
မတူပီ – မင်းတပ်လမ်း ပြုပြင်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သွားလာခြင်းမလုပ်ဖို့ အသိပေး
ဇွန်လ ၆ ရက်။ ချင်းပြည်နယ်တောင်ပိုင်းက မတူပီ – မင်းတပ်လမ်းကို ပြုပြင်နေတာကြောင့် ဇွန်လ ၆ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ လုံးဝ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ ( CDF – Matupi ) က ဇွန်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ မတူပီပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာအဓိကလမ်းဖြစ်တဲ့ မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၉၁) မှာ ယိုယွင်းပျက်စီးနေတဲ့အတွက် (MRO)/ ( CDF – Matupi ) အနေနဲ့ ပြုပြင်တဲ့ကာလကို ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၅…