
ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးဒေသက ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမယ်
ဧပြီလ ၄ ရက်။ ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံး ဒေသက ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေကို ချင်းပြည် (Chinland) အစိုးရကနေ ကျပ်သိန်း ၁၀၀၀ ထောက်ပံ့သွားမှာဖြစ်တဲ့အကြောင်း ချင်းပြည် (Chinland)ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းပြည် (Chinland))ကောင်စီ အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက “သိန်းတထောင်ခန့် ထောက်ပံ့ဖို့ ပြင်ဆင်ထားပါတယ် ဘယ်နေရာဒေသတွေကို အဓိကထောက်ပံ့မလဲဆိုတာက ချင်းပြည်နယ်နဲ့ အနီးစပ်ဆုံးက ငလျင်ဒဏ်ခံနေတဲ့ ဒေသဖြစ်မှာပါ အသေးစိပ်တော့ ပြောမရသေးဘူး၊ သက်ဆိုင်ရာ အချင်းချင်းချိတ်ဆက်ပါလိမ့်မယ်” လို့ပြောပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၂၀ ကျော်မှာ အဆောက်အအုံအများအပြား…