ဟားခါးမြို့မှာ အာဏာသိမ်းစစ်အုပ်စု ကျင်းပမယ့် ချင်းအမျိုးသားနေ့ မတက်ရောက်ကြဖို့ CDF – Hakha သတိပေး
ဖေဖော်ဝါရီလ ၁၈ ရက်။ ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ကျင်းပဖို့ စီစဉ်နေတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို မည်သည့် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်ကမှ ပူးပေါင်းပါဝင်တာ မလုပ်ဖို့ ဟားခါးမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Hakha တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။ ချင်းလူမျိုးတွေရဲ့ စည်းလုံးညီညွှတ်မှု နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို အထိမ်းအမှတ်ပြုတဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ချင်းအမျိုးသားနေ့ကို အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် အသုံးချနေခြင်းကို လုံးဝလက်မခံနိုင်ကြောင်းကိုလည်းကိုလည်း CDF – Hakha က ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်အုပ်စု ကျင်းပမယ့် အတုအယောင် ချင်းအမျိုးသားနေ့ အခမ်းအနားဟာ ချင်းပြည်သူလူထုရဲ့ သမိုင်းဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အခွင့်အရေးတွေကို ဖျက်ဆီးချိုးဖောက်နေတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့်လည်း…

