Headlines

တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရွာသား ၁ ဦး မိုင်းနင်းမိ ပြီး ခြေထောက် တဖက် ဖြတ်ခဲ့ရ

ဇန်နဝါရီလ ၂၈ ရက်။ ဇန်နဝါရီလ ၂၅ ရက်နေ့က တီးတိန်မြို့နယ် New Suangpi ရွာမှာ စစ်ရှောင်ရာကနေ နေအိမ်ကို စောင့်ကြည့်ဖို့ ပြန်လာတဲ့ ရွာသားအသက် ၃၈ နှစ် အရွယ် Pa Khuang Tin Mang ဟာ ရွာအဝင်ဝ ကနေ မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက် တဖက် ဖြတ်တောက်ခဲ့ရတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရ ပါတယ်။ “စစ်ကောင်စီ စစ်သားတွေ စစ်ကြောင်းထိုး ချီတက်လာတာကြောင့် New Suangpi တရွာလုံး နီးစပ်ရာ ရွာတွေ၊ တောင်ယာတဲ တွေမှာ စစ်ရှောင် ထွက်ပြေးခဲ့ရတယ်။ ရွာထဲကနေ စစ်သားတွေ ထွက်ခွာသွားတဲ့ သတင်း ကြားတာနဲ့ အိမ်ကို သွားကြည့်ဖို့ ရွာထဲပြန်လာတော့…

Read More

ပလက်ဝမြို့နယ်မှာ AA က ၄၅ ရက် စစ်သင်တန်းတက်ဖို့ အတင်းလူစုဆောင်းလို့ ဒေသခံအမြောက်အများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ဇန်နဝါရီလ ၂၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ကစလို့ အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက် တက်ရောက်ဖို့ အတင်းအဓမ္မနာမည်စာရင်းကောက်ယူတာတွေ လူဖမ်းဆီးတာတွေ လုပ်နေလို့ ဒေသခံတွေဟာ ရရာလမ်းကြောင်းတွေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော် ( AA) က စစ်သင်တန်း ၄၅ ရက်တက်ရောက်ဖို့ ပြီးခဲ့တဲ့နိုဝင်ဘာလ ကစလို့ ပလက်ဝမြို့ပေါ်မှာ ဟောပြောတာ ၊ စာရင်းကောက်ယူတာတွေ အရင်လုပ်ခဲ့ပြီးနောက် ပလက်ဝအောက်ပိုင်းက ရွာတွေမှာ တစ်ရွာဝင် တစ်ရွာထွက်တောက်လျောက်လုပ်သလို ပလက်ဝအထက်ပိုင်းက ရွာတွေမှာလည်း အခုဇန်နဝါရီလကစလို့ တောက်လျှောက် လုပ်လာတာကြောင့် ဒေသခံ ခူမီးချင်းတိုင်းရင်းသား ကျားမ မရွေးအကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။…

Read More

ဖလမ်းမြို့နယ် ကျေးရွာ ၁၉ ရွာက စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်စားသောက်ကုန်တွေ အပြင်ကယ်ဆယ်ရေးရံပုံငွေ သိန်း ၂ ရာ ထောက်ပံ့ခဲ့တယ်လို့ ICA ထုတ်ပြန်

ဇန်နဝါရီလ ၂၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာက စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ် အခြေခံစားသောက်ကုန်တွေ အပြင် ကယ်ဆယ်ရေးရံပုံငွေ မြန်ကျပ်ငွေသိန်း ၂ ရာ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ရဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလကနေ ဒီဇင်ဘာလ ၃လအတွင်း လုပ်ဆောင်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီရင်ခံစာဖော်ပြချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအကြို ထိုးစစ်တွေကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ရှိ ICA (Centre )ကို ဖလမ်းမြို့နယ်ကနေ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူ အယောက် ၃၀ လည်း ခိုလှုံလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ချင်းရေးရာအဖွဲ့ချုပ် (ICA)…

Read More

ဟားခါးလူထုသပိတ်ကိုဦးဆောင်ခဲ့သူ ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းကြောင်း CDF – Paletwa ထုတ်ပြန်

ဇန်န၀ါရီလ ၂၇ ရက်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဟားခါးမြို့လူထုဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူနှင့်ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး / ဟားခါးဗဟိုကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအေင် ကွယ်လွန်ခဲ့ခြင်းအပေါ် ကျန်ရစ်သူမိသားစုဝင်တွေ ၊ တပ်ဖွဲ့ဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်း Chinland Defense Force – Paletwa(CDF-Paletwa ) က ဒီကနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဆလိုင်းငွန်ဆန်းအောင်ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ ချင်းပြည်နယ် နယ်စပ်တ ေနရာမှာ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ ဆလိုင်းငွန်ဆန်းအောင်ဟာ တက္ကသိုလ်ကျောင်းသားကတည်းက ချင်းအမျိုးသားရေးကို တက်ကြွစွာ ဦးဆောင်ရွက်ဦးရွက်ပြု ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး နွေဦးတော်လှန်ရေးကာလတွင်လည်း ဟားခါးလူထုသပိတ်ကို တပ်ဦးမှ ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်တဲ့အပြင် ကွယ်လွန်ချိန်အထိ ချင်းအမျိုးသားရေးနဲ့ လူထုတော်လှန်ရေးလမ်းကြောင်းပေါ်တွင်…

Read More

ဖလမ်းမြို့နယ် Valung ရွာ နဲ့ Zawnglei ရွာအကြားမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်က ၇ ယောက်ကျော် သေဆုံးတယ်လို့သိရ

ဇန်နဝါရီလ ၂၇ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့ တက်လာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား မနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖလမ်းမြို့နယ် ဗာလုံရွာ(Valung) နဲ့ Zawnglei ရွာအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်က ၇ ယောက်ကျော် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထံ လူအင်အားထပ်ဖြည့်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကလေး – သိုင်းငင်းလမ်းကနေတဆင့် ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးတို့ဖြင့် အင်အား ၃၀၀ ခန့်ဝန်းကျင်ဟာ ဖလမ်းမြို့ကို တိုက်ရိုက်တက်လာနေပြီး ဖလမ်းမြို့ကနေ မိုင် ၄၀ အကွာကို…

Read More

ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် စစ်ကောင်စီပြင်ဆင်

ဇန်နဝါရီလ ၂၄ ရက်။ အာဏာသိမ်းစစ်ကောင်စီ(စစ်ကော်မရှင်)ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နဲ့ ပြည်နယ်ဝန်ကြီးတွေဟာ ယမန်နေ့ဇန်နဝါရီ ၂၃ မွန်းလွဲပိုင်းက ဟားခါးမြို့က ချင်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်ပြီး ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ ရေးရာရုံးခန်းများနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးပိုင် မန်းထားရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ် ဆေးပြီးလိုအပ်တာများမှာကြားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့တယ်လို့လည်း…

Read More

ထန်တလန်မြို့နယ်မှာ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ် အရွယ်သမီးကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ သိရ

ဇန်နဝါရီလ ၂၃ ရက်။ ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် ၊ Khuhcah khua (ကုချ)ကျေးရွာမှာ မနေ့ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနဲ့ ၁၂ နှစ်ရွယ် သမီးကို သေနတ်နဲ့ ပစ်သတ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်ခဲ့တယ်လို့ ထန်တလန် ဒေသတွင်း သတင်းတွေ ဖော်ပြချက်အရ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ Pu Ceu Hnin Thang က ဇနီးဖြစ်သူ Pi Ni Cer Hnem အသက် ၃၄ နှစ်နဲ့ သမီးဖြစ်သူ Nu Iang Par အသက် ၁၂ နှစ်အရွယ်ရှိ သမီးဖြစ်သူတွေကို မနေ့ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ…

Read More

ချင်းပြည်နယ်မှာ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေ အိမ်တွင်းအကြမ်းဖက်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရကြောင်း The HILLS Myanmar အဖွဲ့က ပြော

ဇန်နဝါရီလ ၂၁ ရက်။ ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ် အိမ်တွင်းအကြမ်းဖက်မှု ၊ ရင်းနှီးကျွမ်းဝင်သူတွေထံက အကြမ်းဖက်တာအပြင် ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ The HILLS Myanmar အဖွဲ့ကထုတ်ဝေတဲ့ချင်းပြည်နယ်ဆိုင်ရာ သုတေသနအစီရင်ခံစာ အွန်လိုင်းမိတ်ဆက်ပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။ The HILLS Myanmar အဖွဲ့ကတာဝန်ရှိသူတစ်ဦးက“အိမ်တွင်းအကြမ်းဖက်မှု၊ ရင်းနှီးကျွမ်းဝင်သူတွေဆီကနေပြီးတော့ အကြမ်းဖက်တာတွေရှိတယ် ခြေလက်အရရော လိင်ပိုင်းဆိုင်ရာအရရော နောက်ပြီး ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ကျနော်တို့တွေ့ရတယ် ဒါပေမယ့် ကျနော်တို့ ကွင်းဆင်းလုပ်နေတဲ့ချိန်မှာ လူတွေရဲ့ အတွေ့အကြုံ သူတို့ကြုံတွေ့ခဲ့ရတဲ့ သူတို့ဘဝတွေအကြောင်းတွေသော်လည်းကောင်း သူတို့နယ်ပယ်မှာ…

Read More

ချင်းပြည်နယ် ၂ မြို့နယ် က စစ်ဘေးရှောင်တွေနဲ့ မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ NCCD ထုတ်ပြန်

ဇန်န၀ါရီလ ၂၀ ရက်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ချင်းပြည်နယ်က တီးတိန်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ ကျမ်းဖိုင်မြို့နယ် ရောက်နေ့တဲ့ ချင်းစစ်ဘေးရှောင်ပြည်သူတွေကို အခြေခံစားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ခဲ့တယ်လို့ Network for Chin Community Development ( NCCD) က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလူထုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့အစည်း( NCCD) အနေဖြင့် ဇန်နဝါရီလ(၁၂)ရက်နေ့ကနေ (၂၀)နေ့အထိ (၉)ရက်အတွင်း စစ်ဘေးရှောင်ပြည်သူများရောက်ရှိနေကြသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် (၁)နေရာ၊ ကန်ပက်လက်မြို့နယ်တွင်(၃)နေရာနှင့် ချင်းဒုက္ခသည်များရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ်၊ ကျမ်းဖိုင်မြို့နယ်တွင် (၁)၊ လုံလေမြို့နယ်တွင် (၁)နေရာစုစုပေါင်း ကျေးရွာ(၆)နေရာတွင် အခြေခံလိုအပ်သည့် ဆန်၊ ဆီ၊ ဆားများကူညီထောက်ပံ့မှုပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ NCCD ကို…

Read More

ချင်းအမျိုးသားတက္ကသိုလ်မှာ ဘွဲ့ကြို၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေ ဖွင့်လှစ်တော့မယ်လို့ ကြေညာ

ဇန်န၀ါရီလ ၂၀ ရက်။ ချင်းအမျိုးသားတက္ကသိုလ်(Chin National University) မှာ ဘွဲ့ကြို ၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းတွေအပါအဝင် လျှပ်စစ်အင်ဂျင်နီယာ၊ မြို့ပြအင်ဂျင်နီယာနဲ့ ဥပဒေပညာသင်တန်းတွေ စတင်ဖွင့်လှစ်တော့မယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊ပညာရေး၀န်ကြီးဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။ ဖွင့်လှစ်တော့မယ့် သင်တန်းတွေအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုလျှောက်ထားတဲ့ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ခွင့်နဲ့ ပက်သက်ပြီး သက်ဆိုင်ရာ မြို့နယ်၊ ဒေသပညာရေးရုံး ဒါမှမဟုတ် နီးစပ်ရာ မြို့နယ်၊ ဒေသ ပညာရေးရုံး (သို့မဟုတ်) ကျောင်းတွေမှာ ဆက်သွယ်စုံစမ်းနိုင်ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။ ကျောင်းသားတွေအနေဖြင့် ဝင်ခွင့််စာမေးဖြေဆိုလာတဲ့ချိန် လိုအပ်တဲ့ စာရွက်စာတမ်း၊ အထောက်အထားများနဲ့ သိရှိရမယ့် အချက်အလက်တွေကို သက်ဆိုင်ရာမြို့နယ် ၊…

Read More