Headlines

Zomi National Party အမည် ဖြင့် ဖွင့်ထားသော Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေးပါတီ နဲ့ သက်ဆိုင်မှု မရှိဘူးလို့ ပါတီတည်ထောင်ခွင့် လျှောက်ထားသူများ ဆို

မေလ ၆ ရက်။ လက်ရှိ Facebook လူမှုကွန်ယက် ပေါ်မှာ Zomi National Party အမည် ဖြင့် ဖွင့်ထားတဲ့ Facebook Page ဟာ လက်ရှိ တည်ထောင်ခွင့် လျှောက်ထားသော နိုင်ငံရေး ပါတီ ဖြစ်သည့် Zomi National Party မှ ဖွင့်ထားသည့် စာမျက်နှာ မဟုတ်တဲ့ အတွက် ယင်းစာမျက်နှာ အပေါ် ရေးသား ဖော်ပြ ထားသမျှ အကောင်းအဆိုး အားလုံး သည် မိမိတို့ နဲ့ မသက်ဆိုင်ကြောင်း နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသူ ခေါင်ဆောင် တစ်ဦးမှ Chin World Media သို့ ပြောပါတယ်။ “Zomi National Party – ZNP…

Read More

တွန်းဇံမြို့နယ်မှာ အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်ကို လက်နက်နဲ့ခြိမ်းခြောက်ကာအဓမ္မခေါ်ဆောင် သွားတဲ့ CDF-Tonzang တပ်ဖွဲ့ဝင်ကို CDF-Tonzang မှ ဖမ်းဆီး

မေလ ၅ ရက်။ မေလ ၂ ရက်နေ့ မနက်မှ တွန်းဇံမြို့နယ် တုန်းတွောင်ရွာရှိ ၁၃ နှစ် အရွယ် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ် တစ်ဦးကို CDF-Tonzang တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်နဲ့ ခြိမ်းခြောက်ပြီး အဓမ္မ ခေါ်ဆောင်သွားခဲ့ရာ CDF-Tonzang တပ်ဖွဲ့မှ ယင်းနေ့မှာပင် အဆိုပါ တပ်သားကို ဖမ်းဆီး ထိန်းသိမ်းသွားတယ် လို့ တွန်းဇံ ဒေသခံများထံမှ သိရှိရ ပါတယ်။ “ကျူးလွန်သူက CDF-Tonzang တပ်ဖွဲ့ဝင်၊ လုံတပ်ရွာသား တစ်ဦး ဖြစ်တယ်။ မနက် ၄ နာရီခွဲ လောက်နေ မြို့ထဲကို ထွက်ပြီး အိမ်တွေကို လိုက်ခေါက်တယ်။ အမျိုးသမီး ရှိလား ဆိုပြီး မေးတယ်။ မြို့နဲ့ ကပ်ရက် ဖြစ်တဲ့ တုန်းတွောင်ရွာကို…

Read More

ဖမ်းဆီးခံ AA တပ်သားဟာ သူ့ကျန်းမာရေးအရ သေဆုံးသွားတာလို့ CNF တုံ့ပြန်

မေလ ၅ ရက်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA )လက်ထဲမှာ ဖမ်းဆီးခံရင်းသေဆုံးသွားတဲ့ အာရက္ခတပ်တော်(AA) တပ်သားဟာ ရောက်လာကတည်းက ဘာအစားအစာမှ မစားချင်ဘဲ အစာကျွေးလည်း အော့အန်ခဲ့ပြီး တစ်ညမှာ အော့အန်လို့ တာဝန်ရှိသူတွေက ဆရာဝန်ခေါ်ပေမယ့် ဆေးမမီဘဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သတင်းမီဒီယာတချို့မှာ ဒီကနေ့ မေလ ၅ ရက်မှာ ဖြေကြားထားပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲအတွင်းမှာ CNF / CNA ကဖမ်းဆီးထားတဲ့ ချင်းညီနောင်ရဲ့ မဟာမိတ်တပ်ဖွဲ့ဝင်ထဲက အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရန်သူသဖွယ် နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာကြောင့် အသက်သေဆုံးသွားတဲ့ဖြစ်စဉ်တစ်ခုရှိပြီး ပြန်လည်လွတ်မြောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များ ပြောကြားချက်အရ သိရတယ်လို့ ချင်းညီနောင်အဖွဲ့က မေလ ၄ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်စစ်ဆင်ရေး…

Read More

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း AA ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က ထုတ်ပြန်

မေလ ၅ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ကျူးလွန်တဲ့ မုဒိမ်းမှုတွေအပါဝင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ၊ လူသားမျိုးနွယ်စုတွေပေါ်ပြစ်မှုကျူးလွန်ခြင်းနဲ့ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို Global Khumi Organization (GKO) က မေလ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ဧပြီလ ၅ ရက်နေ့၊ မနက် ၉ နာရီအချိန်တွင်ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ရွာနှင့် ခြေကျင်ဖြင့် ၁၀ မိနစ်ခန့် လမ်းလျှောက်ရသည့် ယာခင်းထဲတွင် ဟင်းခူးရန် သွားသည့် အသက် ၂၃ နှစ်အရွယ် (နို့စို့) ကလေးမိခင်တစ်ဦးကို AA တပ်သား ၂ ဦးက မုဒိမ်းကျင့်ပြီး အမျိုးသမီးကို ချောင်းထဲရေနစ်သတ်ဖို့ကြိုးစားခဲ့တာဟာ အလွန်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်သလို အလားတူ ၂၀၂၄ ခုနှစ်၊…

Read More

တော်လှန်ရေး ၄ နှစ်တာမှာ CDF – Lautu တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF-Lautu ထုတ်ပြန်

မေလ ၅ ရက်။ လောက်တူ(Lautu)လူမျိုးတို့၏ နိုင်ငံရေးကံကြမ္မာသည် လောက်တူပြည်သူများ၌သာ ရှိစေရေးအတွက် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ရေးဆောင်ရွက်နေသော ၄ နှစ်တာကာလမှာ တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် CDF – Lautu မှ တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်ပေါင်းများစွာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မနေ့ မေလ ၄ ရက်မှာ ကျရောက်တဲ့ ၄ နှစ်ပြည့် နှစ်ပတ်လည်မှာ CDF – Lautu က သတင်းထုတ်ပြန်ပါတယ်။ တော်လှန်ရေးတွင် ပြည်သူသာ အဓိက၊ ပြည်သူသည်သာ အဆုံးအဖြတ်ဖြစ်၍ တော်လှန်ရေး အောင်နိုင်ရေးသည် ပြည်သူ့ လက်ဝယ်တွင် ရှိသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူအားလုံး လူအင်အားဖြင့်ဖြစ်စေ၊ ငွေကြေးအားဖြင့် ဖြစ်စေ…

Read More

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကိုဖော်ပြထား

မေလ ၄ ရက်။ ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ချင်းလူမျိုးကိုယ်စားပြုအဖွဲ့အစည်းအနေဖြင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကို ဖော်ပြထားတာကိုတွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဝင်များအဖြစ် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) မှ Pu He Dun , Dr.Kenton Linn,Salai John တို့ ၃ ဦးပါဝင်နေပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့၆ ဖွဲ့ ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့နိုင်ငံရေးအရ လက်တွဲထားပါတယ်။ ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) အခန်း (၂)…

Read More

တီးတိန်မြို့နယ်မှာ ZRA-EC အဖွဲ့ဝင် တစ်ဦး ရဲ့ နေအိမ် မီးလောင် ပြာကျ ပြီး ရှို့မီး လို့သံသယရှိကြောင်း ဒေသခံများကဆို

မေလ ၃ ရက်။ မေလ ၂ ရက်နေ့ ညမှာ တီးတိန်မြို့နယ် တွီးထန်ရွာရှိ ZRA-EC အဖွဲ့ဝင် တစ်ဦး ရဲ့ နေအိမ် မီးလောင် ပြာကျ ပြီး အဆိုပါအိမ်မီးလောင်မှုဟာ ရှို့မီး လို့သံသယရှိတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။ “နေအိမ် ပိုင်ရှင် ကတော့ ZRA-EC အဖွဲ့ဝင် တစ်ဦး လို့ သိရတယ်။ မီးလောင်မှုက ရှို့မီး ဖြစ်မယ် လို့ ခန့်မှန်း ရပါတယ်။ မီးရှို့တဲ့ အဖွဲ့ က ဘယ် အဖွဲ့ လည်း ဆိုတာ တော့ မသိရ သေးဘူး။ လတ်တလော မှာတော့ CC အဖွဲ့ဝင် တပ်ဖွဲ့တွေ တွီးထန် ရွာမှာ…

Read More

ချင်းပြည်နယ်နဲ့ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး ကလေးမြို့မှာ MPT ဖုန်းလိုင်းတစ်ခုသာအနည်းငယ်သုံးရလို့ MPT ဆင်းကဒ်တစ်ခုကို ၄ သောင်းခွဲထိ ဈေးပေါက်နေတယ်လို့သိရ

မေလ ၃ ရက်။ ဟားခါး၊တီးတိန်မြို့များအပါအဝင် ချင်းပြည်နယ်နဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းတစ်ခုသာ အနည်းငယ်သုံးလို့ရတာကြောင့် MPT ဆင်းကဒ်တစ်ခုကို ၄၅၀၀၀ ထိဈေးနှုန်းဖြင့် ဝယ်ယူနေကြပြီး လက်ရှိဆင်းကဒ်တွေ ဝယ်ယူစရာမရှိအောင် ပစ္စည်းပြတ်လပ်နေတယ်လို့လည်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ကလေးမြို့မှာ ဝredoo , Atom , Mytel ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပျက်နေတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်လောက်ရှိပြီ MPT တစ်ခုဘဲ ဝိုင်ဖိုင်နဲ့ ဒေတာ နည်းနည်းပါးပါးသုံးလို့ရတယ် ဖုန်းလိုင်းလည်း ရတချက်မရတချက်ပေါ့ အခု MPT ဆင်းကဒ် တစ်ခုကို ၄ သောင်းကနေ ၄သောင်းခွဲအထိ ရောင်းနေကြတယ် အဲဒါတောင်ဝယ်ဖို့ မရှိတော့လောက်အောင်…

Read More

လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပလက်ဝမြို့နယ်က ချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ AA တပ်သား ၂ ဦးကိုထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ ထုတ်ပြန်

မေလ ၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံချင်းအမျိုးသမီးတစ်ဦးကို ဧပြီလ ၅ ရက်နေ့က ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင် ၂ ဦးက မုဒိန်းကျင့်ခဲ့တဲ့ဖြစ်ရပ်ဟာ လူမျိုးရေးမုန်းတီးမှု ဖြစ်လာစေနိုင်တာကြောင့် ပြစ်မှုကျူးလွန်သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ခြင်းဖြင့် ဆောင်ရွက်ဖို့ Chinland Council က ဖွဲ့စည်း ပေးထားတဲ့ ချင်းပြည် ( Chinland) အစိုးရ၊အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဒီကနေ့ မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင့်တပ်မတော် (AA)ဟာ စစ်အာဏာရှင်တော်လှန်ရေးကို အကြောင်းပြပြီး ချင်းပြည် (Chinland) အတွင်း ပလက်ဝဒေသခံပြည်သူတွေ သဘောတူညီမှုမရှိဘဲ တပ်စခန်းတွေချတာ စစ်ရေးဖော်ဆောင်ခြင်းတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ အတိဒုက္ခရောက်ကြရတဲ့အပြင် အခုလိုချင်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်ရှိရှိ…

Read More

မတူပီမြို့နယ်မှာ အမျိုးသား ၂ ဦး မြေမြုပ်မိုင်းနင်းမိလို့ ၁ ဦး ခြေတစ်ဖက်ပြတ်သွားတယ်လို့ သိရ

မေလ ၂ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ကျေးရွာမှာ မေလ ၁ ရက်နေ့ မနက်ပိုင်းက ဒေသခံ အမျိုးသား (၂) ဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးမှာညာခြေပြတ်သွားပြီး နောက်တစ်ဦးက ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ရွာထဲသန့်ရှင်းရေးလုပ်ဖို့သွားကြရင်း ဖြစ်သွားတယ်လို့ဘဲ သတင်းရပါတယ် ဆရာတစ်ယောက်က ခြေပြတ်ပြီး နောက်တစ်ယောက်က အနည်းငယ်ဒဏ်ရာရတယ်လို့ သိရတယ် “ လို့ပြောပါတယ်။ မြေမြှုပ်မိုင်းနင်းမိတဲ့ ငလိုင်ရွာကဒေသခံ အမျိုးသား ၂ ဦးဟာ မီဇိုရမ်ပြည်နယ်ကနေ မတူပီမြို့နယ်က မိမိနေအိမ်ကို သန့်ရှင်းရေးလာလုပ်ဖို့ ပြန်လာချိန် အခုလိုမြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ရသူ…

Read More