ချင်းပြည်နယ်၊ပလက်ဝမြို့ပြည်သူ့ဆေးရုံသုံးပစ္စည်းတွေအပါအဝင် ဌာနဆိုင်ရာရုံးပစ္စည်းတွေကို AA က ရခိုင်ဘက်ကို ရွှေ့ပြောင်းသယ်တာတွေ လုပ်နေတယ်လို့ သိရ
ဖေဖော်ဝါရီလ ၂၇ ရက် ။ အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အဦးတချို့ကို ရှင်းလင်းဖျက်ဆီးတာတွေ လုပ်သလို ပလက်ဝမြို့ပြည်သူ့ဆေးရုံကပစ္စည်းတွေ အပါအဝင် ဌာနဆိုင်ရာရုံးတွေက ပစ္စည်းတွေ အားလုံးနီးကိုလည်း ရခိုင်ပြည်နယ်ဘက်ကို စက်လှေတွေနဲ့ အခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းသယ်ဆောင်တာတွေ လုပ်တဲ့အကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “အခုရက်ပိုင်းအတွင်း စက်လှေနဲ့ ရခိုင်ဘက်ကို သယ်သွားကြတယ် ဌာနဆိုင်ရာက အရေးကြီးပစ္စည်းတွေ အားလုံးကို ဆေးရုံပစ္စည်းတွေဆို အကုန်သယ်သွားကြတယ်လို့ သိရတယ် တချို့ဒီဆောက်လုပ်ရေး ဌာန အဆောက်ဦးတွေဆို ဖျက်ဆီးတယ်လို့ သိရတယ်။ ဒါကတော့ မဖြစ်သင့်ဘူးလေ အစိုးရပိုင်ဆိုပေမယ့် ပြည်သူပိုင်ပစ္စည်းတွေပါ အခုလို ဒေသခံပြည်သူတစ်စုံတစ်ရာမပါဘဲ လုပ်တာဟာ မဖြစ်သင့်ဘူး တချို့ဆေးရုံဆေးခန်းတွေက ပစ္စည်းတွေဆို ပလက်ဝမြို့နယ်မှာလည်း လိုအပ်တယ်လေ” လို့ပြောပါတယ်။ အခုလို အာရက္ခတပ်တော်…

