Headlines

စစ်ကောင်စီကင်းစင်တာ ၃ လနီးပါးရှိပြီဖြစ်တဲ့ ကန်ပက်လက်မြို့ပေါ် ကို ဒေသခံတွေ ပြန်မလာနိုင်ကြသေးဘူးလို့ သိရ

မတ်လ ၁၃ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်ကို ဒေသခံတွေ အများစုဟာ လုံခြုံစိတ်ချရတဲ့ အနေအထားမှာ မရှိသေးတာကြောင့် ပြန်မလာနိုင်သေးဘူးလို့ ကန်ပက်လက်ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိကန်ပက်လက်မြို့ပေါ်မှာ ချင်းညီနောင်တပ်ဖွဲ့ဝင် CDF – Kanpetlet နဲ့ အာရက္ခတပ်တော် (AA) တွေက မြို့တွင်းလုံခြုံရေး၊ သန့်ရှင်းရေးတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကန်ပက်လက် ဒေသခံတစ်ဦးက “ကျနော်ထင်တာက အခုလိုပြန်မနေကြသေးတာက အားလုံးသိတဲ့အတိုင်းဘဲ လေကြောင်းအန္တရာယ်တွေ လုံခြုံစိတ်ချမှုမရှိသေးတာတို့ ပြီးတော့အဲဒီမှာ မိုင်းတွေ၊ ဗုံးတွေ အဲလိုမျိုးအန္တရာယ်တွေ စိုးရိမ်တာတွေလည်းဖြစ်မယ်ထင်တယ် အရမ်းကြီးစိတ်ချရတဲ့ အနေထားမျိုးမဟုတ်သေးဘူးလို့ အများစုကမခံစားရသေးဘူးပေါ့နော် အဲလိုကြောင့် ကြာနေသေးတာလည်းဖြစ်ပါတယ် ကျနော်တော့ အဲလိုနားလည်တာပေါ့နော်၊မြို့ကိုသန့်ရှင်းရေး၊ ဘာတွေလုပ်တာကတော့ (AA) တွေနဲ့ သန့်ရှင်းရေးတွေ လုပ်တာကိုတော့ကြားရတယ် ပြည်သူတွေကတော့ လောလောဆယ် ပြန်လာတာမျိုးတွေ သိပ်မရှိသေးဘူးလို့…

Read More

မီဇိုရမ်ပြည်ကချင်းစစ်ဘေးရှောင်စခန်းက ကျောင်းဆရာ၊ ဆရာမတွေကို ပလက်၀ကိုစေလွှတ်ပေးဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကမ်းလှမ်းမှုတွေ လုပ်နေတယ်လို့ သိရ

မတ်လ ၁၃ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းဆရာ/ဆရာမ လိုအပ်လျက်ရှိနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက မီဇိုရမ်ပြည်နယ် ချင်းစစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အခုလ မတ်လ (၃) ရက်နေ့ကစလို့ ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ကို လာမယ့်ဇွန်လကနေ စတင်မှာဖြစ်ကြောင်းနဲ့ (G -12) အထိ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတာဖြစ်လို့ ခူမီးချင်းတိုင်းရင်းသားသာသာစကားဖြင့် သင်ကြားနိုင်သူ ဒါမှမဟုတ် မြန်မာဘာသာစကားနဲ့ သင်နိုင်တဲ့ ကျောင်းဆရာ/ဆရာမ စေလွှတ်ပေးဖို့ မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားပေးနေတဲ့ တာဝန်ရှိသူတွေဆီကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပညာရေးဦးဆောင်ကော်မတီက အကြောင်းကြားလာတယ်လို့ သိရပါတယ်။…

Read More

ဖလမ်းမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲထိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရ

မတ်လ ၁၂ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ နောက်ဆုံးလက်ကျန် စခန်းတစ်ခုဖြစ်တဲ့ ခလရ – ၂၆၈ တပ်ကုန်းထဲ ဒီကနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းကစလို့ ချင်းညီနောင်တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဒီနေ့တနေကုန် တိုက်ပွဲလည်းပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေပြောပြချက်အရ သိရပါတယ်။ ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ ဒီကနေ့ မနက်ပိုင်းလောက်စလို့ တိုက်ပွဲတွေ အရမ်းပြင်းထန်တယ်၊ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တစ်နေကုန် တိုက်ခိုက်နေတယ်၊ ကျနော်တို့ဘက်က ခလရ – ၂၆၈ ထဲကိုလည်း ကျနော်တို့ အားလုံးဝင်ပြီးသွားပြီလို့” လို့ပြောပါတယ်။ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉…

Read More

မင်းတပ်မြို့အဝင်မှာ တောမီးလောင်နေလို့ မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

မတ်လ ၁၂ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အဝင် တောတန်းတစ်လျှောက် အထိန်းကွပ်မဲ့ တောမီးလောင်ကျွမ်းနေတာကြောင့် မီးဘေးအန္တရာယ်ကို စုပေါင်းလက်တွဲ ကာကွယ်ကြဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အရပ်သားပြည်သူတွေအနေနဲ့ မိမိနေအိမ် မီးဘေးအန္တရာယ်ကို သတိထားနေကြရန်၊ မီးဘေးအန္တရာယ်ကိုလည်း စုပေါင်းလက်တွဲ ကာကွယ်ကြရန်နဲ့ မြို့အနီးတဝိုက်တောင်ယာလုပ်ကိုင်သူတွေ၊ တောလိုက်ငှက်ပစ်သူတွေ အနေနဲ့လည်း တောမီးရှို့မှုတွေ မဖြစ်စေရန် သတိထားစောင့်ကြည့်ကူညီကြဖို့ကိုလည်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းတပ်မြို့တွင်း ပြည်သူတွေ…

Read More

ပလက်ဝမြို့နယ်က မီးဘေးသင့် ဒေသခံအိမ်ထောင်စု ၆ စု အတွက် ငွေသားနဲ့ ဆန်တချို့ AA ထောက်ပံ့ခဲ့တယ်လို့ သိရ

မတ်လ ၁၁ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်သဲမဝကျေးရွာက မီးဘေးသင့်ပြည်သူ အယောက် (၃၀)ကျော်အတွက် အာရက္ခတပ်တော် (AA) ကငွေသားနဲ့ ဆန်အချို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ပလက်ဝမြို့နယ် အောက်သဲမယကျေးရွာမှာ မတ်လ ၉ ရက်နေ့က အိမ်ရှင်မတစ်ဦး ထမင်းချက်တဲ့ မီးဖိုချောင်နေရာကနေတဆင့် မီးစလောင်ခဲ့ပြီး နေအိမ် ၆ လုံးအထိလောင်ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ အာရက္ခတပ်တော် (AA)က မီးဘေးသင့်ပြည်သူတွေကို တစ်အိမ်ထောင်ကို ငွေ ၅ သောင်းနဲ့ ဆန်အချို့ပေးတယ်၊ တအိမ်ထောင်စုကို နို့ဆီဗူး ၂၀ ထောက်ပံ့တယ်လို့ သိရတယ် မီးဘေးသင့်တဲ့ အိမ်ထောင်စုက တအိမ်ထောင်စုမှာ ၅ ယောက်နှုန်းရှိတာဆိုတော့ တအိမ်ထောင်စုမှာ ၃ ရက်စာလှူတာပေါ့” လို့ပြောပါတယ်။…

Read More

Mobile Phone တွေမှာ မတူ(ချင်း)ဘာသာစကား Dictionary Application အသုံးပြုနိုင်ပြီ

မတ်လ ၁၁ ရက်။ Mobile Phone တွေမှာ မတူ(ချင်း) ဘာသာစကား အဘိဓါန် အက်ပလီကေးရှင်း (Matu Dictionary Application )ကို Android Phone Playstore မှာ ဒေါင်းလုတ်ဆွဲ အသုံးပြုလို့ ရနေပြီလို့ သိရပါတယ်။ မတူ(ချင်း) ဘာသာစကား အဘိဓါန်အက်ပလီကေးရှင်း ဖြစ်မြောက်ရေး ကြိုးစားဆောင်ရွက်သူ Salai Tinaung Takluem က “လက်ရှိ Android Versio မှာသုံးလို့ရတယ် IOS တော့ အကောင့်မရှိသေးဘူး။ IOS developer fee က US $ 100 တာင်းတယ် ပေးရမယ့် ဈေးကမလွယ်ဘူး။Android ကတော့ $ 25 လာက်တောင်းတယ် ဒီအတွက်လည်း အလှူရှင်က ကျတော်ကိုယ်စား…

Read More

ငွေစက္ကူရှားပါးလို့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ် တချို့မှာ ကြုံနေရ

မတ်လ ၁၀ ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်တချို့မှာ ငွေစက္ကူတွေရှားပါးလာပြီး ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ အရောင်းအဝယ်လုပ်တဲ့နေရာတွေမှာ အခက်ခဲများစွာရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဘဏ်လည်ပတ်မှု မရှိတော့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်၊ မင်းတပ်၊ မတူပီ နဲ့ ပလက်ဝမှာ ဒေသခံတွေအနေနဲ့ Wave နဲ့ Kpay တွေကနေ ငွေလွှဲ၊ ငွေထုတ်တွေ လုပ်ရသလို ငွေထုတ်ရာမှာ အင်တာနက်၊ ဖုန်းလိုင်း အခက်ခဲများစွာလည်း ရှိသလို လိုချင်သလောက် ပမာဏလည်း မရနိုင်ဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပြည်တွင်းနဲ့ ပြည်ပနိုင်ငံခြားမှာရှိတဲ့ မိသားစုဝင်တွေက ပိုက်ဆံကို အင်တာနက်နဲ့ တိုက်ရိုက်လွှဲတာမျိုးမရဘူး ရန်ကုန်မှာရှိတဲ့ ပိုက်ဆံနည်းနည်းရှိတဲ့သူတွေက ရွာဘက်မှာ ငွေသွင်း၊ ငွေထုတ်လုပ်တယ် သူတို့ကပိုက်ဆံတွေကို သူတို့အိမ်မှာထုတ်ခိုင်းတယ် ပြီးတော့…

Read More

ချင်းပြည်သစ်ကွန်ဂရက်ပါတီတည်ထောင်ခွင့်လျှောက်ထားသူထဲမှာ မပါဝင်သော်လည်း မိမိအနေဖြင့် အားပေးကြောင်း စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန် ပြောကြား

မတ်လ ၉ ရက်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသူထဲမှာ မိမိအနေဖြင့် ပါဝင်ခြင်း မရှိသော်လည်း ပါတီထောင်တာဟာ ကောင်းတဲ့အလုပ်ဖြစ်တဲ့ အတွက် မိမိ အနေဖြင့် အားပေးကြောင်း ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)အဖွဲ့၀င်ဒေါက်တာမှုထန်က Chin World Media ကို ပြောပါတယ်။ “လက်ရှိ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားတဲ့ ခေါင်းဆောင် နှင့် ဒုတိယ ခေါင်းဆောင် တို့က လူငယ်တွေပါ။ သူတို့ရဲ့ နာမည်ကို ထုတ်ပြောဖို့က လက်ရှိမှာ စောသေးတယ်။ တချို့ကတော့ မျိုးစုံ ပြောနေပေမယ့် ကျွန်တော်ရယ်၊ ဗိုလ်ချုပ်ဟုန်ငိုင်းရယ်၊ ဦးနိုထန်ကပ်ရယ်၊ ဒေါက်တာဘမောင် ရယ် က မပါပါဘူး။ ပါတီဆိုတော့ သူတို့ကို အားပေးရမှာပေါ့။ သူတို့လုပ်တာကိုင်တာကို အကောင်းဘက် ကို ဇောင်းပေးပြီး ကျွန်တော်တို့…

Read More

ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်း၊ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေကို ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့ပြီလို့ IKACC/PC ထုတ်ပြန်

မတ်လ ၈ ရက်။ ပလက်ဝကောင်စီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း၊ IKACC/PC ၏ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့ စည်းမျဉ်းတွေ၊ ကာကွယ်ရေးမှုဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းတွေကို ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ(IKACC/PC)ရဲ့ (တတိယအကြိမ် နှစ်ပတ်လည်ညီလာခံမှာ ရေးဆွဲချမှတ်အတည်ပြုနိုင်ခဲ့တယ်လို့ မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ၊ ပလက်ဝကောင်စီရဲ့ တတိယအကြိမ် ညီလာခံကို မတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး (IKACC/PC) အလုပ်အမှုဆောင်တွေ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ၊ တပ်မှူးတွေ ဒေသအလိုက် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကျေးရွာကိုယ်စားလှယ်တွေနဲ့ လေ့လာသူ စုစုပေါင်း ၃၀၆ ဦး တက်ရောက်ခဲ့တယ်လို့လည်း IKACC က ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း အဏာရှင်စနစ်မှန်သမျှပပျောက်ရေး၊…

Read More

မင်းတပ်မြို့မှာ မိုင်းပေါင်းစုံ ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ထုတ်ပြန်

မတ်လ ၇ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင်ကျော် ရှင်းထားနိုင်ပြီလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့တွင်း ပြည်သူတွေ ဘေးကင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ဖို့ မိုင်းပေါင်းစုံ စုစုပေါင်း ၂ ထောင် ထက်မနည်း ရှင်းထားပြီဖြစ်သော်လည်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ မိမိနေအိမ်၊ အဆောက်အအုံနဲ့ လမ်းဘေးပတ်ဝန်းကျင်တွေမှာ မသင်္ကံာဖွယ်ရာ မိုင်း၊ပေါက်ကွဲစေတက်တဲ့အရာတွေ တွေ့ရင် ထိတွေ့ကိုင်တွယ်ခြင်း မလုပ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အလျင်အမြန် သတင်းပေးဖို့ကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ မင်းတပ်မြို့သိမ်းပြီးနောက်ပိုင်း မိုင်းကြောင့် ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရတာမျိုး ၂ ကြိမ်လောက်ဖြစ်ခဲ့ပေမယ့် သေဆုံးတာ ကိုယ်လက်အင်္ဂါဆုံးရှုံးတာမျိုးအထိတော့ မရှိသလောက်ပဲလို့ CDF…

Read More