၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ၃မြို့မှာသာ စစ် ကောင်စီကောက်နိုင်မယ့်သန်းခေါင်စာရင်းနဲ့ သန်း ခေါင်စာရင်း ကောက်ရင်း ဘာ တွေမေးမှာလဲ ??
မနက်ဖြန် အောက်တိုဘာလ ၁ ရက်က နေ ၁၅ ရက်အထိမြန်မာတနိုင်ငံလုံးမှာ လုံခြုံ ရေးအရ ကောက်ယူနိုင်တဲ့ ဒေသ တွေမှာ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည်လို့ အာဏာသိမ်းထားတဲ့စစ်ကောင်စီက ကြေညာထားပါတယ်။နိုင်ငံတဝန်း တိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေမှာ လည်း လုံခြုံရေးတိုးမြှင့်ပြီး အချိန် ၃ လ ထိယူကာ သန်းခေါင်းစာရင်း ကောက်ယူမှုတွေ လုပ်မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးမြင့်ကြိုင်က BBC မြန်မာပိုင်း ကို ဖြေကြားထားပါတယ်။ သန်းခေါင်စာရင်းကောက်ယူရာမှာလူဦးရေနှင့် အိမ်အကြောင်းအရာ မေးခွန်း (၆၈) ခုကို စာရင်းကောက်များက မေးမြန်းမည် ဖြစ်ကြောင်း သိရပါတယ်။ မေးမြန်းမယ့် မေးခွန်းများမှာ-အမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ် ရက်၊ လ၊…