
တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို PDA – Tedim ဖွဲ့စည်းတဲ့အပေါ် ZFU/PDF – Zoland က ကန့်ကွက်
အောက်တိုဘာလ ၈ ရက်။ တီးတိန်မြို့နယ်မှာ People Defence Army (PDA) အဖွဲ့က တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာဟာ တရားဝင်မှုမရှိကြောင်းနဲ့ ပြည်သူလူထုကလည်း လုံးဝ လက်မခံကြောင်း ZFU/PDF – Zoland အဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့ကို ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့ခဲ့ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မြို့နယ်နယ်ပြည်သူလူထုနဲ့ အတူလက်တွဲကာ ယနေ့ချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးကို တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိတာကြောင့် People Defence Army (PDA)ရဲ့ ကြေညာချက်ဟာ ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုတဲ့ CNF/A…