Headlines

ဖလမ်းမြို့နယ်ရှိ စစ်ဘေးရှောင် ၂သောင်းကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် ေစာင်၊ အနွေးထည်တွေ လိုအပ်နေ

နို၀င်ဘာလ ၂၀ ရက်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်လာမှုတွေကြောင့် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်အတွင်း စစ်ဘေးရှောင်လာတဲ့ ကလေးတောင်ပိုင်းက ဒေသခံအရပ်သားတွေအပါအဝင် ဒေသခံ ၂ သောင်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ေစာင်၊ အနွေးအထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကပြောပါတယ်။ CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “လက်ရှိဖလမ်းမြို့နယ်ထဲ စစ်ဘေးရှောင်က ၂ သောင်းကျော်ရှိပါတယ် ရွာတွေ တောထဲတွေမှာနေနေရတယ်ပေါ့ သူတို့အတွက် ဆန်၊ ဆီ ၊ ပဲ ၊ ဆေးဝါး၊ အမိုးအကာတွေ နောက်ပြီး ဆောင်းရာသီဆိုတော့ အနွေးထည်တွေ ဆောင်တွေ အရေးပေါ်လိုအပ်နေကြပါတယ် ကလေးတောင်ပိုင်း နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါးလေးတို့ စတဲ့…

Read More

တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာမှာ စစ်ကော်မရှင်တပ်မှ ဗုံးကြဲ တာကြောင့် အဆောက်အဦး တချို့ ပျက်စီး

နို၀င်ဘာလ ၂၀ ရက်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၂ နာရီ အစောပိုင်းမှာ စစ်ကော်မရှင် လေတပ်မှ တီးတိန်မြို့နယ်၊ထုတ်လိုင်ရွာကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် အခြေခံပညာ အထက်တန်း ကျောင်းဝန်း အတွင်းရှိ ဘော်ဒါဆောင် အပါအဝင် အဆောက်အဦး အချို့ နှင့် သာသနိက အဆောက်အဦး အချို့ ပျက်စီးခဲ့တယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိရ ပါတယ်။ “ဗုံးကြဲလာတော့ သန်းခေါင် ကျော်နေပြီ။ ပထမ တကြိမ်က ၁၂: ၂၁ အချိန် ဖြစ်တယ်။ နောက် ၁၀ မိနစ် လောက် အကြာ ၁၂: ၂၂ လောက်မှာ ပေါက်ကွဲသံ ထပ်ကြားရတယ်။ ပေါက်ကွဲသံ ကြောင့်…

Read More

ကနေဒီတောင်စခန်းကို ချင်းညီနောင် (CB)က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့

နိုဝင်ဘာလ ၁၉ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာရှိတဲ့ စစ်ရေးအရ အချက်အချာကျတဲ့ ကနေဒီတောင်ကို ချင်းညီနောင် (CB) အဖွဲ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ တီးတိန်မြို့နယ်က ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF – Zoland ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ဖော်ပြချက်အရ သိရပါတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ရွှေ့လျားစစ်ကြောင်းကို အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ CB အဖွဲ့ဘက်က ဆုတ်ခွာပေးခဲ့ရပြီးနောက် စစ်ရေးအရ အချက်အချာ ကျတဲ့ ကနေဒီတောင်စခန်းကို နိုဝင်ဘာလ ၄ရက်နေ့မှာ စစ်ကော်မရှင်တပ်က ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ချင်းညီနောင်အဖွဲ့ဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကနေဒီတောင်စခန်းကို မနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို…

Read More

ချင်းပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် အင်အား ၁၀၀ ခန့်ချေမှုန်းခံရ

နိုဝင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ဝေဘူလမြို့ကြား နဲ့ တီးတိန်မြို့နှင့်ခိုင်ကမ်းမြို့ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်မှူးကြီးအဆင့်အရာရှိတွေအပါအဝင် ရန်သူအင်အား ၁၀၀ ဝန်းကျင်ကို ချင်းညီနောင် CB မဟာမိတ်နဲ့အတူ ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသော ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) တို့သည် ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း (၂) သည်…

Read More

မတူပီမြို့နယ်မှာ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်သွားခဲ့

နိုဝင်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း (၇)နာရီ ၊ ၃၄ မိနစ် မိနစ်လောက်မှာ အင်အား ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပေမယ့် ဒေသခံတွေ အများစုကတော့ လှုပ်ခတ်တာမသိလိုက်ကြဘူးလို့ပြောပါတယ်။ မတူပီမြို့အနီး၊ မြေအောက်အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၄ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေဝန်ကြီးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်ကဒေသခံတစ်ဦးက “ ကျနော်တို့က သတင်းထုတ်ပြန်မှ ငလျင်လှုပ်တယ်ဆိုတာ သိရတာ ငလျှင်လှုပ်တာ မခံစားမိလိုက်ဘူး ၊ မသိလိုက်ဘူး” လို့ပြောပါတယ်။…

Read More

ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်၊လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့

နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ် ၊ ဖလမ်းမြို့ကို ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အကြား ဒီကနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပြီး စစ်ကော်မရှင်က လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်မှာ အဓိကစစ်ရေးလှုပ်ရှားတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့လောက်ကနေ စလို့ ထိုးစစ်ဆင်လာသလို နိုဝင်ဘာလ ၃ ရက်နေ့လောက်က ဝေဘူလမြို့ကို တပ်အင်အား ၄၀၀ ကျော်ဝင်ရောက်ခဲ့ပြီး အဲဒီကနေတဆင့် ဖလမ်းမြို့ဘက်ကို ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ CNO / CNDF ကပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။…

Read More

ချင်းပြည်နယ်မှာ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့

နို၀င်ဘာလ ၁၇ ရက်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ လ အတွင်း စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် အထိပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး၊၂၅ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းအရေး သုတေသန လုပ်နေတဲ့ ချင်းရေးရာအဖွဲ့ချုပ် ( ICA ) ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်အတွင်း ဗုံးအလုံးရေ ၂၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့တုန်းကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ (၁၀)…

Read More

ကန်ပက်လက်မြို့မှာ ဗုံးကြဲခံရလို့ သေဆုံးခဲ့တဲ့ ရဲမေနာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူ ပြည်သူ၂ဦးဟာ ဒလန်မဟုတ်ကြောင်း CDF-Kanpetlet ထုတ်ပြန်

နိုဝင်ဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးသူပြည်သူ ၂ဦးဟာ ဒလန်မဟုတ်ဘဲ သေဆုံးသူတွေရဲ့ မိသားစုဟာ တော်လှန်ရေးမှာပါဝင်နေသူတွေဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ CDF-Kanpetlet အဖွဲ့က နိုဝင်ဘာ ၁၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၄ရက်က စစ်ကောင်စီတပ်က ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရရှိခဲ့ပါ ကြောင်း၊ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့ သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့ ပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း CDF-Kanpetlet က ထုတ်ပြန်ပါတယ်။…

Read More

တီးတိန်မြို့ကနေ သိုင်းငင်းရွာဘက်ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့ လေထန်ကုန်းမှာ ထိတွေ့ တိုက်ပွဲ ဖြစ်

နိုဝင်ဘာလ ၈ ရက်။ နိုဝင်ဘာလ ၇ ရက်နေ့ နေလည် ၁ နာရီခန့်မှာ တီးတိန်မြို့နယ် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ တခု ဖြစ်တဲ့ CDF-CDM-Siyin နှင့် တီးတိန်မြို့ ကနေ သိုင်းငင်းဘက်ကို ဦးတည် ချီတက် စစ်ကြောင်း ထိုးလာတဲ့ အင်အား ၃၀၀ ကျော် ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တို့ လေထန်ကုန်းခေါ် ဖို့ဝှိုက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့  စစ်ရေး သတင်း အရင်းအမြစ်တစ်ဦးဆီကနေ သိရှိရပါတယ်။ “အခု ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ရတာက တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၉ ရက်နေ့က သိုင်းငင်းရွက်ဘက်ကို ဦးတည်  ထွက်လာတဲ့ စကမ စစ်သားတွေ…

Read More

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

နိုဝင်ဘာလ ၇ ရက်။ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်အင်အားအလုံးအရင်း (၄၀၀) ခန့်က ဒေသခံပြည်သူတစ်ချို့ကို ဖမ်ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဖက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ကြောင်း၊နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထိုးစစ်ဆင်လာပြီး တီးတိန် – ကလေးလမ်း ဆွောမ်းပီး…

Read More