ချင်းတော်လှန်ရေးအဖွဲ့များ ကွဲခြင်းနှင့် ချင်းစစ်ရှောင်ပြည်သူများအပေါ်သက်ရောက်တဲ့ ကယက်
DonBosco “ICNCC နဲ့ ချင်းပြည်ကောင်စီ မကွဲခင်တုန်းက အခြေအနေဟာ အေးအေးဆေးဆေးရှိတယ်။ကျနော်တို့လည်း အဖွဲ့အစည်းတွေဆီက ပညာရေးနဲ့ လူသားစာနာအထောက်အကူနှစ်မျိုးလုံးပုံမှန်ရတယ်။ အကွဲအပြဲဖြစ်ပြီးကတည်းက အထောက်ပံ့တွေ လုံး၀ရပ်ဆိုင်းသွားတယ်” အဆိုပါစကားကတော့ လောင်တလိုင်စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူဦးဇေယျရဲ့ ဒုက္ခသည်များကြုံတွေ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောတဲ့စကားဖြစ်ပါတယ်။ ချင်းတော်လှန်ရေး အဖွဲ့နှစ်ဖွဲ့ကွဲပြီးနောက်ပိုင်းမှာ ချင်းပြည်ကောင်စီကို ထောက်ခံတဲ့စခန်းတွေက အထောက်အပံ့ရ နေသေးတာမျိုးရှိလျှင် ချင်းညီနောင်အဖွဲ့နဲ့နီးစပ်တဲ့ နေရာမျိုးမှာမည်သည့်အထောက်ပံ့မှ မရတော့တဲ့အနေအထားမျိုး စသည်ဖြင့် ကြုံလာရပြီး ၂၀၂၄ခုနှစ်နောက်ပိုင်း ဒုက္ခသည်စခန်းတွေ အတွက် အများကြီးအကြပ်အတည်းပိုဖြစ်လာတယ်လို့သူကဆိုပါတယ်။ အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ရတဲ့ဒုက္ခသည်များရဲ့ အထောက်အပံ့ရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တဲ့ Exile Hub အဖွဲ့ကတော့ထောက်ပံ့ကူညီမှုကိစ္စများ ဟာ နိုင်ငံရေးဆန်လာတယ်လို့ထောက်ပြပါတယ်။ ဒုက္ခသည်နှင့်နေရပ်စွန့်ခွါပြည်သူနှစ်ရပ်လုံးရဲ့ အနေအထားမှာ ချင်းပြည်နယ်အတွင်းရှိ လူတစ်ဦးတစ်ယောက်၏ ဇာတိရပ်ရွာကို ကြည့်ခြင်းအားဖြင့် ၎င်းပုဂ္ဂိုလ်သည် ချင်းညီနောင်အဖွဲ့ ( Chin Brotherhood) (သို့)…

