CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ အသိပေးထုတ်ပြန်
မတ်လ ၂၄ ရက်။ စစ်ရေးအရ CDF CDM SIYIN ထိန်းချုပ်နယ်မြေအတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဆိုင်ကယ်၊ အိမ်စီးကာ၊ ခရီးသည်ယာဉ်၊ ဘာသာရေးယာဉ် နဲ့ ကုန်တင်ကား ဘယ်လိုယာဉ်မှ ဖြတ်သန်းခြင်းမလုပ်ဖို့ CDF CDM SIYIN က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ မဖြစ်မနေအရေးပေါ်ကိစ္စရှိခဲ့ရင်လည်း သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားပြီးမှ သာလျှင် ဖြတ်သန်းသွားလာကြဖို့ကိုလည်း CDF CDM SIYIN က အသိပေးထားပါတယ်။ CDF CDM SIYIN တပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ တီးတိန်မြို့ နဲ့ ဖလမ်းမြို့ကို သွားတဲ့ အဓိက ကားလမ်းမကြီးဖြစ်တဲ့ ကလေး…

