မတူပီမြို့နယ်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းလိုအပ်ပါက Future Hope Foundation ကို ဆက်သွယ်နိုင်တယ်လို့ သိရ
ဇွန်လ ၁၇ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ ကျောင်းသုံးပစ္စည်းလိုအပ်ပါက Future Hope Foundation ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ Future Hope Foundation အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း မတူပီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈ ရွာက ကျောင်းသူ၊ ကျောင်းသား အယောက် ၂၀၀ အတွက် စနစ်သစ်ကျောင်းသုံးပုံနှိပ်စာအုပ်တွေနဲ့ ကျောင်းသုံးပစ္စည်းတချို့ကို Future Hope Foundation အဖွဲ့က ထောက်ပံ့ခဲ့ပါတယ်။ Future Hope Foundation က “ဆရာ၊ ဆရာမတွေနဲ့ ကျောင်သား၊ ကျောင်းသူတွေအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်လိုအပ်ချက်က ကြီးကြီးမားမားကြုံနေကြရတဲ့အတွက် Future Hope Foundation က တက်နိုင်သလောက် ကူညီပေးတာပါ…

