Headlines

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ကြဖို့ နဲ့ ပုန်းခိုစရာတွေ သေချာတူးဖို့ သတိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် လူစုလူဝေးရှောင်ပေးကြရန်နဲ့ ပုန်းခိုစရာ နေရာများသေချာတူးဖို့ တို့ကို ချင်းကာကွယ်ရေး – မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မင်းတပ်မြို့နယ်အတွင်းက မိဘပြည်သူတွေအနေနဲ့ လူစုလူဝေးရှောင်ပေးကြရန်၊မိမိနေအိမ်များ အနီး၊အိမ််အောက် မဟုတ်တဲ့ နေရာမှာ ပုန်းခိုစရာ နေရာတွေ သေချာတူးပေးကြရန် ၊ မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းကြပါရန်နှင့်ပြည်သူတွေ စိတ်သောက ရောက်စေမယ့် သတင်းမှားဖြန့်ဝေခြင်းတွေ မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေး – မင်းတပ်က အသိပေးထုတ်ပြန်ထားပါတယ်။ မပ်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ခပ်စိပ်စိပ်လုပ်နေသလို သြဂုတ်လ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက…

Read More

ဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ CDF – Hakha သတိပေးထုတ်ပြန်

ချင်းပြည်နယ်၊ဟားခါးမြို့နားကဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို မနက်ဖြန် သြဂုတ်လ ၂၀ ရက်နေ့ကစလို့ နောက်ထပ်ကြေညာချက်မထုတ်မပြန်မခြင်း ဖြတ်သန်းသွားလာ ခြင်းမလုပ်ဖို့ Chinland Defense Force – Hakha ကဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အခုကာလမှာ ထန်တလန်ဖက်သွားတဲ့လမ်းပေါ်မှာရှိတဲ့ ဟားခါးတက္ကသိုလ်အကြား ဖြတ်သန်းသွားလာတဲ့ မည်သူကိုမဆို စစ်ကောင်စီလူလို့ သတ်မှတ်ခံရလိိမ့်မယ်လို့လည်း Chinland Defense Force – Hakha က သတိပေးထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်ပြီး CDF – Hakha ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်ကနေ ဒီကနေ့အချိန်အထိ ဟားခါးနဲ့ ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်တာတွေရှိခဲ့သလို လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေသေးတယ်လို့လည်း သိရပါတယ်။

Read More

ချင်းပြည်ကောင်စီဝန်ကြီးချုပ်နဲ့အဖွဲ့ ထန်တလန်မြို့စစ်မြေပြင်က Chinland Council ပူးပေါင်းတပ်ဖွဲ့ကို သွားရောက်အားပေးကြောင်းသတင်းထုတ်ပြန်

ချင်းပြည်ကောင်စီ(Chinland Council) ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ထန်တလန်မြို့ စစ်မြေပြင်ကိုသွားရောက်ပြီး Chinland Council ပူးပေါင်းတပ်ဖွဲ့ကို လိုအပ်ချက်များကိုပံ့ပိုးပေး၊အားပေးခဲ့တယ်လို့Government Of Chinland Council က ဒီကနေ့ဩဂုတ်လ ၁၇ ရက်နေ့ မှာသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ထန်တလန်မြို့ခရီးစဉ်မှာ ချင်းပြည်ကောင်စီ အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ လိုက်ပါခဲ့တယ်လို့ Government Of Chinland Council က ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဟာဇူလိုင်လ ၂၂ ရက်ကနေစပြီး ဒီနေ့အချိန်အထိ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ထန်တလန်မြို့ပေါ်ရှိ ခလရ ၂၆၉ စခန်းကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၈ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်။…

Read More

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား တွေ့ဆုံညှိနှိုင်းမယ်

ချင်းပြည်ကောင်စီ (CC) နဲ့ ချင်းညီနောင်အဖွဲ့ (CB) အကြား လက်ရှိဖြစ်နေတဲ့ စစ်ရေးပဠိပက္ခတွေ ပြေလည်နိုင်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ လာမည့် သြဂုတ်လ တတိယအပတ်ထဲ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်းမယ်လို့ ဩဂုတ်လ ၁၅ ရက်ကပြုလုပ်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး ကိုရောဘတ်က ပြောပါတယ်။ ချင်းညီနောင်အတွင်းရေးမှုုး ကိုရောဘတ်က “တွေ့ဆုံညှိနှိုင်းမှုအခြေအနေက ပထမအခေါက်ကို အွန်လိုင်းပလက်ဖောင်းကနေ တချို့စကားပြောတာရှိပါတယ်။လာမယ့်အပတ် ဒေလီမှာ Crisis Management Initiative (CMI) က ကမကထဦးဆောင်ပြီးတော့ Third Party အနေနဲ့ တွေ့ဆုံညှိနှိုင်းဖို့တွက် တွေ့ဆုံဖို့လည်းရှိတယ်။ နိုင်ငံရေးအရ အချင်းချင်းကြားတွေ့ဆုံဖို့ ကျတော််တို့အဲဒီအတွက်လည်း ပြင်ဆင်တယ်ပေါ့လေ။ နှစ်ဖက်ပြေလည်ချင်တယ် အချင်းချင်းလက်နက်ကိုင်စွဲပြီးတော့ ဖြေရှင်းတာမျိုး မလုပ်ဘဲနဲ့ နိုင်ငံရေး စားပွဲဝိုင်းပေါ်မှာ အချင်းချင်းအဖြေရှာတဲ့ မူဝါဒမျိုးရှိသလိုကျတော်တို့ကြိုးစားနေတယ်။ အဲဒီတွက်လည်း…

Read More

တွန်းဇံမြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့နေအိမ်များကို CDF-Tonzang ချိတ်ပိတ်မှု အပေါ် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ လက်မခံနိုင်ကြောင်း ထုတ်ပြန်

CDF-Tonzang တပ်ရင်း (၁) မှ တွန်းဇံမြို့ပေါ်ရှိ နေအိမ် တချို့ ချိတ်ပိတ်ရာတွင် တော်လှန်ရေးတွင် ခိုင်ခိုင်မာမာ ရပ်တည်သော ဌာနဆိုင်ရာ CDM ဝန်ထမ်း ၅ ဦးရဲ့နေအိမ်များကို ချိတ်ပိတ်မှု ပြုလုပ်ခဲ့ခြင်းကို လက်မခံကြောင်း နှင့် အမြန်ဆုံး ရပ်တန့်စေလိုကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊တွန်းဇံမြို့နယ် CDM ကော်မတီမှ ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယင်း ထုတ်ပြန်ချက်ထဲမှာ CDF-Tonzang မှ ချိတ်ပိတ်ထားသည့်အိမ်များတွင် မိသားစု ဝင် တစ်ဦးဦးမှ CDF-Tonzang မဟုတ်သော အခြား အဖွဲ့အစည်း အားပေးထောက်ပံ့သည်ဟူသော စွပ်စွဲချက် နှင့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ချိတ်ပိတ်ထားခြင်း ကြောင်း၊ ယင်းကဲ့သို့ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သည် ဒီမိုကရေစီ…

Read More

AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်အတွင်းကို ရခိုင်ပြည်ဘက်က ဒေသခံအများအပြား ဝင်ရောက်အခြေချလာတယ်လို့ သိရ

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဘက်က ဒေသခံ အများအပြား ဝင်ရောက်အခြေချ နေထိုင်မှုများလာတယ်လို့ ပလက်ဝဒေသခံတွေဆီကသိရပါတယ်။ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်က ဒေသခံချင်းလူမျိုးအများစုဟာ နယ်နမိတ်ဆက်စပ်နေတဲ့ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာပြည်မဖက်ကို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ပလက်ဝခရိုင် ဆမီးမြို့ဒေသခံ တစ်ဦးပြောတာက “ ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးတိမ်းရှောင်လာတာ ဆိုတော့ အဲဒီဘက်က အခြေအနေတော့ အတိအကျမပြောနိုင်ဘူး။ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး ဒီလောက် ရှားပါးတာ စတာတွေကြောင့် ဒေသခံတော်တော်များများက ထွက်ပြေးတိမ်းရှောင်ကြတယ် အခုထိလည်း ထွက်လာကြတုန်းပါဘဲ”လို့ Chin World Media ကိုပြောပါတယ်။ ပလက်ဝနယ်မှာ ဆန်ကလွဲရင် တခြားစားကုန်နဲ့ ဆေးဝါး ၊လူသုံးကုန်တော်တော်များများကို မကွေးတိုင်းဘက်ကနေ ဆိုင်ကယ်တွေနဲ့…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်သွားပြီး ချင်းလူထုနဲ့ တွေဆုံမယ်လို့ သိရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်နိုင်ငံ ၊Indiana ပြည်နယ် က ချင်းလူထုနဲ့ လာမည့် စက်တင်ဘာလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့လာရောက်မယ်လို့ သိရပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ကို Chin Community of Indiana (CCI) က ဖိတ်ကြားခဲ့တာဖြစ်ပြီး CCI က အမေရိကန်မှာရှိတဲ့ ချင်းလူမျိုးအားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ကြဖို့ကိုလည်း Chin Community of Indiana (CCI) ကြေညာထားပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhomaဟာ အမေရိကန်နိုင်ငံ Indiana က Chin Evangelical Baptish Church အသင်းတော််ကို…

Read More

ကန်ပက်လက်မြို့နယ်က ကျေးရွာ၁ ရွာကိုစစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုး သမီးတစ်ဦးသေဆုံး၊ ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ် ဒါးရင်ဒူးဒေသအုပ်ချုပ်မှုနယ်မြေရှိ၊ ဆတ်ချောက်ကျေးရွာကို ယမန်နေ့ ဩဂုတ်လ ၁၃ ရက် မွန်းလွဲပိုင်း ၁ နာရီ ၄၈ မိနစ်အချိန်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၆ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကန်ပက် လက်မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။   စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး နဲ့ အသက် ၄၂ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၆ လနဲ့ ၁၂ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် ပြည်သူ ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဆတ်ချောက်ကျေးရွာက စာသင်ကျောင်းကို ဦးတည်တိုက်ခိုက်ခဲ့ပေမယ့် ပစ်မှတ်လွဲချော်မှုကြောင့် ကျောင်းပတ် ဝန်းကျင်က…

Read More

ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာ ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ သိရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းက ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာတွေကို ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗါးရ် – လုမ်ဘန်း ကားလမ်းပေါ် မြေပြိုတာတွေကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)  ဗဟိုကော်မတီ ညွှန်ကြားမှုနဲ့ Falam Regional Committee ကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး  ပြီးခဲ့တဲ့ရက်ကဘဲ ပြုပြင်ဆောင်ရွက်မှု ပြီးစီးခဲ့တယ်လို့ သိရပါတယ်။ ဗါးရ် – လုမ်ဘန်းကားလမ်းဟာ ချင်းတောင်ခြေ ကလေးမြို့ မြေပြန့်ဒေသနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်သွားလာရာမှာ အသုံးပြုတဲ့  ကားလမ်းလည်း ဖြစ်ပါတယ်။ မိုးတွင်းကာလ လမ်းမြေပြိုကျတာတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်က…

Read More

တီးတိန်မြို့ မြို့မကက်သလစ် ဘုရားရှိခိုးကျောင်း မျက်နှာကျက်ပြိုကျမှု ဖြစ်ပွား၊ လူထိခိုက်မှုမရှိ

ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၁၂ နာရီ ဝန်းကျင်မှာ  တီးတိန်မြို့ မြို့မ ကက်သလစ် ဘုရားရှိခိုးကျောင်းမျက်နှာကျက်(ceiling )ပြိုကျသွားတယ် လို့ ယင်းဘုရားကျောင်း ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ  ဖော်ပြချက် အရ သိရှိရပါတယ်။ “ဘုရားကျောင်း ရဲ့ တိုင်နဲ့ တန်း တချို့ အမြောက် ကျည် ထိမှန် ဖူးတယ်။ ceiling ကလည်း လေးတော့ screw တွေ က မခံနိုင်တော့ တာရယ်၊ မိုးရေ စိမ့်ပြီး အလေး ပိုလာတာရယ် ကြောင့် ပြိုကျ တာ ဖြစ်နိုင်တယ်၊လူမရှိတဲ့ သန်းခေါင်ချိန်မှာ ပြိုကျတာ ဆိုတော့ လူ အထိ အခိုက်တော့ မရှိဘူး။ St. Joseph ရုပ်တုတော်…

Read More