Headlines

ရထားလမ်းသစ်ကြောင့် ၄ လအတွင်း မီဇိုရမ်ပြည်ဝင်ခွင့်လက်မှတ် (ILP) ၂၂,၀၀၀ ကျော် ထုတ်ပေးခဲ့ရ

ဇန်န၀ါရီလ ၁၁ ရက်။ မီဇိုရမ်ပြည်နယ်ရဲ့ Bairabi-Sairang ရထားလမ်းပိုင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း၊ Sairang ဘူတာမှာ လာရောက်လည်ပတ်သူတွေကို ထုတ်ပေးခဲ့ရတဲ့မီဇိုရမ်ပြည်၀င်ခွင့်လက်မှတ် Inner Line Permits (ILP) ပေါင်း ၂၂,၀၀၀ ကျော် ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း Mizoram News သတင်းမှာဖော်ပြပါတယ်။ ILP ဟာ မီဇိုရမ်ပြည်လို လူနည်းစုတိုင်းရင်းသားပြည်နယ်များကို အကာအကွယ်ပေးထားတဲ့ပြဋ္ဌာန်းချက်ဖြစ်ကာILP လက်မှတ်ဟာ အဆိုပါဒေသတွေကို ဝင်ရောက်မယ့် အိန္ဒိယနိုင်ငံသားတွေအတွက် ထုတ်ပေးတဲ့ တရားဝင် ခရီးသွားခွင့် လက်မှတ်တစ်ခုဖြစ်ပြီး ယခုလိုဆောင်ရွက်တာဟာ ၁၈၇၅ ခုနှစ်၊ ဗြိတိသျှအစိုးရက ထုတ်ပြန်ခဲ့တဲ့ ၁၈၇၃ ခုနှစ် ဘင်္ဂလားအရှေ့ပိုင်း နယ်စပ်စည်းမျဉ်း (BEFR) ရဲ့ ပြဋ္ဌာန်းချက်တစ်ခု ဖြစ်ပါတယ်။ Sairang ဘူတာရှိ ILP ကောင်တာမှာရှိတဲ့ ရဲအရာရှိတစ်ဦးရဲ့ ပြောပြချက်အရ ရထားလမ်းစဖွင့်ခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ပြီးခဲ့တဲ့နှစ်ကုန်အထိ ခရီးသွားတွေ၊ ကုန်သည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား…

Read More

အတင်းပုံဖော်ထားသော ကိုယ်စားပြုမှုအကျပ်အတည်းနှင့် ၂၀၂၅ ချင်းပြည်နယ် ရွေးကောက်ပွဲရလဒ်

(Special Analysis Report on 2025 Chin State Election) ရေးသားသူ – DonBosco မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပခဲ့သော ၂၀၂၅ ရွေးကောက်ပွဲသည် ချင်းပြည်နယ်အတွက် အကြီးမားဆုံးသော တရားဝင်မှု၊ကိုယ်စားပြုမှုအကျပ်အတည်း (Legitimacy Crisis) ကို ဖြစ်ပေါ်စေခဲ့ပါသည် ။ ချင်းပြည်နယ်၏ ၉ မြို့နယ်အနက် ၇ မြို့နယ်တွင် ရွေးကောက်ပွဲ လုံးဝကျင်းပနိုင်ခြင်းမရှိဘဲ စစ်ကော်မရှင် ထိန်းချုပ်ထားသော ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့တို့တွင်သာ ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ချင်းပြည်နယ် ရှိ စစ်တပ်မှ ထိန်းချုပ်ထားသည့် ဟားခါး…

Read More

ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်းစိတ်ဝမ်းကွဲတာမဖြစ်ဖို့အတွက် လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်လို့ သိရ

ဇန်နဝါရီလ ၉ ရက်။ ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေအတွင်းက နေရာ (၈) နေရာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၊ ဒီဇင်ဘာလ တွေမှာ တော်လှန်ရေးကာလ ၊ ကြားကာလမှာ စိတ်ဝမ်းကွဲတာ၊တော်လှန်ရေးနှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့ ပလက်ဝကောင်စီ အတွင်းရေးမှူး ဆလိုင်းအောင်လင်းနဲ့ဆမီးဒေသအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းပြီး မြေပြင်လူထုတွေ့ဆုံပွဲတွေပြုလုပ်ခဲ့တယ်လို့ ပလက်ဝကောင်စီ က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ တော်လှန်ရေးကာလ၊ ကြားကာလတွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ် တစ်မြို့နယ်အတွင်းမှာ အာရက္ခတပ်တော်(ULA / AA)အပါအဝင် ချင်းလက်နက်ကိုင် တော်လှန်ရေး ၄ ဖွဲ့က စစ်ရေး၊ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပြီး ဒီလိုအခင်းအကျင်း စိန်ခေါ်မှုတွေက စိတ်ဝမ်းကွဲစေတာမျိုး မဖြစ်စေဖို့နဲ့ တော်လှန်ရေးကို နှောင့်နှေးစေတဲ့ အခင်းအကျင်းမဖြစ်စေဖို့တို့ကို အဓိကထားပြီး ပလက်ဝကောင်စီ ထိန်းချုပ်နယ်မြေမှာ ပြည်သူလူထုနဲ့…

Read More

လွှတ်တော်အမတ် အယ်လ်မန်တလင်း (၁၉၃၀-၂၀၀၀)

မှတ်တမ်းစုဆောင်းသူ – Lindy Meipaw Khithie ဦးမန်တလင်းသည် “နိုင်ငံရေးကို ကျွန်တော် သင်ယူခဲ့သည်မဟုတ်၊ မွေးရာပါဖြစ်သည်”ဟု ပြောကြားခဲ့သူ၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာလူမျိုးနွယ်စုများထဲမှ ပထမဦးဆုံးသော ပါလီမန်အမတ်နှင့် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဦးမန်တလင်းသည် ၁၉၃၀ ခုနှစ်၊ ဇွန်လ ၁ရက်နေ့တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခိလှို (ဆဘောင်းပီ၏ မူလမူရင်းရွာနာမည်သည် ခိလှိုဖြစ်သည်။) ကျေးရွာ၌ အဘဦးတယ်မား၊ အမိဒေါ် လိုင်တို့မှ ဖွားမြင်ခဲ့ပါသည်။ မွေးချင်း(၈) ယောက်အနက် ခြောက်ဦးမှာ ကွယ်လွန်သွားကြပြီး၊ သူ့အစ်မ တစ်ဦးနှင့် ဦး မန်တလင်းတို့ နှစ်ဦးသာအသက်ရှင် ကျန်ရစ်ခဲ့ကြသည်။ သူသည် သေလွန်ပြီး သောသူ၏ အစ်ကို အစ်မများကဲ့သို့မသေပဲ အသက်ရှင်စေချင်၍ သူအားနတ်ဆိုးများက ရွံ့ရှာဖယ်ခွာပြီးမထိ ခိုက် စေရန် မွေးမွေးချင်းသူ့ကို…

Read More

ကလေး – ဝေဘူလ – ဖလမ်း ကားလမ်း ကို ပြုပြင်ဖောက်လုပ်ခဲ့ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၇ ရက်။ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို Institute of Chin Affairs ( ICA) ရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် CNO ဒေသခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လမ်းပြုပြင်ဖောက်လုပ်မှုတွေပြုလုပ်ခဲ့ကြောင်း ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ဖို့ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို ပြုပြင် ဖောက်လုပ်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ…

Read More

အိန္ဒိယကို သီချင်းနဲ့စည်းလုံးအောင် လုပ်နိုင်ခဲ့တဲ့ မီဇိုရမ်ပြည်က အသံရှင်လေး Esther Hnamte

တစ်ချိန်မှာ လူသန်းပေါင်းများစွာကို စည်းလုံးစေမယ့် အသံလေးတစ်ခုဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က အိမ်လေးတစ်လုံးထဲမှာ စတင်ခဲ့တာပါ။ ဒါဟာ သေးငယ်ပြီး နုနယ်တဲ့အရာလေးတစ်ခုကနေနိုင်ငံအဆင့်အထိ ဘယ်လိုတောက်ပလာသလဲဆိုတဲ့ အသက် ၉ နှစ်အရွယ် Esther Hnamte ရဲ့ စိတ်လှုပ်ရှားစရာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံသမ္မတကြီး ဒရော့ပါဒီ မူရ်မူ (Droupadi Murmu) ဆီကနေ ကလေးများအတွက် အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု (Pradhan Mantri Rashtriya Bal Puraskar) ကို တည်တည်ငြိမ်ငြိမ်နဲ့ တက်ယူနေတဲ့ အသက် ၉ နှစ်အရွယ်မိန်းကလေးကို မြင်ရတဲ့သူတွေဟာ ဒီကလေးမလေးရဲ့ ငယ်ဘဝကို သိရင် အံ့ဩကြမှာပါ။ Esther Lalduhawmi Hnamte @ Esther…

Read More

အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ စာရင်း ထုတ်ပြန်

ဇန်နဝါရီလ ၅ ရက်။ ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နေရာမှာ ချင်းပြည်နယ်မှ အနိုင်ရရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ယောက် နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်စာရင်းကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာပါတယ်။ အမျိုးသားလွှတ်တော်နေရာမှာ ချင်းပြည်နယ်ကိုယ်စားပြုပြီး အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၂ ယောက်ဖြစ်ကာ ပြည်သူ့လွှတ်တော်နေရာမှာ ဟားခါးနဲ့တီးတိန်မြို့နယ်က အနိုင်ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း ၂ ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ရွေးကောက်ပွဲ အပိုင်း…

Read More

မတူပီမြို့နယ်အုပ်ချုပ်ရေးကို မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်သွားမှာဖြစ်တယ်လို့ထုတ်ပြန်

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပြည်သူ့ရေးရာ လုပ်ငန်းတွေကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်သွားမယ်လို့ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလ ၃၀ – ၃၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး အဲဒီညီလာခံကို ကျေးရွာ၊ ရပ်ကွက်၊ တိုက်နယ် အုပ်ချုပ်ရေးအဆင့်ဆင့် တာဝန်ရှိသူတွေ နဲ့ မြို့နယ်အတွင်း လည်ပတ်နေတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ ၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် ( MRO )/ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ( CDF – Matupi) အကြီးအကဲတွေနဲ့ လူမှုရေး ၊ ဘာသာရေး ခေါင်းဆောင်တွေ လူဦးရေ စုစုပေါင်း ၁၀၀…

Read More

ဖလမ်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဘက်က စစ်သုံ့ပန်းတချို့ဖမ်းဆီးရမိ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တချို့ကျဆုံး

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့အကြား ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့မှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဖွဲ့ စစ်သုံ့ပန်းတချို့နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိသလို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးတဲ့ရဲဘော်တွေလည်း ရှိတယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားကွယ်ရေးတပ်ဖွဲ့ ( CNO/ CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ CNO/ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ဒီနေ့လည်း တိုက်ပွဲတော်တော်ပြင်းထန်နေပါတယ် ကျနော်တို့ဘက်က ကျတဲ့ရဲဘော်လည်းရှိတယ် နောက်ပြီး စစ်သုံ့ပန်းဖမ်းဆီးရမိတာတွေရော လက်နက်သိမ်းဆည်းရမိတာတွေလည်းရှိတယ် စစ်သုံ့ပန်း ဘယ်နှယောက် ဖမ်းဆီးရမိတယ် လက်နက်ဘယ်လောက် သိမ်းဆည်းရမိလဲဆိုတာတော့ ကျနော်တို့ အတည်ပြုလို့မရသေးပါဘူး ဒီနေ့ဟာတော့” လို့ပြောပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့ ၃…

Read More

ဟားခါးမြို့နယ်အတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိ ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ဇန်နဝါရီလ ၅ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Halta ရွာနဲ့ Haiphai ကျေးရွာတွေကိုစစ်ကော်မရှင်တပ်က မနေ့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစုဝင် သားအမိ ၃ ဦးသေဆုံးပြီး ဖခင်ဖြစ်သူ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် Halta ကျေးရွာက ဒေသခံမိသားစု တစ်စုဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးနဲ့ မိခင် အသက် ၄၀ ကျော်အရွယ်ဟာ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူဟာ ဗုံးစစိုက်ဝင်လို့ အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလို စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ်က Halta ရွာနဲ့ Haiphai ကျေးရွာကနေ အရပ်သားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း…

Read More