Headlines

ချင်းပြည်နယ်မှာ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးတာကြောင့် M.B.B.S ဆေးပညာသင်တန်း ဖွင့်လှစ်မယ်လို့ သိရ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန်၊ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ကစတင်ပြီး Bachelor of Medicine, Bachelor of Surgery (M.B.,B.S) သင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်တယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ၊ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့သြဂုတ်လ ၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ဒီသင်တန်းကို Interim University Council, Univeristy of Medicine 1 နှင့် Ministry of Health and Sports, Government of Chinland တို့ပူးပေါင်းပြီး ဖွင့်လှစ်မှာလို့လည်း ထုတ်ပြန်ထားပါတယ်။…

Read More

CDF – Kanpetlet ကတာဝန်ပေးတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကလွဲရင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို အရေးယူမယ်လို့ CDF – Kanpetlet က ထပ်မံ သတိပေး

ဩဂုတ်လ ၆ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကို CDF – Kanpetlet ကတာဝန်ပေးအပ်ခံရတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှအပ တိုက်ခိုက်ရေးမောင်းပြန် ရိုင်ဖယ်အမျိုးမျိုး ၊ စစ်သုံးကျည်ဆံအမျိုးမျိုး၊ ဖောက်ခွဲရေးပစ္စည်း အမျိုးမျိုး၊ စကားပြောစက်အမျိုးမျိုး ၊ ဒရုန်းနဲ့ စက်ဘက်ဆိုင်ရာသုံး မည်သည့်ပစ္စည်းမဆို တရားမဝင်လက်ဝယ် ပိုင်ဆိုင်ထားရှိတာ၊ ရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ဖို့နဲ့ အကယ်လို့ စုံစမ်းစစ်ဆေးတွေ့ရှိရင် စစ်ဘက်ဆိုင်ရာ ဥပဒေအရ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဆောင်ရွက်သွားမယ်လို့ ထပ်မံသတိပေးတဲ့ကြောင်း သြဂုတ်လ ၆ ရက်နေ့မှာ CDF – Kanpetlet ကထုတ်ပြန်ပါတယ်။ လက်ရှိကန်ပက်လက်မြို့နယ် CDF – Kanpetlet ထိန်းချုပ်ဧရိယာအတွင်း နယ်မြေတည်ငြိမ် အေးချမ်းမှုမရှိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အရပ်သားပြည်သူတစ်ချို့ကို တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်တွေ Short Gun…

Read More

တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းများ ကိုဒေသခံများမှ ကိုယ်ထူကိုယ်ထပြုပြင်နေရ

ဩဂုတ်လ ၅ ရက်။ တီးတိန်မြို့နယ် အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းမ ဖြစ်သည့် တီးတိန်-မံဆောင်း -လိုင်တွီး- ရိဒ် လမ်းပိုင်း အပါအဝင် တခြား လမ်းသွယ်များရှိ ပျက်စီးနေသော လမ်းပိုင်းများကို ဒေသခံများမှ ကိုယ်ထူကိုယ်ထ ပြုပြင် နေရတယ် လို့ ဒေသခံများရဲ့ ပြောပြချက် အရ သိရှိခဲ့ရ ပါတယ်။ “လိုင်တွီးရွာ နှင့် တီအိုချောင်း (ရိဒ်) ကြား က လမ်း အတော် ပျက်စီးတယ်။ လိုင်တွီးရွာ ကား အသင်း နဲ့ တီအိုဘက် ကားအသင်းတွေ ပူးပေါင်းပြီး ပြင်ဆင်နေပါတယ်” လို့ ဒေသခံ တစ်ဦး ထံမှ ပြောပါတယ်။ မဏိပူရမြစ်ကို ဖြတ်ကူးပြီး သွားလာနိုင်တဲ့ တီးတိန်-ကပ်တဲလ်- လဲင်းတန် လမ်းဟာ လည်း…

Read More

ရန်ကုန်သွားမယ့် ရခိုင်လူငယ်တွေကို စက်လှေပေါ်လိုက်ပါစီးနင်းခွင့်ပေးမိတဲ့ ချင်းအမျိုးသားတစ်ဦးကို AA ဖမ်းဆီးသွားကာ အဆက်အသွယ်မရဖြစ်နေ

ဩဂုတ်လ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒေသ ၂ ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာနေ စက်လှေမောင်းတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်သွားမယ့် ရခိုင်ပြည်က ရခိုင်လူငယ်တွေကို သူစက်လှေပေါ် စီးနင်းလိုက်ပါခွင့်ပေးမိလို့ ပလက်ဝမြို့နယ် သံထောင်ဂိတ်မှာ အာရက္ခတပ်တော်(AA)ရဲ့ ဖမ်းဆီးတာ ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဖမ်းဆီးခံရတဲ့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အဖမ်းခံရတာ ဇူလိုင်လ ၂၀ ရက်နေ့က ဖြစ်တယ် သူကမြောက်ဦးဘက်ကို ရခိုင်ကုန်သယ်တွေရဲ့ ကုန်ပစ္စည်းတွေကို သွားပို့ပြီး အပြန်မှာ ရခိုင်လူငယ်တွေက လိုက်ချင်တယ်လို့ ပြောလို့ တင်လာတာဖြစ်တယ် အဲဒါ သံထောင်ရွာက AA ဂိတ်မှာ အကုန်လုံးအဖမ်းခံရတယ်။ AA…

Read More

ဟားခါးမြို့မှာ လူငယ် ၄၀ ၀န်းကျင် ဖမ်းဆီးခံရပြီးနောက် ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်များ စိုးရိမ်

ဩဂုတ်လ ၅ ရက်။ ဟားခါးမြို့ပေါ်က လူငယ် ၄၀ ၀န်းကျင် ဩဂုတ်လ (၃) ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များရဲ့ အဖမ်းခံရပြီးနောက် ညပိုင်းမှာ မြို့တွင်း‌ ပစ်ခတ်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ ဖမ်းဆီးခံလူငယ်များ ပြန်လည်မလွတ်မြောက်သေးတာကို ဒေသခံမိဘပြည်သူများအနေနဲ့ စိုးရိမ်လျက်ရှိတယ်လို့ ‌ဟားခါးဒေသခံများကပြောပါတယ်။ ဟားခါးဒေသခံတစ်ဦးက “ တနင်္ဂနွေနေ့မနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆောက်လုပ်ရေးဌာနရဲ့ပြည်နယ်မှုးကိုဖမ်းတယ်လို့သိရတယ်။ မနက်ပိုင်း ဘုန်းကြီးကျောင်းအသွားမှာ အဖမ်းခံရတယ်လို့သိရတယ်။ အဲဒါနဲ့ နေ့လည်ပိုင်းမှာ လူငယ်တွေကို ဟားခါး-ဂန့်‌ဂေါလမ်းမှာ စစ်တပ်တွေက ဆိုင်ကယ်နဲ့ ဖြတ်သွားသူတွေကို ဖမ်းတယ်။ အဲဒီလမ်းမပေါ်မှာရှိတဲ့ လဖက်ရည်ဆိုင်မှာ ထိုင်တဲ့လူငယ်တွေကိုလည်းဖမ်းတာပေါ့။ အစကတော့ ဌာနဆိုင်ရာလူကြီးအဖမ်းခံရတော့ ပြန်လွှတ်ပေးဖို့အတွက်နဲ့ လူငယ်တွေကို စစ်ဆေးဖို့ဖမ်းတာလို့ယူဆရတာပေါ့။ ဒါပေမယ့် ညပိုင်းမှာ တာ၀န်ကျကင်းလှည့်စစ်သားတွေကို မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုအထိ ဖြစ်လာတော့…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ အဆောက်အဦး ၁၀ လုံးခန့်ထိခိုက်ပျက်စီး

သြဂုတ်လ ၄ ရက်။ ယမန်နေ့ သြဂုတ်လ ( ၃ ) ရက်နေ့ နံနက် ( ၈:၅၀ ) ဝန်းကျင်မှာ ချင်းပြည်နယ်၊မင်းတပ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၂ )ကြိမ်တိတိပြုလုပ်သွားခဲ့ကာ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အစိုးရအဆောက်ဦး (၂)လုံးခန့်နှင့် ပြည်သူနေအိမ် ( ၈ )လုံးခန့်စုစုပေါင်းအဆောက်ဦး (၁၀ )လုံးခန့် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ စစ်ကောင်စီက..သူစစ်အုပ်ချုပ်ရေး ကြေညာထားတဲ့နေရာတွေကို အငြိုးထား ဗုံးကြဲတိုက်ခိုက်နေတာလို့ပဲ မြင်ပါတယ်။ သူလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ၊ မြို့နယ်တွေကို အခဲမကျေ ဖြစ်တာပေါ့။မနေ့ကပဲ ဗုံးကြဲတိုက်ခိုက်တယ်.. ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။အများစုကတော့ သတိထားကြတာရယ်.. မြို့ပေါ်မှာ လူနေ နည်းပါးတာရယ်.. ကြောင့် ပြည်သူတွေ…

Read More

ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာနဲ့ အနောက်ဂန့်ဂေါကျေးရွာက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရ

ဩဂုတ်လ ၄ ရက်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနဲ့ Senthang ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ရှုံးရှီကျေးရွာနေ ဒေသခံပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က မနေ့ သြဂုတ်လ ၃ ရက်နေ့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အဖမ်းဆီးခံရသူတွေထဲကနေ အမျိုးသမီး ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၀ ဦးကို တော့ ဆက်ဖမ်းသွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ သြဂုတ်လ ၃ ရက်နေ့ညက ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်ရင်းက စစ်သားတွေ စစ်ကား ၂ စီးနဲ့ ရှောင်ပင်ရွာမှာ ဘန်ကာတွေ ဆောက်ပြီးနေရာယူထားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့ကို စစ်ကြောင်း ဝင်ရောက်ခဲ့ကာ အရပ်သား ပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့…

Read More

ချင်းပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ် (၇) မြို့နယ်ကို အရေးပေါ်ကြေညာထားတာဟာ စစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားသာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ကပြော

ဩဂုတ်လ ၄ ရက်။ ချင်းပြည်နယ်က မြို့နယ် ၉ ခုထဲမှ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ မြို့နယ်ကို ရက်ပေါင်း ၉၀ အရေးပေါ်အခြေအနေ ကြေညာထားတာဟာ ရွေးကောက်ပွဲမလုပ်နိုင်မယ့်နေရာတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အငြိုးထားတိုက်ခိုက်ချင်တဲ့ သဘောထားကို တွေ့ရတယ်လို့ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။ ချင်းညီနောင် (CB) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “မြို့နယ် (၇) မြို့နယ်ကို ရက်ပေါင်း ၉၀ ကြေညာတယ်ဆိုတာက အဓိကတော့ သူရွေးကောက်ပွဲ မလုပ်နိုင်တဲ့နေရာတွေကို သူ့ရဲ့အဓိကရည်ရွယ်ချက်က ရွေးကောက်ပွဲပဲဆိုတော့ သူရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေကို ရွေးပြီးမှ ကြေညာတယ်ပေါ့နော် အဲလိုမကြေညာထားတဲ့မြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ကြိုးစားမယ်လို့ မြင်ရတယ် အဲဒီရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာတွေ စစ်အုပ်ချုပ်ရေးကြေညာတဲ့နေရာတွေကို အငြိုးထားတိုက်ခိုက်ချင်တယ်ဆိုတဲ့ သဘောထားတွေ့ရတယ်…

Read More

Global Zomi Lengthe 2025 အဆိုပြိုင်ပွဲမလေးရှားနိုင်ငံမှာ အောင်မြင်စွာ ကျင်းပ၊တေးဂီတ အနုပညာရှင်များကို ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

ဩဂုတ်လ ၂ ရက်။ Zomi Music Uplift Society (ZOMUS) မှ အဆိုပြိုင်ပွဲ Season 3 အဖြစ် ပြုလုပ်ခဲ့တဲ့ Global Zomi Lengthe 2025 သီချင်း အဆို ပြိုင်ပွဲဖိုင်နယ်ပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းမှာ မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ HGH Convention Centre Sentul တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး Lia Huaisen (Malaysia) မှ Winner ဆုရရှိသွားကြောင်း၊ ကွယ်လွန်ခဲ့ပြီး ဖြစ်တဲ့ ဇိုမီး တေးဂီတ အနုပညာရှင်များ ကို The Evergreen Award ကိုလည်းကောင်း၊ သက်ကြီး ဇိုမီး တေးဂီတ အနုပညာရှင်များကို…

Read More

အရေးပေါ်အခြေအနေကြေညာခံရတဲ့အထဲ ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ်ကလမ်းတချို့ယာယီပိတ်မယ်လို့ထုတ်ပြန်

ဩဂုတ်လ ၂ ရက်။ အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်အခြေအနေကြေညာခံရတဲ့ မြို့နယ်တွေထဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့လည်း ပါဝင်တာကြောင့် ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်းက မိဘပြည်သူတွေ အရေးပေါ်အခြေအနေ ခရီးသွားလာတာကလွဲရင် လမ်းတွေ သြဂုတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ CDF – Kanpetlet Battalion (5) Khonu Battalion က ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ် ဒါးရင်းဒူးဒေသ ခေါ်နူးတပ်ရင်းရဲ့ ထိန်းချုပ်မှုနယ်မြေ အတွင်း ကာကွယ်ရေးဆိုင်ရာ အရေးပေါ်လုံခြုံရေးကိစ္စရပ်တွေ ဆောင်ရွက်လိုတာကြောင့် ရပ်နီးရပ်ဝေး ခရီးသွားလာခြင်း ဆိုင်ကယ်ကယ်ရီဖြင့် ကုန်စီပို့ဆောင်ခြင်း၊ ဒေသခြားသွားလာမှုတွေ အရေးပါ်အခြေအနေမှအပ ခရီးသွားလာခြင်း နှင့် ကုန်သွယ်စီးဆင်းမှု တွေအပါအဝင်…

Read More