တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ ပျက်စီး
နို၀င်ဘာလ ၂၀ ရက်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ အစောပိုင်းမှာ စစ်ကော်မရှင် လေတပ်မှ တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခြေခံပညာ အထက်တန်း ကျောင်းဝန်း အတွင်းရှိ ဘော်ဒါဆောင် အပါအဝင် အဆောက်အဦး အချို့ နှင့် သာသနိက အဆောက်အဦး အချို့ ပျက်စီးခဲ့တယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။ “ဗုံးကြဲလာတော့ သန်းခေါင် ကျော်နေပြီ။ ပထမ တကြိမ်က ၁၂: ၂၁ အချိန် ဖြစ်တယ်။ နောက် ၁၀ မိနစ် လောက် အကြာ ၁၂: ၂၂ လောက်မှာ ပေါက်ကွဲသံ ထပ်ကြားရတယ်။ ပေါက်ကွဲသံ ကြောင့်…

