ဟားခါးမြို့မှာ စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားပြင်ဆင်မှုကြည့်ရူ့စစ်ဆေး
ဖေဖော်ဝါရီလ ၁၄ ရက်။ ချင်းပြည်နယ်၊ဟားခါးမြို့မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် (၇၇)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို ယမန်နေ့ ဖေ ဖော်ဝါရီလ ၁၃ ရက် နေ့ နံနက် (၉) နာရီခွဲက စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့မှာ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ စစ်ကောင်စီခေါင်း ဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တကြိမ်မှာ လာရောက်တက် ရောက်ခဲ့ခြင်းမရှိသေးကြောင်း သိရပါတယ်။ ယခုနှစ် ၂၀၂၅ ဖေ ဖော်ဝါရီ ၂၀ ရက် ဟားခါးမြို့မှာ ကျင်းပမယ့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်စား တခြားစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တချို့သာ လာ ရောက်ဖွယ်ရှိ ကြောင်း ဟားခါးမြို့ ဒေသခံ၁ဦးဆီကသိရပါတယ်။…

