ကလေး – ဂန့်ဂေါလမ်းပေါ်က ကမ်းပါးနီတံတားစစ်ကောင်စီတပ်စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်၊ စစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ လက်နက်အမြောက်များလည်း ရခဲ့တယ်လို့သိရ
ဖေဖော်ဝါရီလ ၁၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်းပေါ်က ကမ်းပါးနီ တံတားအနီးက စစ်ကောင်စီ တပ်စခန်းကို ဒေသတော်လှန်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ကအများအပြားသေဆုံးခဲ့ကာ၊လက်နက် အမြောက်များလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “တော်လှန်ရေးလူတွေကလည်း တင်နေကြတယ်ဆိုတော့ သိမ်းပြီလို့ပြောတယ် ရတဲ့လက်နက်တွေလည်းပြထားတာဆိုတော့ အခုဟာက တခြားဘက်တွေကိုပါ ဆက်လုပ်နေလို့ အဲလောက်လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သိရတယ် နတ်ချောင်းရွာကိုလည်း ဒီမနက်ကြဲတယ်လို့ သိရတယ်” လို့ပြောတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်နားမှာတည်ရှိတဲ့ ကမ်းပါးနီတံတားအနီးက စစ်ကောင်စီတပ်စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို သုံ့ပန်း၂၀ ကျော်ကိုလည်း ဖမ်းဆီးရမိကာ…

