ချင်းပြည်နယ်မှာ ဒီဇင်ဘာလအတွင်း မိုင်းကြောင့် ၂ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့
ဇန်နဝါရီလ ၁၃ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ တစ်လအတွင်း မိုင်းကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Women for Justice – Wj ရဲ့ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်တဲ့ ဒီဇင်ဘာလအတွင်းချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအခြေအနေ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ဒါ့ပြင် ချင်းပြည်နယ်နယ်မှာ ဒီဇင်ဘာလ တလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃၄ လုံး နဲ့ ဘုရားကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး လူငယ် ၄ ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ Women for Justice ရဲ့ ဖော်ပြချက်အရ သိရပါတယ်။…

