ကလေးမြို့မှ ချင်းတောင်သို့ ဆန်အိတ်များ သယ်ဆောင်ခွင့် ပိတ်ပင်မှု ၃ လကျော်လာပြီ ဖြစ်သော်လည်း ဖြေလျော့ခြင်း မရှိသေးကြောင်းသိရ
ဒီဇင်ဘာလ ၁၁ ရက်။ ကလေးမြို့မှ ချင်းတောင်သို့ ဆန်အိတ်များ အိတ်အလိုက်သယ်ဆောင်ခွင့်ကို ဩဂုတ်လ ကစပြီး စစ်ကောင်စီတပ်ဂိတ်မှ ပိတ်ပင်ခဲ့တာ ၃ လကျော်လာပြီ ဖြစ်သော်လည်း လက်ရှိ အချိန်အထိ အပြည့်အဝ ဖြေလျော့ ပေးခြင်း မရှိသေးကြောင်း ကလေးမြို့ ဒေသခံတွေ ဆီမှ သိရှိရပါတယ်။ “ဆန်အိတ်တွေ သယ်ယူခွင့် ပြုလိုက် ပါပြီ ဆိုတဲ့ အမိန့် ကြေငြာချက်မျိုး အခုထိ မရှိသေးဘူး။ ဒါပေမယ့် အရင်လို တင်းတင်းကြပ်ကြပ် တားမြစ်တာမျိုး တော့ မလုပ်တော့ဘူး” လို့ ကလေးမြို့မှ ယာဉ်မောင်းတစ်ဦးက Chin World ကို ပြောပြပါတယ်။ “ဆန်အိတ်မိရင် ကားပေါ်ကနေ ပြန်ချခိုင်း တာမျိုး ရှိတတ်တယ်။ တခါတလေဆို မြို့ထဲကို ပြန်ပို့ ခိုင်း…

