ICNCC နဲ့ Chinland Council ကို ဒေါ်လာ ၁ သိန်း စီ NUG က ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်လို့ သိရ
ဇန်န၀ါရီလ ၂၀ ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) နဲ့ Chinland Council (CC) တို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က အမေရိကန်ဒေါ်လာ ၁ သိန်းစီ ရန်ပုံငွေ ခွဲဝေပေး ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) က ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေ မျှဝေပေးခြင်းကို အွန်လိုင်းကနေတဆင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကထုတ်ပြန်ပါတယ်။ အဲဒီရန်ပုံငွေမျှဝေးပေးအပ်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင််သန်းနဲ့ ဝန်ကြီးတွေ အပါအဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ Chinland Council (CC) က တာဝန်ရှိသူတွေလည်း…

