
အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) ကထုတ်ပြန်
အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ၂ ပတ်အကြာ ကောက်ယူတဲ့ ချင်းလူထု သဘောထား စစ်တမ်းနဲ့ ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ မှာ CCM ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရှိရပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF )ဦးဆောင်တဲ့ Chinland Council အင်အားစုနဲ့ ချင်းညီနောင်အဖွဲ့ အချင်းချင်းကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM)က စစ်တမ်းကောက်ယူခဲ့ပြီး ချင်းလူမျိုးနွယ်စု ၃၅ မျိုးနွယ်စုပါဝင်တဲ့ လူဦးရေ ၁၀၁၀ ဦးက စစ်တမ်းဖြေဆိုထားပါတယ်။ Chin Civic…