ကန်ပက်လက်မြို့မှာ ဗုံးကြဲခံရလို့ သေဆုံးခဲ့တဲ့ ရဲမေနာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူ ပြည်သူ၂ဦးဟာ ဒလန်မဟုတ်ကြောင်း CDF-Kanpetlet ထုတ်ပြန်
နိုဝင်ဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ CDF-Kanpetlet အဖွဲ့က နိုဝင်ဘာ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၄ရက်က စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရရှိခဲ့ပါ ကြောင်း၊ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့ သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း CDF-Kanpetlet က ထုတ်ပြန်ပါတယ်။…

