
ခိုင်ကမ်းမြို့ အထကကျောင်း အနီးမှာမိုင်းပေါက်ကွဲမှု ဖြစ်
နိုဝင်ဘာလ ၂၈ ရက်။ ဒီနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉:၃၀ ခန့်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ ရဲစခန်းနားက ခိုင်ကမ်း အထက ကျောင်း အနီးမှာစစ်တပ်၊ရဲတပ်ဖွဲ့မှ ထောင် ထားသော မိုင်း ၁ လုံး ရှော့ဖြစ် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ မရှိဘူး လို့ ဒေသခံများရဲ့ပြောပြချက် အရ သိရှိရ ပါတယ်။ “ကျောင်းနဲ့ ဘီအိုစီ ဓာတ်ဆီဆိုင် အနောက်နား တစ်နေရာ မှာ ပေါက်ကွဲ ခဲ့တာပါ။ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို သူတို့က စစ်ဆေးရင်း ရှော့ဖြစ် ပေါက်ကွဲတာ လို့ သိရတယ်။ ထိခိုက် ဒဏ်ရာ ရရှိတာမျိုး မရှိပါဘူး” လို့ ခိုင်ကမ်းမြို့ကပ်ရပ်၊ကလေးမြို့ဒေသခံ…