ကန်ပက်လက်မြို့နယ် နတ်မတောင်သစ်တောဧရိယာအတွင်း သစ်ခိုးထုတ်တဲ့အမှု များလာကာ တချို့နေရာ တောင်ဂတုံးဖြစ်တဲ့အထိ အခြေအနေ ဆိုးရွားလာ
ဇန်နဝါရီလ ၂ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ၊ အာဆီယံအမွအနှစ် ခေါနူးသုမ်(ဆုမ်)နတ်မတောင်သဘာဝသစ်တော ဧရိယာအတွင်း သစ်ခိုးထုတ်တဲ့ အမှုပေါင်းဟာ ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း အမှု ၁၆ မှုရှိခဲ့ပြီး အဲဒီအမှုများအတွက် အရေးယူထားတာရှိသလို သစ်တောကြိုးဝိုင်းရဲ့တချို့နေရာတွေ တောင်ဂတုံးဖြစ်လာတဲ့အထိ အခြေအနေ ဆိုးရွားလာနေတယ်လို့ ကန်ပက်လက်မြို့နယ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုးရုံး မြို့နယ်မှုခင်းတာဝန်ခံက ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူတချို့ဟာ မည်သည့် ဥပဒေမှ မရှိတော့ဘဲ လုပ်ချင်ရာလုပ်လို့ရတယ် ဆိုပြီး အချို့က ဘိုးဘွားပိုင်ကို အကြောင်းပြုကာ နတ်မတောင် သစ်တောဧရိယာ ဖြစ်သည်ကို သိထားသော်လည်း တားမြစ်သစ်တောထွက် သဘာဝသံဇာတတွေကို ခိုးယူထုတ်လုပ်ရောင်းချတာ သစ်တောကြိုးဝိုင်းအတွင်း လူနေအိမ်တွေဆောက်လုပ်တာ ဥယာဉ်ခြံမြေအဖြစ် ခုတ်ထွန်ရှင်းလင်းတာ နဲ့ ကိုယ်ကျိုးအတွက် မြေနေရာရောင်းချတာ…

