ကြဲတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတူပီမြို့နယ် ဒေသခံတစ်ဦးက “ဗုံး ၂ ကြိမ်လာကြဲတယ် မနေ့ည ၉ နာရီကျော်လောက်မှာဖြစ်တာ ပထမ ၆ လုံးကြဲတယ် ဒုတိယ ၄ လုံး ကြဲတယ် လူနေအိမ် ထိခိုက်တာမျိုး အရပ်သားထိခိုက်တာမျိုးတော့ မရှိဘူးလို့ မြေပြင်သတင်းအရ သိရတယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မင်းတပ်၊ မတူပီ ၊ ကန်ပက်လက်မြို့နယ်တွေကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေ…

Read More

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်”( အပိုင်း- ၄ ဇာတ်သိမ်း )

By Kyaw Swa Min အစ္စရေး (၈) ဂျူးမုန်းတီးရေးဝါဒ antisemitism တယောက်ကမေးတယ်။ အာရပ်တွေတင်မက ကမ္ဘာမှာ လူတချို့ရဲ့ antisemitism ဂျူးမုန်းတီးရေးဝါဒ က ကဘယ်လို အမြစ်တွယ်လာတာလဲ တဲ့။ အလွန်ရှည်လျားပါတယ်။ တိုတိုပြောရရင်တော့ သမိုင်းတလျောက် ဘာသာတွေ ကွဲလာတာကြောင့်လို့ ပြောလို့ရတယ်။ အစ္စရေးအကြောင်းရေးရင်းအရှေ့မရောက်ပဲအနောက်ပြန်သွားရရင်၊ ခရစ်နှစ် ၁ ရာစုတုန်းက ဂျေရုဆလင်ကိုသိမ်းပိုက်ထားတဲ့ ရောမသားတွေက Mar’s တို့၊ ဂျူပီတာ တို့လို နတ်ဘုရားတွေ ကိုးကွယ်တယ်။ ခရစ်တော် ကို ကားစင်တင်သတ်တာကို သမိုင်းမှာ ဂျေရုဆလင်ရဲ့ ရောမသား အုပ်ချုပ်သူက လုပ်ခဲ့တာလို့ ဆိုကြသလို၊ ယေရှုခရစ်ကို ဘုရားလွှတ်လိုက်တဲ့ သားတော်လို့ မယုံကြတဲ့ ဂျူးတချို့ကြောင့်သေရတာလို့ ဆိုကြတယ်။ အဲ့ဒီမှာ ဂျူး သတ်တာ လိုလို၊…

Read More

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဘုံရန်သူကို ပထမဦးစားပေးတိုက်ပြီးမှ နယ်မြေဒေသ ၊ မျိုးနွယ်စုအရေးကို တော်လှန်ရေးအလွန်ကာလမှ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြဖို့ ချင်းမျိုးနွယ်စု လက်နက်ကိုင် ၁၈ ဖွဲ့က ပူးတွဲထုတ်ပြန်

ဇွန်လ ၁၉ ရက်။ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေးအတွက် ဘုံရန်သူကို ပထမဦးစားပေး တော်လှန်တိုက်ပွဲဆင်ကြရန်နှင့် ချင်းပြည်အတွင်းရှိ နယ်မြေဒေသ၊ မျိုးနွယ်စု အရေးတွေကို တော်လှန်ရေးကာလအလွန်မှာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာကြဖို့ Chinland Council အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းနွေဦးတော်လှန်ရေးမျိုးနွယ်စုလက်နက်ကိုင် ၁၈ ဖွဲ့က ပူးတွဲပြီး ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွှတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ရန်၊ မိမိတို့ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ကြရန်နဲ့ မိမိတို့ (၁၈) ဖွဲ့အနေဖြင့် ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနဲ့အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရန်လည်း အဆင်သင့်ရှိတယ်လို့ ပူးတွဲထုတ်ပြန်ထားပါတယ်။ လက်ရှိချင်းပြည်အတွင်း ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်တာ အငြင်းပွားမှုတွေကို လက်နက်ဖြင့် ဖြေရှင်းအဖြေရှာဖို့ ကြိုးပမ်းတာ လက်နက်နက်ကိုင်အဖွ့ဲအစည်းတွေနဲ့…

Read More

ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ဖြည့်စွက်ပြီး တတိယအကြိမ် ပုံနှိပ်ထုတ်ဝေကြောင်းထုတ်ပြန်

ဇွန်လ ၁၉ ရက်။ ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ဖြည့်စွက်တာတွေပြန်လုပ်ပြီး တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ ချင်းပြည် (Chinland)ကောင်စီက ဒီကနေ့ ဇွန် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည် (Chinland) ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၀ ခုနှင့် နောက်ဆက်တွဲ ၂ ခုပါရှိပြီး အခန်း ၁ မှာ အခြေခံမှုများ ၊ အခန်း (၂) ချင်းပြည် (Chinland) ဖွဲ့စည်းတည်ဆောက်ပုံ ၊ အခန်း (၃) ချင်းပြည် (Chinland)ကောင်စီ ၊ အခန်း (၄) ဥပဒေပြုရေး ၊ အခန်း (၅) အုပ်ချုပ်ရေး၊ အခန်း (၆) တရားစီရင်းရေး…

Read More

Chin Brotherhood says CC and CB have had some success in jointly resisting the military council’s advance from Kalay Myo, says

June 19. Chin Brotherhood spokesperson Salai Yaw Mang said at a press conference held by the Chin Brotherhood, a group of six Chin armed groups, on June 18 that the military council has been conducting offensives in northern Chin State, as well as in Kanpetlet and Mindat areas in southern Chin State, since late May….

Read More

ကလေးမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို CC နဲ့ CB တွဲပြီးပူးပေါင်းခုခံတာ အောင်မြင်မှုတချို့ရှိကြောင်း ချင်းညီနောင်အဖွဲ့ပြော

ဇွန်လ ၁၉ ရက်။ ကလေးမြို့ကနေ တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို CC နဲ့ CB တွဲပြီးပူးပေါင်းခုခံတာ အောင်မြင်မှုတချို့ရှိကြောင်း၊ချင်းပြည်နယ်မြောက်ပိုင်းအပြင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်ဘက်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့မေလကုန်ပိုင်းကစလို့ ထိုးစစ်ဆင်လာတယ်လို့မနေ့ဇွန်လ ၁၈ ရက်မှာ ပြုလုပ်တဲ့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာချင်းညီနောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။ “ ကလေး ဒကစ ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေလကုန်ပိုင်းလောက်မှာ စတင်ထိတွေ့မှုတွေရှိခဲ့တယ် အဲဒီမှာ ပူးပေါင်းစစ်ကြောင်းတစ်ခုအနေနဲ့ အကုန်လုံးလက်တွဲညီညီနဲ့ခုခံကာကွယ်ခဲ့တယ် အဲဒီမှာ CB ရော CC ရော အကုန်လုံးပေါ့နော် CB ၊ CC အဖွဲ့ဝင်မဟုတ်တဲ့ ေတာ်လှန်ရေးတပ်ဖွဲ့တွေရော အကုန်ပူးပေါင်းစစ်ကြောင်းနဲ့ ကာကွယ်မှုတွေတိုက်ခိုက်မှုတွေရှိခဲ့တယ် အောင်မြင်မှုတွေလည်းရှိခဲ့တယ် လက်နက်သိမ်းဆည်းရတာတွေ တချို့ရှိတယ် အလင်းဝင်လာတာတွေ ပြေးလာတာတွေရှိတယ်…

Read More