အမေရိကန်နိုင်ငံမှာ အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ဖြစ်သွားတဲ့မြန်မာတွေ ပြည်နှင်ခံရနိုင်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတိပေး
ဖေဖော်ဝါရီလ ၆ ရက်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီး အကြောင်းကြောင်းကြောင့် အထောက်အထားမဲ့ဖြစ်သွားတဲ့မြန်မာတွေအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရပြီး ပြည်နှင်ခံရနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီးနေထိုင်ခွင့် အထောက်အထားမဲ့ ဒါမှမဟုတ် တရားမဝင်ရောက်နေသူဖြစ်တယ်ဆိုရင် ပြည်နှင်ချိန်မှ ထွက်ခွာတာထက် ကြိုတင် ထွက်ခွာဖို့၊ အထောက်အထားမဲ့နေတယ်ဆိုလည်း ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်တယ်လို့ မြန်မာသံရုံးကထုတ်ပြန်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ဟာ ပြည်တွင်းမှာ တရားမဝင်နေထိုင်သူတွေအရေးဖြေရှင်းတာနဲ့ တရားမဝင်နေထိုင်သူတွေကို သက်နိုင်ရာနိုင်ငံတွေကို ပြန်ပို့တာတွေလုပ်နေချိန်မှာပဲ ဝါရှင်တန်မှာရှိတဲ့မြန်မာသံရုံးက အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ UNHRC ခေါ် United Nations Human…

