မင်းတပ်မြို့မှာ မိုင်းနင်းမိလို့ ဒေသခံ ၁ ဦး ခြေထောက် ၁ ဖက် ပြတ်ကာ၊၁ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သိရ
ဇူလိုင်လ ၂၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နားတစ် နေရာမှာ မနေ့ ဇူလိုင်လ ၂၇ ရက်နေ့က ဒေသခံ ၁ ဦးမိုင်းနင်းမိလို့ ခြေထောက် ၁ ဖက် ပြတ်ကာ သူ့အနားက ၁ ဦးလည်း ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့နေ ဒေသခံတစ်ဦးက “တစ်ဦးကတော့ ခြေထောက်တစ်ဖက်ပြတ်သွားတယ် နောက်တစ်ဖက်လည်းဖြတ်ရမယ့် ပုံပါပဲ တစ်ဦးကတော့ မျက်နှာထိသွားတယ် ဖြစ်သွားတာက မြို့ပေါ်နားမှာလို့ပြောလို့ရတယ် တစ်ဦးက နင်းမိလို့ ၂ ဦးစလုံးထိသွားတာမျိုးဖြစ်တယ် အခုဖြစ်တဲ့ နေရာက အရင်ကလည်း သူတို့မနင်းမိခင်ကတည်းက ပြည်သူတွေသွားလာနေကြနေရာပါ” လို့ပြောပါတယ်။ မင်းတပ်မြို့နဲ့အနီးဝန်းကျင်တွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ မပေါက်ကွဲသေးတဲ့ မိုင်းတွေ ရှိနေသေးတာကြောင့် ဒေသခံတွေအနေနဲ့ ထိတွေ့ကိုင်တွယ်တာတွေ မလုပ်ဖို့နဲ့ မိုင်းမရှိမယ့်…

