
CDF ရဲဘော်နဲ့ CDM ဝန်ထမ်းတွေရဲ့ တကယ့်ဖြစ်ရပ်မှန်ရုပ်ရှင် “ နွေဦးဇာတ်ခုံ”ရုပ်ရှင်ကိုမကြာမီပြသမည်
မြေပြင်က CDF ရဲဘော် ရဲမေတွေနဲ့ CDM ဝန်ထမ်းတွေရဲ့တကယ့်ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ကာ သူတို့ ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ “နွေဦးဇာတ်ခုံ” ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းရုပ်ရှင်ကို CDF-Mindat ကProject Target အဖြစ် သိန်း ၁၂၀၀ ရည်မှန်းထားပြီး ထုတ်လုပ်ထားကာ မကြာမီ Online ကနေ ပြသတော့မည်လို့ သိရပါတယ်။ “စနစ်ဆိုးကြီးတစ်ခုကို ဖြုတ်ချပစ်ဖို့ အနာဂတ်လွတ်လပ်ခွင့်နဲ့ တန်းတူရေးအတွက် မိမိတို့ရဲ့ ရာထူးရာခံ ဝန်ထမ်းဘဝကို စွန့်လွှတ်တိုက်ပွဲဝင်ကြတဲ့ CDM၊ အသက်ခန္ဓာ ပုံအပ်ပေးဆပ်ပြီး တိုက်ပွဲဝင်နေကြတဲ့ CDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တို့ရဲ့ တစ်ကယ့်ဖြစ်ရပ်မှန် ဘဝဇာတ်ခုံ အဖြစ်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းရုပ်ရှင်လို့” CDF – Mindat ကလည်း ဆိုထားပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာအဖြစ် Chin Gyi ၊ CDF…