
လေကြောင်းရန်ကြောင့် ဘာသာရေးအခမ်းအနားနဲ့ ပွဲတွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်
ဒီဇင်ဘာလ ၁၇ ရက်။ မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလဖြစ်သလို လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုချိန် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ကာလဖြစ်လို့ လေကြောင်းတိုက်ိုခိုက်မှုလည်း ပိုများလာတာကြောင့် အခမ်းအနား ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့်လည်း ကြေညာထားပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်း…