မီဇိုရမ်ပြည်မှာတရား၀င်အလုပ်လုပ်ခွင့်အပါအ၀င်အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဥပဒေကြမ်း မီဇိုရမ်ပြည်နယ်လွှတ်တော်မှာမတ်လ ၆ ရက် ဆွေးနွေးမယ်
မတ်လ ၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို နိုင်ငံရပ်ခြားကနေ ရောက်ရှိနေထိုင်လာတဲ့ လူငယ်များ မီဇိုရမ်ပြည်နယ်အတွင်း တရားဝင်အလုပ်လုပ်နိုင်ခွင့်၊မီဇိုလူငယ်များကို ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းအတွက် နိုင်ငံခြားသို့စေလွှတ်ရာမှာ ဥပဒေနဲ့အညီ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ထိန်းညှိပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို ဒီကနေ့ မတ်လ ၃ ရက်မှာ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်သွင်းလိုက်ပြီဖြစ်ပြီး (၆) ရက်နေ့မှာ စတင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အလုပ်အကိုင်၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့စွန့်ဦးတီထွင်ရေးဆိုင်ရာဝန်ကြီး Lalnginglova Hmar က ၂၀၂၅ ခုနှစ် မီဇိုရမ်ပုဂ္ဂလိကလုပ်ငန်း နေရာချထားရေးအေဂျင်စီများဆိုင်ရာ နည်းဥပဒေကြမ်း ကို လွှတ်တော်မှာတင်သွင်းလိုက်တာဖြစ်တယ်လို့ Northeast Today မီဒီယာမှာဖော်ပြပါတယ်။ အဆိုပါဥပဒေကြမ်းတင်သွင်းရခြင်းရရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ ပြည်တွင်းအပါအဝင် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများအတွက် လွယ်ကူချောမွေ့စေရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဥပဒေကြမ်းအရ ပုဂ္ဂလိကအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေနဲ့ မီဇိုရမ်ပြည်နယ်ပြင်ပသို့ အလုပ်လုပ်ကိုင်လိုတဲ့လူငယ်များကို မစေလွှတ်မီ ပြည်နယ်အစိုးရဆီ အရင်ဆုံးမှတ်ပုံတင်ပြီး အလုပ်သမားလိုင်စင်ရယူရမယ်ဆိုတဲ့…

