
ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်းမှူးဒုဗိုလ်မှူးကြီးဝေလင်းထွန်း တိုက်ပွဲမှာသေဆုံးကြောင်းသိရ
မတ်လ ၂၀ ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ က စစ်ကောင်စီတပ်ရင်း (ခလရ ၂၆၈)က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း ဆိုသူဟာ မတ်လ ၁၇ ရက်နေ့က တိုက်ပွဲအတွင်း သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးအဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈ မကျရေးအတွက် တပ်ကူတွေ မတ်လ ၁၆ ရက်နေ့ကပို့ခဲ့ပြီး နောက်တစ်ရက် မတ်လ ၁၇ ရက်နေ့မှာဘဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းသေဆုံး သွားခဲ့ရတာလို့လည်း သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးပြောတာက “ ဖလမ်းကို ယခင်ရက်ပိုင်းက ဒုတိယ ဗိုလ်မှူးကြီး မင်းခန့်အောင်ဦးဆောင်တဲ့ ခမရ ၃၉၁ က တပ်ကူတွေကို ရဟတ်ယာဉ်နဲ့ ပို့်ဆောင်တယ်…