Headlines

မဏိပူရ်၊ မီဇိုရမ်နဲ့ နာဂလန်းပြည်နယ်များတွင် နိုင်ငံခြားသားများဝင်ရောက်ခွင့်ကိုပြန်လည်ထိန်းချုပ်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ မဏိပူရ်၊ မီဇိုရမ် နဲ့ နာဂလန်း ပြည်နယ်များသို့နိုင်ငံခြားသားများ ဝင်ရောက်သွားလာခွင့်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကန့်သတ်ချက်များအတွက် (Protect AreaRegime – PAR) ကို အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကပြန်လည်ပြဌာန်းလိုက်ပါတယ်။ ဒါကြောင့် အဆိုပါပြည်နယ်သုံးခုကို သွားရောက်လိုတဲ့နိုင်ငံခြားသားများအနေနဲ့ ကြိုတင်ခွင့်ပြုချက်များနဲ့ အထူးခွင့်ပြုမိန့်များဖြင့်သာသွားရောက်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။ မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် နဲ့ မီဇိုရမ်ပြည်နယ်တို့မှာ နိုင်ငံခြားသားများရွှေ့ပြောင်းနေထိုင်မှုကို စောင့်ကြည့်ရန် အစီအစဉ်ဖြစ်တဲ့ “အိမ်နီးချင်း နိုင်ငံများမှဝင်ရောက်လာမှုကြောင့် လုံခြုံရေး စိုးရိမ်စရာများ” ဆိုတဲ့ခေါင်းစဉ်နဲ့ညွှန်ကြားချက်ကိုအိန္ဒိယနိုင်ငံဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့ခြင်းဖြစ်ကြောင်းဒီဇင်ဘာလ (၁၈)ရက်နေ့က မဏိပူရ်ပြည်နယ်အစိုးရ ပြောကြားလိုက်တာဖြစ်ပါတယ်။ ထိုသို့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပြည်နယ်သုံးခုကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသားများအနေနဲ့ အစိုးရဆီက ကြိုတင်ခွင့်ပြုချက်နဲ့အထူးခွင့်ပြုချက်ရယူရတော့မှာဖြစ်ပြီး ၁၄ နှစ်အကြာပြည်နယ်သုံးခုအတွင်းလွတ်လပ်စွာသွားလာခွင့်လျှော့ပေါ့မှုကို ရုတ်သိမ်းခြင်းဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ နိုင်ငံခြားသားတစ်ဦးဟာ ပြည်နယ်သုံးခုကိုလည်ပတ်ဖို့ အကြောင်းပြန်ချက် ကောင်းကောင်းမွန်မွန်မရှိပါကသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ၊…

Read More

ချင်းလူထုအသိုင်းအဝိုင်းကြား စာပေဟောပြောပွဲ ပြုလုပ်သင့်ပြီ

ဒေါက်တာဆလိုင်းခင်မောင်သိန်း(ပညာရေး) လူမျိုးအသီးသီး၊ ဘာသာစကား အသီးသီးတို့တွင် အများအားဖြင့် စာနှင့်စာပေရှိကြ၏။ စာနှင့်စာပေ မရှိသော လူမျိုးငယ်များမှာ ယခုအခါ ကမ္ဘာပေါ်၌ ပြောပလောက်အောင် မရှိတော့ချေ။ စာရေးဆရာများက စာပေဟောပြောပွဲ လုပ်ကြတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ အသိပညာရဖို့အတွက်တတ်နိုင်သမျှ မှတ်မိခဲ့ရာ အခြေအနေလေးတွေကို လာရောက်ပြီး ရှင်းပြတဲ့သဘောပါပဲ၊ အဲဒီမှာ အမျိုး ဘာသာ သာသနာ ထိခိုက်မယ့်ကိစ္စ လူမျိုးရေးကိစ္စတွေ မပါပါဘူး၊ စာပေဟောပြောပွဲမှာ ဗဟုသုတတွေ ပါဝင်တတ်သလို့ အသိညဏ်တွေ၊ စိတ်ခွန်အားတွေ ပေးစွမ်း နိုင်တဲ့အတွက် ဗီတာမင် အားဆေးတစ်ခွက်လို့ပဲတင်စားချင်ပါတယ်။ လူမှှုကိစ္စအ၀၀ ပြဿနာအ၀၀ကိုလည်း ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ ကောင်းမွန်တဲ့ အကြံညဏ်တွေပေးနိုင်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ။ ပျင်းရိနေတဲ့ အခါမှာ အတူတူရှိပေးနိုင်မယ့် အဖော်မွန်ကောင်းတစ်ယောက်ပါ။ ဝမ်းနည်းနေတဲ့ အချိန်မှာ စိတ်ဓာတ်ခွန်အားတွေပေးနိုင်တဲ့ စွမ်းအားရှင်တစ်ယောက်ပါ။ လဲကျနေချိန်မှာ ဆွဲထူပေးနိုင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ပါ။…

Read More

ပိုမိုကြပ်တည်းလာတဲ့ မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေအတွက် အိန္ဒိယအစိုးရရဲ့အခန်းကဏ္ဍ

“အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များရဲ့ အခြေအနေဆိုးများကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒများတွင် အဓိကအပြောင်းအလဲများ လိုအပ်ပြီး ဒေသတွင်း လူသားချင်းစာနာမှု ပံ့ပိုးပေးသူများ၏ညှိနှိုင်းဆောင်ရွက်မှုများနှင့်အတူ ပိုမိုအားကောင်းဖို့လိုအပ်ပါတယ်” By R. LAKHER | မြန်မာစစ်အစိုးရရဲ့ ထိုးစစ်ဆင်မှု၊ ဖိနှိပ်မှု၊ ပဋိပက္ခများနဲ့ကျယ်ပြန့်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံတွင်းစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံသားများသည် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတာစစ်ဘေးရှောင် သောင်းဂဏန်းရှိနေတာပဲဖြစ်ပါတယ်။ အခုစစ်ဘေးရှောင်ရတဲ့ကာလလေးနှစ်နီးပါးဖြစ်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေရဲ့ အခြေအနေဟာပိုမိုပြီးကြပ်တည်းလာနေပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်အများစုဟာ အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြပြီး အဓိကအားဖြင့် Saiha, Lawngtlai,Champhai, Lunglei နဲ့ Aizawl ခရိုင်များမှာ ကျယ်ပြန့်စွာနေထိုင်ကြလျက်ရှိပါတယ်။ အခုအခါ မြန်မာနိုင်ငံကနေ အိန္ဒိယပြည်ကိုစစ်ဘေးရှောင်သူအရေအတွက်ဟာ ၅၀၀၀၀ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ကနဦးပိုင်းကတည်းက မီဇိုရမ်ပြည်နယ်အနေနဲ့ အိမ်နီးချင်းနိုင်ငံကထွက်ပြေးလာသူတွေကိုတိုင်းရင်းသားညီအစ်ကိုအဖြစ်အသိအမှတ်ပြုကာ ယဉ်ကျေးမှုဆိုင်ရာများတွင်လည်းနွယ်ယှက်တဲ့ လူမျိုးတူများအဖြစ်သဘောထားပြီး စစ်ကောင်စီရဲ့ထိုးစစ်ဆင်များကြောင့်ထွက်ပြေးရတဲ့…

Read More

ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ

မိုင်မိုင်မန်းထာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေး )Civil Disobedience Movement – CDM ) လုပ် ဆောင်ခဲ့တာ အခု ေဖ ေဖာ်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သယံဇာတများများစားစားမရှိ၊ ကြီးမားတဲ့စီးပွား ရေးလုပ်ငန်း တွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက်လူအများစုက မက် မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း)အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တ နေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီး တွေကို အလုပ် လျှောက်သူ တွေက လာဘ် ငွေ ပေးမှုအများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်…

Read More

ကျောင်းမတက်သူများလာတဲ့ ချင်းပြည်ပညာရေးအဆိုးဆုံးအခြေအနေ ရောက်လာ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ…

Read More

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်က တိတ်ဆိတ်နေတဲ့ ၄ နှစ်မြောက် ခရစ္စမတ်

ခရစ်စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။ ချင်းပြည်အနှံက မြို့၊ရွာအများစုမှာ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်အကျဥ်းချုံးသာ ပြုလုပ်နိုင်မယ်လို့ အသင်းတော်တာဝန်ရှိသူတွေဆီက သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်မှာ ခရစ္စမတ်အကြိုကာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီဆိုပေမယ့်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လာတာ တွေလုပ်နိုင်ပါသေးတယ် ၊ လေကြောင်းရန်ကို သတိထားပြီး ခရစ္စမတ်ကာလ ကို ဖြတ်သန်းရပါအုံးမယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ…

Read More

နွားနောက် ရှာရင်း မိုင်းနင်းမိလို့ ခြေတဖက် ဖြတ်တောက်ရပြီး မျက်လုံး တစ်လုံး ထုတ်ခဲ့ရတဲ့ ချင်းပြည်က Pa Sum Khan Lian ရဲ့ ၁ ရက်တာ ကိုယ်တွေ့မှတ်တမ်း 

(ယခုစာစု သည် မြေမြှပ်မိုင်း၏ သားကောင် ဖြစ်ခဲ့ရသော ချင်းပြည်က အသက် ၃၅ နှစ်အရွယ်အမျိုးသား Pa Sum Khan Lian ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်မှ ၂၀၂၂ မေလ ၂ ရက်နေ့ မနက် မှ မေလ ၃ ရက်နေ့ မနက် အထိ တစ်ရက်တာ အတွင်း သူကြုံတွေ့ခဲ့ရသည့် အပိုင်းကို တီးတိန်ချင်းဘာသာ စကားမှ သင့်လျော်အောင် မြန်မာဘာသာ သို့ ပြန်ဆိုရေးသား ခဲ့ခြင်းဖြစ်ပါသည်) Pa Sum Khan Lian ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာမှာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်သူ တဦးဖြစ်ပြီး ကားမောင်းခြင်း၊ နွားနောက်မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ…

Read More

ပြည်တော်ပျက်ကာလ ပြည်တော်သာရွာ ပြာပုံကြားမှ မပျက်သည့် သမ္မာကျမ်းစာအုပ်

ကိုဇံ(ချင်းတောင်) 14 June,2024. (ကလေးမြို့နယ် ပြည်တော်သာရွာသူ ဓမ္မအမှုတော်ဆောင် ဆရာမ တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး တင်ဆက် ရေးသားခြင်း ဖြစ်ပါသည်) သူမ အသက် ၂၅ နှစ်ပြည့် ကတည်းက ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့သည်။ အမှုတော် စဆောင်မှ ဆောက်လုပ်ခဲ့သည့် ကလေးမြို့နယ် ပြည်တော်သာရွာ ဈေးရှေ့ရှိ သူမတို့မိသားစု၏ လေးထပ်တိုက်သည် လွန်ခဲ့သည့် နှစ်လ ခန့်အထိ သစ်လွင် တောက်ပနေဆဲ ဖြစ်သည်။ သူမ၏ ဆုတောင်းခန်းတွင် စာလုံးပိုကြီးပြီး အရွယ်အစားပိုကြီးသော သမ္မာကျမ်းစာ တစ်အုပ်ကို ဝယ်ယူပြီး Bible Study လုပ်ဖို့ အတွက် အခန်းတွင်း၌ ထားခဲ့သည်။ အမှုတော်ဆောင် တစ်ယောက် အနေဖြင့် အိမ်တွင်…

Read More

ချင်းပြည်အတွင်း စစ်ကောင်စီရဲ့ ၃ နှစ်ကြာ ရက်စက်မှု

“The need for stronger international action against the country’s military junta has never been greater.” Salai Za Uk မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခဟာ အစုအလိုက်၊ အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေရှိနေတာကြောင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ဦးဆောင်မှုဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အရေးတစ်ကြီးဆွေးနွေးမှုကို ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နာမည်ဆိုးကျော်ကြားတဲ့ ခြေမြန်တပ်မ(၇၇)၊ တပ်မ (၉၉) တို့အပါအဝင် တပ်သားအလုံးအရင်းနဲ့ စစ်ယာဉ်တန်းကြီးကိုစစ်ကောင်စီက ချင်းပြည်နယ်ကို စေလွှတ်ခဲ့ပြီး မကြာမီ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီးလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒါဟာ သမိုင်းတစ်လျှောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှု ပထမဆုံးဖြစ်ပြီးအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ချက်ခြင်းရပ်တန့်ရန် ကောင်စီအနေနဲ့တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့…

Read More

အပူနှစ်ဆင့် ချင်းပြည်နယ်က မသန်စွမ်းစစ်ဘေးရှောင်အရေး

By HTG “ကျနော်တို့မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှုလုံးဝမရှိတော့ဘူး။ အခုတောထဲမှာနေရတယ်။ မသန်စွမ်းသူတယောက်အတွက် နေရာတနေရာကနေ နောက်တနေရာကိုရွေ့တာကအရမ်းအခက်အခဲဖြစ်တယ်လေ။ဆန်ပြုတ်သောက်နေရတယ်။ ရှိနေတဲ့ဟာလေးကုန်သွားရင် စားစရာတောင်ရှိမှာမဟုတ်တော့ဘူး။ အနာဂါတ်အတွက် ဘာမျှော်လင့်ရမှန်းမသိတော့ပါဘူး” ဒီစကားဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ် ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခများ အောက်မှာ စစ်မီး တောက် လောင် နေတဲ့ ချင်းပြည်မှာ ရုပ်ခန္ဓာပိုင်းဆိုင်ရာသန်စွမ်းတဲ့လူတွေတောင်များစွာ အခက်အခဲပေါင်းစုံခံစားရပြီး သေဆုံးနေချိန်၊ဆာလောင်နေချိန် ရုပ်ခန္ဓာပိုင်းဆိုင်ရာ သာမန်ပုဂ္ဂိုလ်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သူမဟုတ်တဲ့ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကနေ တောဖက်တစ်နေရာကို စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းချင်းအမျိုးသားတစ်ဦးက မျှော်လင့်ချက်မဲ့စွာ ကွက်ကြားကွက်ကြား တိမ်တွေလွင့်နေတဲ့ တောင်တန်းဖက်ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာညည်းညူတဲ့ပြောစကားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စစ်ပွဲနေရာအနှံ့ဖြစ်ပွားနေတဲ့နိုင်ငံမှာ မသန်စွမ်းသူတစ်ယောက်အတွက် တစ်နေရာမှတစ် နေရာကို ရွေ့ပြောင်းရတာဘယ် လောက်အခက်အခဲတွေ့မလဲ။အဆိုပါ မသန်စွမ်းသူချင်းအမျိုးသား/သူနေထိုင်တဲ့ ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်မြို့နယ်ဟာ စစ်ကောင်စီရဲ့စားသောက်ကုန်ပိတ်ဆို့…

Read More