ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကိုလေကြောင်းတိုက်ခိုက်ခဲ့လို့ပြည်သူ (၇) ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရတဲ့အပေါ် များစွာဝမ်းနည်းရတယ်လို့ IKACC ထုတ်ပြန်
ဧပြီလ ၂ ရက်။ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာက အရပ်သားပြည်သူ (၇) ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ပေါ် များစွာဝမ်းနည်းရတယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ ( IKACC) က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကော်မရှင်က မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီချိန်မှာ ဂျက်ဖိုက်တာ (၂) စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်၊ ရော့ကတ်ဖြင့် တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ လို့ အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့…

