ဟားခါးမြို့မှာ လာပြီး စစ်ဘေးရှောင်နေတဲ့ ချင်းပြည်သူထောင်ကျော် အတွက် ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းတို့ ပြုလုပ်ပေးခဲ့တယ်လို့ HBA ထုတ်ပြန်
ဒီဇင်ဘာလ ၁ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင် လာရောက်ခိုလှုံကြတဲ့ တခြားမြို့နယ်တွေက ချင်းစစ်ရှောင်လူထောင်ကျော်အတွက် ဟားခါးနှစ်ခြင်းခရစ်ယာန်အသင်းတော်များအစည်းအရုံး ( Hakha Baptist Association – HBA) က ဆုတောင်းပေးခြင်းနဲ့ ညစာဧည့်ခံခြင်းအခမ်းအနားကို မနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ ဟားခါးမြို့ကဘုရားကျောင်းတချို့မှာ ပြုလုပ်ခဲ့တယ်လို့ HBA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆုတောင်းပေးခြင်းနဲ့ ညစာပြင်ဆင်ပေးခြင်း အခမ်းအနားကို ချင်းပြည်နယ်အတွင်းက မြို့နယ် ၆ မြို့နယ်ခန့်က ဟားခါးမြို့ကို စစ်ဘေးရှောင်နေကြသူတွေ ပါဝင်နိုင်ခဲ့တယ်လို့လည်း HBA ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဟားခါးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြတဲ့အထဲ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်က ပြည်သူတွေအများဆုံးလို့ သိရပြီး ထန်တလန်မြို့နယ်ကနေလာရောက်ခိုလှုံသူ အိမ်ထောင်စု ၂၆၀ နဲ့ လူဦးရေ ၈၆၀…

