လူသိနည်းတဲ့ တွန်းဇံမြို့နယ်က ဘိန်းခင်းတွေဆီကို သွားရောက်ခဲ့သူ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ခရီးစဥ်
ကိုဇံ(ချင်းတောင်) မြေပြင် ကွင်းဆင်း မှတ်တမ်းတင်နိုင်မှု အားနည်းနေသေးတဲ့ လူသိနည်းတဲ့ ချင်းပြည်နယ်၊တွန်းဇံမြို့နယ်က ဘိန်း စိုက်ခင်းတွေမှာ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ Father Andrew Go Lian ဦးဆောင်တဲ့ နယ်လှည့် ဒေသနာဟောကြား တဲ့ အဖွဲ့ဟာ ဇန်နဝါရီလ အစောပိုင်းမှာ ဘိန်းစိုက်ပျိုးရာ ဒေသများသို့ ကိုယ်တိုင် သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ဘိန်းခင်းမှာ အလုပ်လုပ်နေသူ အသင်းသားများအတွက် နှစ်သစ်ကူး ဝတ်ပြုပွဲ ဦးဆောင်ပေးခဲ့ပါတယ်။ Father Andrew Go Lian မှ ဘိန်းစိုက်ရာ ဒေသရဲ့ အခြေအနေ အသီးသီးကို လည်း ဗီဒီယို မှတ်တမ်း နှင့် ဓာတ်ပုံ မှတ်တမ်းများ ရိုက်ကူးပြီး Social Media ပေါ် တင်ခဲ့ရာ…

