
စစ်ကောင်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းလိုက်ပြီလို့ CDF – Thantlang ထုတ်ပြန်
မတ်လ ၂၄ ရက်။ စစ်ကောင်စီအဖွဲ့ဝင်၊ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ရဲ့ အိမ်၊ခြံ၊မြေအားလုံးကို Chinland Defense Force – Thantlang (CDF – Thantlang) က အပြီးပိုင်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ CDF – Thantlang က အမိန့်ပြန်တမ်းကိုထုတ်ပြန်ပါတယ်။ ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ ထန်တလန်မြို့တစ်ခုလုံးကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကိုအားပေးသူ၊ ပြည်သူလူထုပေါ် ရက်စက်ကြမ်းကြုတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်သူ၊မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်တစ်ဦး ဖြစ်တဲ့အတွက် ၎င်းပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ ၊ မြေအားလုံးကို အပြီးသိမ်းဆည်းတာလို့ CDF – Thantlang က ထုတ်ပြန်ထားပါတယ်။ CDF – Thantlang ထိန်းချုပ်နယ်မြေမှာရှိတဲ့…