 
        
            ကလေးတောင်ပိုင်းက ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကြံသာကျေးရွာကို စစ်ကောင်စီက အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေ
စက်တင်ဘာလ ၉ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်က ကြံသာရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်၊ ပျူစောထီး အင်အား ၂၀၀ လောက်နဲ့ စက်တင်ဘာလ ၅ ရက်နေ့က ဒီကနေ့ချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက “ တိုက်ပွဲဖြစ်တာက သြဂုတ်လကတည်းက စဖြစ်တယ်ဆိုပေမယ့် အဲလောက်ကြီးမဟုတ်ဘူး ထိုးစစ်ဆင်တာမျိုးမဟုတ်ဘူးပေါ့ နားလိုက်တိုက်လိုက်နဲ့ပေါ့ ဒီလစက်တင်ဘာလ ၅ ရက်နေ့ကစလို့ က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပြောတယ် ၂ဖက်တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ သိရတယ်” လို့ပြောပါတယ်။ ကလေး – ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ…


 
                         
                         
                         
                         
                         
                         
         
         
         
         
         
         
        