ပြီးစီးပြီဖြစ်သည့် မီဇိုရမ်ပြည်ကမြန်မာဒုက္ခသည်များ၏ ဇီဝသွင်ပြင်အချက်အလက်ကောက်ယူမှု နှင့် နောက်ကွယ်က စိုးရိမ်မှုများ
ရေးသားသူ – DonBosco အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ ပြည်ထဲရေးဌာန (Home Department) ၏ မတ်လ (၈) ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင် စုစုပေါင်း ၃၅,၁၂၆ ဦးအနက် ၃၄,၁၆၀ ဦး၏ ဇီဝသွင်ပြင်အချက်အလက် (Biometric) ကောက်ယူမှုသည် ၉၇.၂၅ ရာခိုင်နှုန်းအထိ ပြီးစီးလုနီးပါး ဖြစ်လာခဲ့ပြီဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရသည် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များနှင့် ရန်ပုံငွေများကို နယ်စပ်ဒေသသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ကန့်သတ်ထားသည်။ အထူးသဖြင့် နိုင်ငံခြားငွေကြေး ထောက်ပံ့မှုဆိုင်ရာ စည်းမျဉ်းဥပဒေ (Foreign Contribution Regulation Act – FCRA) အရ ပြည်ပမှ ရန်ပုံငွေလက်ခံသည့် အရပ်ဘက်အဖွဲ့အစည်းများကို တင်းကျပ်စွာ စိစစ်ခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်းနှင့် နယ်စပ်ဒေသများသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အတွက် အထူးခွင့်ပြုမိန့် (Protected…

