မီဇိုရမ်ပြည်မှာ ခရီးသွားလုပ်ငန်း အရှိန်အဟုန်မြင့်တက်လာမှုနှင့်အတူ ခြိမ်းခြောက်မှု ကြီးမားလာသည့် မူးယစ်ဆေးဝါးပြသနာနှင့်ချင်းစစ်ဘေးရှောင်များအရေး
ရေး – DonBosco ချင်းလူမျိုးအများစု စစ်ဘေးခိုလှုံရာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဟာ လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာကြောင့် ခရီးသွားလုပ်ငန်း တစ်ရှိန်ထိုး မြင့်တက်လာနေပါတယ်။ ဒါပေမဲ့ ဒီဖွံ့ဖြိုးမှုတွေရဲ့ နောက်ကွယ်မှာတော့ ဝန်ကြီးချုပ်ကိုယ်တိုင် ‘အကြီးမားဆုံးရန်သူ’ လို့ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး အကြပ်အတည်းနဲ့အတူ စစ်ဘေးရှောင်တွေရဲ့ ရုန်းကန်နေရတဲ့ မြေပြင်အရှိတရားတွေက ဒွန်တွဲနေပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ပြည်နယ်အတွင်း ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင် အရေအတွက်ဟာ ၄၀,၀၀၀ ကျော် ဝန်းကျင်မှာ ရှိနေပါတယ်။ ဒါပေမဲ့ မြေပြင်မှာ တိုက်ရိုက်ကူညီနေတဲ့ CYMA ကဲ့သို့သော အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တွေရဲ့ စာရင်းအရဆိုရင်တော့ စုစုပေါင်းအရေအတွက်ဟာ ၅၅,၀၀၀ ကျော်ကနေ ၆၀,၀၀၀ အထိ ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါဟာ…

