Headlines

CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်လ ၁၈ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ထဲက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (Chinland Defense Force – Matupi) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဂျက်ဖိုက်တာနဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးကြဲတာက မနေ့ည ၆ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲခံရတာဖြစ်တယ် ထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး အိမ်တွေနည်းနည်း ပျက်စီးတာကလွဲရင် တခြားဒဏ်ရာရတာတွေတော့ ဘာမှမရှိဘူး အသံကြားတာနဲ့ အချိန်မှီရှောင်နိုင်လို့ ဖြစ်တယ် ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်သူမှမရှိဘူး” လို့ပြောပါတယ်။ CDF – Matupi ဟာ ချင်းပြည်ကာကွယ်ရေးတပ် –…

Read More

ချင်းတောင်ခြေ လမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းချထားလို့ ကလေး-သိုင်းငင်း လမ်း အသုံးပြုနိုင်ခြင်း မရှိသေး

ဇူလိုင်လ ၁၈ ရက်။ ဇူလိုင်လ ၁၇ ရက်နေ့ က စပြီး ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့ CDF-CDM-Siyin မှ ကလေး-သိုင်းငင်း လမ်းပိုင်းကို ပြန်လည် အသုံးပြုခွင့် ပြုထားသော်လည်း ချင်းတောင်ခြေ ခိုင်ကမ်းမြို့ အလွန် ကလေး-သိုင်းငင်း လမ်း အစပိုင်း တလျှောက်မှာ စစ်ကောင်စီ စစ်သားများ စခန်းချ နေရာယူ နေခြင်းကြောင့် အများပြည်သူများ အနေဖြင့် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကလေးမြို့ ဒေသခံများထံမှ သိရှိရပါတယ်။ “ခိုင်ကမ်း စစ်ဆေးရေး ဂိတ်ကနေ လမ်း ပိတ်ထားတာမျိုး မရှိပါဘူး။ ဖြတ်သွားလို့ ရတယ်။ ဒါပေမယ့် သိုင်းငင်းဘက် တက်မယ် ဆိုရင်တော့ ခွင့်မပြုဘူး။ ချင်းဒေသကာကွယ်ရေးတပ်တွေ လမ်းပြန်ဖွင့်တော့ စကစ ဘက်က ပြန်ပိတ်တဲ့ သဘောပါ။…

Read More

ပလက်ဝမြို့နယ်မှာ မိုးများလို့ ဗုဒ္ဓဂါမကျေးရွာနဲ့ အလယ်ဒိန်ရွာမှာ ချောင်းရေတိုက်စားကာ လယ်ဧက အများအပြား ပျက်စီးခဲ့ရတယ်လို့ သိရ

ဇူလိုင်လ ၁၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဇူလိုင်လအတွင်း မိုးများလို့ ဗုဒ္ဓဂါမကျေးရွာနဲ့ အလယ်ဒိန်ရွာမှာ လယ်ဧက အများအပြားကို ချောင်းရေတိုက်စားတာကြောင့် ပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ဗုဒ္ဓဂါမ နဲ့ အလယ်ဒိန်က လယ်မြေယာတွေ မိုးများပြီး မောချောင်းရေ က တိုက်စားလို့ လယ် ၁၅ ဧက ဝန်းကျင်လောက်ပျက်စီးတယ်လို့ သိရတယ် အဲဒီက လယ်ဧကတွေ ချောင်းရေတိုက်စားလို့ ပျက်စီးလာတာ အခုဒီနှစ်နဲ့ ဆိုရင် လယ်ဧက ၈၀ လောက်ရှိတော့မယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်အတွင်း ဇူလိုင် ၁ ရက်နေ့ကစလို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွားသွန်းပြီး တောင်ကျရေကြောင့် မောချောင်းရေမြင့်တက်ကာ ချောင်းရေ တိုက်စားတာတွေဖြစ်ပြီး လယ်ဧက အမြောက်များ ပြိုကျပျက်စီးခဲ့ရတာလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတွေအနေနဲ့…

Read More

ဟားခါးလူငယ်များ ခရီးထွက်ပြီး ပြန်မလာပါက အာမခံပေးသူ အဖမ်းခံရမယ်လို့ CDF-Hakha ထုတ်ပြန်

ဇူလိုင်လ ၁၇ ရက်။ ဟားခါးမြို့နယ်မှ အခြားဒေသသို့ ခရီးသွားလိုသူ လူငယ်များအတွက် သတ်မှတ်ချက်များနဲ့ ခရီးထွက်သွားသူ ဟားခါးမြို့ကိုပြန်မလာပါက အာမခံပေးသူ အဖမ်းခံရမယ်လို့ ဟားခါးမြို့နယ်မှာအဓိကစစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ Chinland Defense Force -Hakha (CDF-Hakha) က ဇူလိုင်လ (၁၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လူငယ်များအနေနဲ့ ဟားခါးမြို့နယ်ပြင်ပသို့ခရီးသွားရန်အတွက် လူငယ်တိုင်းကို ထောက်ခံစာနဲ့ အာမခံချက်များအတွက် လူငယ်တိုင်းကို ရေးပေးခွင့်ရှိမည်မဟုတ်ပဲ ဆေးဝါးကုသမှုခံယူရန်အတွက်လည်းကောင်း၊ မိဘဆွေမျိုးများ၏ ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီး ဆရာဝန်၏ ထောက်ခံချက်၊ သာရေး၊ နာရေးကိစ္စများဆိုလျှင်အဆိုပါကိစ္စ၏ အကြောင်းအရာ၊ ထို့နောက် ဟားခါးမြို့နယ်တွင်းသို့ ပြန်မလာပါက မိမိအဖမ်းခံမယ်လို့ အာမခံချက်ပေးသူရှိရမယ်လို့ CDF-Hakha က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ထို့အပြင် လူငယ်ကိုယ်တိုင်၏ ကျန်းမာရေးကိစ္စသော်လည်းကောင်း၊ သာရေး/နာရေးကိစ္စများအတွက်သော်လည်းကောင်းထောက်ခံချက်များအတွက် မှန်ကန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှုး (သို့) သင်းအုပ်ဆရာရဲ့…

Read More

ချင်းဒုက္ခသည် ၂ သိန်းဝန်းကျင်ဟာ အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှုင်းနေကြရတယ်လို့ ICA ထုတ်ပြန်

ဇူလိုင်လ ၁၇ ရက်။ ချင်းပြည်နယ်မှာ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၅ သိန်းဝန်းကျင်ရှိတဲ့အထဲ လူဦးရေ ၂ သိန်းဝန်းကျင်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေအဖြစ် ေဘးလွတ်ရာဒေသတွေကို ပြောင်းရွှေ့ပြီး အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရတယ်လို့ ချင်းဒုက္ခသည်တွေကိုကူညီပံ့ပိုးပြီးချင်းအရေး သုတေသနလုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ်( ICA) ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒုက္ခသည်အဖြစ် ထွက်ပြေးနေရတဲ့ ချင်းလူဦးရေ၂ သိန်းထဲကနေ ၁ သိန်းသုံးသောင်း ဝန်းကျင်ဟာ ပြည်တွင်းကိုပြောင်းရွှေ့ပြီး ၇ သောင်းဝန်းကျင်ကတော့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ်နေရတယ်လို့ ICA က ဆိုပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ဒုက္ခသည် ၃၃,၀၃၆ ဦးဟာ မီဇိုရမ်ပြည်နယ်အတွင်း…

Read More

CDF – Mara နဲ့ MDF တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

ဇူလိုင်လ ၁၆ ရက်။ IMC / Chinland Defense Force – Mara (CDF-Mara) နဲ့ Mara Defense Force (MDF) တပ်ဖွဲ့တွေအကြား ဇူလိုင်လ ၁၄ ရက်နေ့ကစလို့ ဖာရ်တလန်ရွာ အနီး နေရာသုံးခုမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ဒီကနေ့ချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ကြောင်း IMC/ CDF – Mara က ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ IMC / CDF – Mara အနေ နဲ့ MDF တပ်ဖွဲ့နှင့် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုမရှိအောင် CDF – Mara ဌာနချုပ် ဧရိယာကနေ ထွက်ခွာဖို့ ဇူလိုင် ၅…

Read More

မကြားအိမ်နူးကျေးရွာမှာ CDF-Kanpetlet အဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူတွေစိုးရိမ်နေတယ်လို့ DRC ထုတ်ပြန်

ဇူလိုင်လ ၁၆ ရက်။ ကန်ပက်လက်မြို့နယ်၊ မကြားအိမ်နူးကျေးရွာအနီး တပ်စွဲခဲ့ကြတဲ့ CNA တပ်ဖွဲ့ဝင်တွေ တပ်ရုပ်သိမ်းစခန်းစွန့်သွားတာကို အကြောင်းပြုပြီး ချင်းညီနောင်အဖွဲ့ဝင် CDF – Kanpetlet ကမိမိတို့နဲ့ကြိုတင်ညှိနှိုင်းတာတွေမလုပ်ဘဲ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေမှာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှာကို ပြည်သူတွေစိုးရိမ်နေကြတယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) က မနေ့ ဇူလိုင်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေးနယ်မြေ ဒေသ (၁) မကြားအိမ်နူးကျေးရွာအပါအဝင် ဒေသတစ်ခုလုံးရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးကို CDF – Daai က တာဝန်ယူဆောင်ရွက်နေတာကြောင့် ညီအစ်ကိုတော်လှန်ရေး၊ အင်အားစုတွေအနေဖြင့် ေဒသတွင်း တည်ငြိမ်အေးချမ်းရေးကို ရှေးရှုကာ ဒိုင်ရ်ဒေသန္တရကောင်စီအုပ်ချုပ်ရေး နယ်မြေအတွင်းရောက်ရှိနေတဲ့ စစ်ကြောင်းတွေအား အမြန်ဆုံး ပြန်လည်ဆုတ်ခွာပေးဖို့ကိုလည်း အသိပေးတဲ့အကြောင်း ဒိုင်ရ်ဒေသန္တရကောင်စီ(DRC) က ထုတ်ပြန်ထားပါတယ်။…

Read More

ချင်းအမျိုးသားတက္ကသိုလ်(CNU) က သင်ကြားရေး ဆရာ၊ ဆရာမ ခေါ်ယူမယ်

ဇူလိုင်လ ၁၅ ရက်။ ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) မှာ လစ်လပ်နေတဲ့ လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ အတွက် လာရောက်လျှောက်ထားနိုင်တယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်အတွက် လက်ထောက်ကထိက၊ ကထိက၊ ပါမောက္ခရာထူးများ လစ်လပ်လျက်နေပြီး မြေပြင်တွင် တာဝန်ထမ်းဆောင်နိုင်သည့် ဘွဲ့ကြို/ဘွဲ့လွန်လက်မှတ် ရသူများသည် လက်ထောက်ကထိကရာထူး၊ ပါရဂူဘွဲ့ရများသည် ကထိကရာထူး၊ တက္ကသိုလ်/ကောလိပ်/သိပ္ပံတခုခု (သို့မဟုတ်) အစိုးရဌာနတခုခုတွင်တာဝန်ထမ်းဆောင်ဖူးသောသူများသည် မူလရာထူးထက်မနိမ့်သော ရာထူးများသို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ ပညာအရည်အချင်းနှင့် အထူးပြုဘာသာရပ်တွေကအင်္ဂလိပ်စာအထူးပြုဖြင့် BA/MA/PhD ဘွဲ့ရရှိသူများ ၊ ဆေးပညာဖြင့် MBBS/MMedSc/PhD ဘွဲ့ရရှိသူများ ၊…

Read More

ရိခေါ်ဒါရ်မြို့ကဒေသခံအားလုံးနီးပါး နေရပ်ပြန်လာကြပြီလို့ သိရ

ဇူလိုင်လ ၁၅ ရက်။ ဒေသတွင်း ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ထိတွေ့တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ဖလမ်းမြို့နယ်၊ရိခေါ်ဒါရ်မြို့ကဒေသခံတွေ အားလုံးနီးပါးဟာ နေရပ်ပြန်လာကြပြီလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – Hualngoram တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ စစ်ရေးဖိအားပေးမှုတွေနဲ့အတူ ဇူလိုင်လ ၁၀ ရက်နေ့ည CNO/CNDF တွေ ဆုတ်ပြေးပြီး နောက်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ကစလို့ စစ်ဘေးရှောင်တွေပြန်လာကြပါတယ် လက်ရှိမှာ ကျနော်တို့ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်ပြည်လည်ပတ်နေပြီး စစ်ပွဲကြောင့် ပြည်သူတွေကြား ထိခိုက်နစ်နာမှုတွေကို ကုစားပြီး ပြန်လည်ထူထောင်ရေးတွေကို ဆက်လက်ဆောင်ရွက်နေတယ် အေးချမ်းစွာနဲ့ ကျနော်တို့ Hualngoram ပြည်သူတွေ…

Read More

အချင်းချင်း သွေးထွက်သံယိုဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးရန် နဲ့ ပန်ကြားချက်များကို ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ထုတ်ပြန်

ဇူလိုင်လ ၁၄ ရက်။ အချင်းချင်း သွေးထွက်သံယိုဖြစ်စေမှုအား မည်သည့်အနေအထားတွင်မဆို ရှောင်ရှားပေးရန် တော်လှန်ရေးအဖွဲ့အစည်းများသို့ ပန်ကြားချက်အပါအဝင် ချင်းပြည်သူလူထုသို့ ပန်ကြားချက်နဲ့ Supporting Team များ နှင့် သတင်းမီဒီယာများသို့ ပန်ကြားချက် များကို ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်ကအာဏာသိမ်းပြီး နောက် အကြမ်းမဖက် အာဏာဖီဆန် လှုပ်ရှားမှု (Civil Disobedience Movement)မှာ ပါဝင်ပြီး စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ ရှေ့ဆောင်ခဲ့ကြသူများဖြစ်တဲ့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများမှ ဒီကနေ့ ဇူလိုင်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းများရဲ့ထုတ်ပြန်ချက်မှာ ၁။ ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က နိုင်ငံတော်၏အချုပ်အခြာအာဏာကို မတရားသိမ်းယူရန် လုပ်ဆောင်မှုအား ပြတ်ပြတ်သားသား…

Read More