
ချင်းပြည်မှာ ငြိမ်းချမ်းလာတဲ့အခါ ဝဥ စိုက်ပျိုးမှုဟာ ဘိန်း အစားထိုး စိုက်ပျိုးဖို့အတွက် ရွေးချယ်စရာ တစ်ခု ဖြစ်လာနိုင် သလား?
ကိုဇံ(ချင်းတောင်) “ချင်းပြည်နယ်တွင် ဝဥ စိုက်ခင်း ဧက ၁၂၀၀၀ ရှိကြောင်း” စစ် ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ဟာ မတ်လ ၁၁ ရက်က ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရရုံး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့တဲ့ ဝဥတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းအတွက် စက်အသေးစား(၄)မျိုး (၁)စုံအား စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံသမဝါယမအသင်း (၃)သင်း၏ အမှုဆောင်များထံသို့ Pilot Project အနေဖြင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှာ အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ တဖက်တွင်လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC),UNODC (United Nation Office on Drugs & Crime) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ…