မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ ဈေးပိုရလာ
ဒီဇင်ဘာလ ၁၇ ရက်။ မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လုံးကို ကျပ် ၁ ထောင် အထိ ပေးဝယ် လာခဲ့တယ် လို့ တီးတိန်မြို့နယ် နေ ထောပတ် တောင်သူများ ထံမှ သိရှိရ ပါတယ်။ “ထောပတ်က အသီးကောင်းရင် ကောင်းသလို ဈေးရတယ်။ ဝယ်လက်တွေက ကိုယ်တိုင် ခူးပြီး ဝယ်သွားတယ်။ ၁ လုံးကို ကျပ် ၁ထောင်ထိ ပေးဝယ်တဲ့ အသီးတွေ ရှိတယ်။ ဒါပေမယ့် အရမ်း မျိုးကောင်းတဲ့ အသီး မဟုတ်ရင် ကျွန်တော်တို့ အလုံးလိုက်…

