ယခုရက်ပိုင်းအတွင်းလေကြောင်းတိုက်ခိုက်တာခံရလို့လူသေဆုံးမှုတွေရှိတဲ့ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ဗုံးခိုကျင်းတွေတူးဖော်ပေးနေ
ဖေဖော်ဝါရီလ ၃ ရက်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိိုက်တာခံရလို့လူသေဆုံးမှုတွေရှိနေတဲ့စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် မြို့နယ်လူသားစာနာအဖွဲ့က ဗုံးခိုကျင်းတွေ တူးဖော်ပေးနေတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ လူသားစာနာအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် လေကြောင်းရန် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကို မြို့နယ် လူသားစာနာက စက်ယန္တရားတွေ အသုံးပြုပြီး ဗုံးခိုကျင်းတွေ တူးဖော်ပေးတာလည်းဖြစ်ပါတယ်။ ကလေးမြို့နယ်၊ ကုက္ကိုင်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့လို့ စစ်ဘေးရှောင်ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးခဲ့ရပြီး အယောက် ၃၀ ခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်ကလည်း ကလေးမြို့တောင်ပိုင်း တင်သားကျေးရွာနဲ့ ဒိုးနွယ်ရွာတွေကို…

