ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့်အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ၊ သေနတ် တစ်လက် သိမ်းဆည်းရရှိကြောင်းထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်းမ‌ ပေါ်က တုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က လင်းတဲကျေးရွာဘက်ကို ကင်းရှည်ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ်ပူးပေါင်းတပ် New Society Army (NSA) ၊ People Independent Army (PIA) တို့ သြဂုတ်လ ၁၉ မနက် ၁၁:၀၀နာရီတွင် နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂) ဦး ပွဲချင်းပြီးသေဆုံးကာ ၊MA3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ACDF က ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ငဖဲမြို့နယ်၊ အရှိုချင်းကျေးရွာတွေဖြစ်တဲ့ တောင်ပေါ် ဆယ်အုပ်စုအတွင်းရှိ…

Read More

ချင်းပြည်ကောင်စီ (CC) နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ(CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံဖို့သာဖြစ်သေးတယ်လို့ သိရ

ချင်းပြည်ကောင်စီ (CC)နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ Crisis Management Initiative (CMI) နဲ့ တစ်ဖွဲ့ခြင်း တွေ့ဆုံပြီး အချက်အလက်စုဆောင်းတဲ့ အခြေအနေမျိုးသာ ဖြစ်သေးကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကပြောပါတယ်။ Crisis Management Initiative (CMI) နဲ့ ချင်းညီနောင်ပါဝင်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC )အပါအဝင် ချင်းပြည်ကောင်စီ (CC) တို့နဲ့ တစ်ဖွဲ့ခြင်း ဆွေးနွေးတိုင်ပင်တာကို အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ သြဂုတ်လ တတိယအပတ်ထဲ တွေ့ဆုံဖို့ ကနဦးရည်မှန်းထားပေမယ့် တွေ့ဆုံမယ့် ရက်ကို နှစ်ဘက်အဖွဲ့က ရက်ပြန်ရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်“CC နဲ့ CB အကြားတွေ့ကြမှာ မဟုတ်ဘူး တကယ်တော့ ICNCC နဲ့ ညှိနှိုင်းရေးအဖွဲ့က CMI တွေ့မယ်…

Read More

အဆိုတော် Benjamin Sum မင်းသားနေရာ သရုပ်ဆောင်တဲ့ “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး)ရုပ်ရှင်ဇာတ်ကား ဩဂုတ်လ ၂၉ ရက်မှာစတင်ပြသမယ်

နာမည်ကျော် တေးသံရှင် Benjamin Sum ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကား “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး) ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကဗန်နပါခန်းမ (Vanapa Hall) မှာ ပြသမှာဖြစ်ကာ၊အဲ့ဒီရုပ်ရှင်ကို Online ကနေလည်း ဖြန့်ချီသွားမယ်လို့ သိရပါတယ်။ အချစ်နဲ့ ပညာပေးအပိုင်းကို အသားပေး ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ဒီရုပ်ရှင်ဇာတ်လမ်းကို မီဇိုးဘာသာစကားနဲ့သရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ကာ Benjamin Sum က မင်းသားနေရာကနေသရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဒီရုပ်ရှင်ကို ဟားခါး၊ ဖလမ်း နဲ့ဇိုမီးတို့နဲ့လည်း အသံအစားထိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။ Benjamin Sum ဟာ 2019 Myanmar Idol Season ( 4 ) တေးဆိုပြိုင်ပွဲမှာ Grand Final အထိရောက်ရှိပြီး လူသိများ…

Read More

ပလက်ဝမြို့နယ်မှာ လေးမြို့မြစ်ရေတက်လို့ ကျေးရွာ ၁၃ ရွာ ရေနစ်မြုပ်ပြီးဒေသခံ ၁ ထောင်ကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် မှာ လေးမြိုမြစ်ရေ မြင့်တက်လို့ ကျေးရွာ ၁၃ ရွာ ရေမြုပ်ခဲ့ပြီး ရေဘေးသင့်ဒေသခံ ၁၀၀၀ ခန့် အရေးပေါ် အကူအညီ လိုအပ်နေကြတယ်လို့ ပလက်ဝမြို့နယ်သတင်းတွေအဓိကဖော်ပြနေတဲ့ KIMO Media ရဲ့ ဩဂုတ်လ ၂၄ ရက် သတင်းအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြစ်ရေတွေ ရုတ်တရက်ကြီးပြီး ရေကြီးရေလျှံဖြစ်ကာ ဒေသခံတွေအနေနဲ့ ပစ္စည်းပြောင်းရွှေ့ချိန်တောင် မရခဲ့ဘဲ ရေဘေးသင့်ခဲ့ရတာလို့လည်း သိရပါတယ်။ လေးမြို့မြစ်ရေတက်လို့ ပလက်ဝမြို့နယ်က မောင်ကျေးရွာ၊ အလယ်ဒိန်ကင်းကျေးရွာ၊ နန်းမနူးကျေးရွာ၊ ကိုဖေကြီးကျေးရွာ၊ ကိုဖေရှေကျေးရွာ၊ အောက်သံထောင်ကျေးရွာ၊ သံထောင်ရွာ၊ စုတ်ချောင်းရွာ၊ ဂါရာပြင်ကျေးရွာ နဲ့ ကြက်ဖတောင်ကျေးရွာတွေမှာ ရေအနည်းငယ်မြုပ်ပြီး ပန်းဘွေရွာ၊ ဗုဒ္ဓဂါရွာနဲ့ ဝန်ချောင်းရွာတွေကတော့…

Read More

ဟားခါးတက္ကသိုလ်ဖွင့်လှစ်ဖို့ စစ်ကောင်စီကြိုးစားတာ လက်တွေ့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော

ချင်းပြည်နယ် ဟားခါးမြို့က ဟားခါးတက္ကသိုလ်ကို ဖွင့်လှစ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့အပေါ် လက်တွေ့ မဖြစ်နိုင်တဲ့အကြောင်း ဟားခါးမြို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လ (၂၆ ) ရက်နေ့ကနေ စက်တင်ဘာလ (၁၂) ရက်နေ့အထိ ရုံးပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီ ဖြစ်တဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “မနှစ်က အခြေအနေလိုမှာတောင် ကျောင်းသားဦးရေက မရှိသလောက်ဖြစ်တဲ့ဟာကို ဒီနှစ်လို တိုက်ပွဲတွေ ကျောင်းနားဝန်းကျင်ထိ ဖြစ်လာတဲ့အချိန် ဘယ်သူက သွားလျှောက်ကြမလဲ မဖြစ်နိုင်ပါဘူး” လို့်ပြောပါတယ်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ရတဲ့ တက္ကသိုလ်စာရင်း…

Read More

ကလေး-တီးတိန် လမ်းတလျှောက်ရှိ ဂိတ်ကြေးများကြောင့်နှင့် လောင်စာဆီဈေးတက်ခြင်း ကြောင့်တီးတိန်မြို့မှာစားသောက်ကုန်များ စျေးမြင့်တက်လာရခြင်းဖြစ်ကြောင်းသိရ

တီးတိန်မြို့မှာအခြေခံစား သောက်ကုန်များ ယခုရက်ပိုင်းအတွင်း ဈေးမြင့်လာခြင်း နှင့် ကားခများ မြင့်တက်လာခြင်းဟာကလေး-တီးတိန် လမ်းမကြီးတလျှောက်ရှိဂိတ်ကြေးများကြောင့်နှင့် လောင်စာဆီဈေးတက်ခြင်း ကြောင့် ဖြစ်ကြောင်း က လေး-တီးတိန် ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ချို့ထံမှ သိရပါတယ်။ “ကလေး-တီးတိန် ခရီးအတွက်ကလေးမြို့ကနေ တက်လိုက်တာနဲ့ တောင်ဖီလာ လမ်းခွဲ၊ ဘီးခွန် နှစ်ခါ၊ တက္ကသိုလ် မုခ်ဦး၊ ခိုင်ကမ်း၊ သိုင်ငင်း၊ ဆူဇန် စတဲ့ ဂိတ်တွေ ဖြတ်လိုက်တော့ မီနီဘတ်စ် တွေက အနည်းဆုံး ကျပ် နှစ်သိန်း နှစ်သောင်း ကုန်တယ်။ စစ်ကောင်စီတွေရဲ့ ဂိတ်တွေရော၊ တော်လှန်ရေး အဖွဲ့တွေရဲ့ ဂိတ်တွေပါ ပေးလိုက်ရတယ်။ အပြန်ကျတော့ ဆူဇန် ဂိတ်က လွှဲရင် ကျန်ဂိတ် အားလုံး ပြန်ကောက်တယ်။ တခါတလေ လျော့ပေးတယ်။ အသွားအပြန်…

Read More

မင်းတပ်မြို့ပေါ်မှာ လူနေအိမ် ၆ လုံးမီးလောင်ပြာကျ၊လူထိခိုက်မှုမရှိ

ချင်းပြည်နယ်တောင်ပိုင်း၊မင်းတပ်မြို့ပေါ်မှာ ယမန်နေ့ည ဩဂုတ်လ ၂၂ ရက်၊ည ၁၁ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်မှာရှိတဲ့ နေအိမ် ၆ လုံးမီးလောင်ပြာကျသွားခဲ့ကာ၊လူထိခိုက်မှုမရှိဘူးလို့ မင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုမသိရပေမယ့် မီးမလောင်ခင်မှာ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းထဲကနေ လက်နက်ကြီး ၄ ကြိမ်လောက် ရမ်းသမ်းပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်း ၊မီးလောင်သွားတဲ့ နေအိမ်တွေအဲဒီနေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်လေ့ရှိကြောင်း၊မီးလောင်မှုဟာ လက်နက်ကြီးပစ်ခတ်မှုကြောင့်လား၊ရှို့မီးကြောင့်လားသေချာမသိရသေးကြောင်း၊မီးလောင်သွားတဲ့နေအိမ်တွေနဲ့ အနီးပတ်ဝန်းကျင်မှာ အရပ်သား ပြည်သူတစ်ယောက်မှမနေထိုင်ကြဘဲ အားလုံးစစ်ဘေးရှောင်နေကြ ရကြောင်း၊ဒေသခံပြည်သူတွေက ညဘက်အပြင်မထွက်ရဲကြကြောင်း၊စစ်ကောင်စီတပ်သာညဘက်အပြင်ထွက်လေ့ရှိကြောင်းမင်းတပ်သတင်းတွေအမြဲဖော်ပြနေတဲ့မင်းတပ်မြို့ဒေသခံ HKL Mindat ကသူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ မင်းတပ်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်း နဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ CDF-Mindat က ဩဂုတ်လ…

Read More

တီးတိန်မြို့မှာ ရေ ပေးဝေသူ အမျိုးသား ၁ ဦး မိုင်းနင်းမိလို့ ခြေတဖက်ပြတ်၊ ပြည်သူ့ဆေးရုံတွင် ကုသနေ

ဩဂုတ်၂၃ ရက်နေ့မနက် ၇ နာရီခန့် တွင် ရေဖွင့်ရန် တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး တောင်ကုန်းထက်သို့ သွားစဉ် တီးတိန်မြို့ က ရေ ပေးဝေသူ အသက် ၄၅ နှစ်ခန့် အရွယ် ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn) ဟာ ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာ မိုင်းနင်းမိပြီး ယာဘက် ခြေထောက် ဒူး အောက်နား ကနေ ပြတ်သွား ကြောင်း တီးတိန်မြို့နေ ပြည်သူတွေဆီကသိရပါတယ်။ “သူ့ကို ပြည်သူ့ဆေးရုံ မှာ ကုနေပါတယ်။ ခွဲခန်းထဲ ဝင်နေတုန်းပါ။ အသက်အန္တရာယ် တော့ မရှိဘူး လို့ သိရတယ်။ သူ နေတိုင်း သွားလာနေတဲ့ နေရာမှာပဲ ဖြစ်သွားတာပါ” လို့ တီးတိန်မြို့ခံ ၁…

Read More

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) ကထုတ်ပြန်

အပြန်အလှန်တန်းတူအသိအမှတ်ပြုမှုအားနည်းခြင်းက ချင်းတော်လှန်ရေး အစုအဖွဲ့တွေအကြား ပဋိပက္ခ ပေါ်ပေါက်စေတဲ့အရင်းအမြစ်အဖြစ် စစ်တမ်းဖြေဆိုသူအများစုကထောက်ပြကြောင်း Chin Civic Movement (CCM) က ဇူလိုင်လ ၁၈ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ၂ ပတ်အကြာ ကောက်ယူတဲ့ ချင်းလူထု သဘောထား စစ်တမ်းနဲ့ ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့ မှာ CCM ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရှိရပါတယ်။ ချင်းအမျိုးသားတပ်ဦး(CNF )ဦးဆောင်တဲ့ Chinland Council အင်အားစုနဲ့ ချင်းညီနောင်အဖွဲ့ အချင်းချင်းကြား လက်ရှိဖြစ်နေတဲ့ ပဋိပက္ခ တွေနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM)က စစ်တမ်းကောက်ယူခဲ့ပြီး ချင်းလူမျိုးနွယ်စု ၃၅ မျိုးနွယ်စုပါဝင်တဲ့ လူဦးရေ ၁၀၁၀ ဦးက စစ်တမ်းဖြေဆိုထားပါတယ်။ Chin Civic…

Read More

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ CDF – Mindat အသိပေး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွား လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာပါက တိုက်ပွဲသတင်းတွေ အထိအခိုက်ကျဆုံးမှုများ တိကျခိုင်လုံမှုမရှိတဲ့ သတင်းတွေကို မိမိ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခြင်း လုံးဝ မပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က အသိပေးထားပါတယ်။ မင်းတပ်မြို့နယ်အတွင်း ဒီလအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်လို့ လူသေဆုံး၊ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ ပုန်းခိုစရာနေရာတွေ သေချာတူးထားဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က က…

Read More