
ဘိန်းစိုက်ပျိုးမှု ကိုအခွန်ကောက်ခြင်းကိုခွင့်ပြုမည်မဟုတ်ပဲ ၊ ဘိန်းကင်းစင်ရေး သာ ဆောင်ရွက်သွားမည်လို့ CDF-CDM-Siyin ထုတ်ပြန်
ဒီဇင်ဘာလ ၂၆ ရက်။ ဘိန်းစိုက်ပျိုးမှုနဲ့ ပတ်သက်သော အခွန်များ ကောက်ခံခြင်းသည် ဘိန်းစိုက်ပျိုးမှုကို တရားဝင် ခွင့်ပြုရာ ရောက်သည့် အတွက် မိမိတို့ ထိန်းချုပ်နယ်မြေ အတွင်း မိမိတို့ အဖွဲ့အစည်း အပါအဝင် မည့်သည့် အဖွဲ့အစည်းကိုမျှ ဘိန်းခွန် ကောက်ခံခြင်းကို ခွင့်ပြုမည် မဟုတ်ဘဲ ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး စီမံကိန်းကို ချမှတ် ထားသည် အတိုင်း ဆောင်ရွက်သွားမယ် လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-CDM-Siyin ကဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဘိန်းစိုက်ခင်း နဲ့ ပတ်သက်သည့် စီမံကိန်း၊ စီမံချက်များကို CDF-CDM-Siyin ရဲ့၂၀၂၄ ခုနှစ် ပုံမှန်အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်အရ မိမိတို့…