Headlines

ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့ရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုလို့ CNO / CNDF ပြော

ဧပြီလ ၁၄ ရက်။ ဖလမ်းမြို့သိမ်းအောင်ပွဲဟာ ချင်းညီနောင်အဖွဲ့တစ်ခုတည်းရဲ့ အောင်မြင်မှုဘဲမဟုတ်ဘဲ ချင်းတမျိုးသားလုံးရဲ့ အောင်မြင်မှုဖြစ်သလို မြန်မာနိုင်ငံတစ်ခုလုံးရဲ့ တော်လှန်ရေးအောင်မြင်မှုဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF ) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က Chin World Media နဲ့အင်တာဗျူးမှာ ပြောကြားပါတယ်။ “ချင်းပြည်နယ်မှာ ကွဲကွဲပြားပြားတွေရှိခဲ့ပါတယ် ဒါပေမယ့်လည်း အားလုံးရဲ့ဘုံရန်သူဟာ စကစ ဖြစ်ပါတယ် စကစကို တိုက်ပြီးအောင်မြင်ခြင်းဟာ ကျနော်တို့ CNO / CNDF ချင်းညီနောင်ရဲ့ အောင်မြင်ခြင်းဘဲမဟုတ်ပါဘူး ချင်းပြည်သူအားလုံးရဲ့ အောင်မြင်ခြင်းဖြစ်ပါတယ် ဖလမ်းမြို့မှာ စကစ တည်ရှိနေသ၍ ချင်းပြည်မှာ စကစ ရှိပါတယ် အဲလိုဘဲ စကစ ဟားခါးမှာရှိနေသေးရင် ချင်းပြည်နယ်ဟာ မလွတ်မြောက်သေးပါဘူး အဲလိုပုံစံဘဲ ဖလမ်းမှာအောင်မြင်မှုရခြင်းဟာ ချင်းလူမျိုးတိုင်းရဲ့ အောင်မြင်ခြင်းဖြစ်တယ် ချင်းအမျိုးသားတိုင်းရဲ့…

Read More

ချင်းချာတာမူကြမ်းကိုရေးဆွဲပြီးပြီဖြစ်ပြီး ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ICNCC/CB ထုတ်ပြန်

ဧပြီလ ၁၃ ရက်။ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲပြီးပြီဖြစ်ပြီး မကြာသောကာလအတွင်း ညီလာခံခေါ်ယူကာ အတည်ပြုဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏(၄)နှစ်ပြည့်အထိမ်းအမှတ် အဖြစ် (ICNCC) ကဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့သော ပြည်နယ် ကိုယ်စားပြုအတိုင်ပင်ခံကောင်စီတစ်ခု ဖြစ်သည့်အပြင် ဖက်ဒရယ်ပဋိညာဉ်အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအစီအမံ၊ အခန်း(၈) ပုဒ်မ(၅၂)အရ ချင်းပြည်အရေး ကိစ္စအရပ်ရပ်ကို တာဝန်ယူဆောင် ရွက်သည့်ကောင်စီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဖွဲ့စည်းသောချင်းညီနောင်(Chin Brotherhood)အဖွဲ့နှင့် နိုင်ငံရေး၊ စစ်ရေးတွင်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်လို့လည်း ဆိုထားပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကို ပြန်လည် ပြုပြင်ဖွဲ့စည်းပြီး အစုအဖွဲ့(၇)ဖွဲ့နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ချင်းချာတာမူကြမ်းကိုလည်းရေးဆွဲခဲ့ပြီး…

Read More

CDF – Matupi ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၂၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရကြောင်းထုတ်ပြန်

ဧပြီလ ၁၁ ရက်။ ချင်းညီနောင်တပ်ဖွဲ့ဝင် ချင်းကာကွယ်တပ်ဖွဲ့ – မတူပီ (CDF – Matupi) ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၂၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ CDF – Matupi က ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂-၃) ရက်က ပြုလုပ်ခဲ့တဲ့ CDF-Matupi တပ်မဟာ-၁ အထွေထွေ အစည်းအဝေးကြီးက ေန ချင်းပြည်နဲ့ ချင်းလူမျိုး ၂ ရပ်ကို ကိုယ်စားပြုတဲ့ အမည်နာမအဖြင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ( Chinland Defense Force -Matupi) တပ်မဟာ…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း Myingyan Black Tiger တပ်ဖွဲ့က ၇ ဦး၊PDF-Zoland တပ်ဖွဲ့က ၁၀ ဦး ကျဆုံးခဲ့ရပြီး ၃ ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရ

ဧပြီလ ၁၁ ရက်။ ၅ လ ကြာမြင့်ခဲ့တဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း အညာမြေ မန္တလေးတိုင်းအခြေစိုက် Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော် (၇)ဦး၊ တီးတိန်မြို့နယ်အခြေစိုက် PDF-Zoland တပ်ဖွဲ့က ၁၀ ဦး ကျဆုံးခဲ့ရပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော် (၃)ဦး ခြေလက်အင်္ဂါဆုံးရှုံးခဲ့ကာ ရဲဘော် (၃၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MBT နဲ့ PDF-Zoland တပ်ဖွဲ့က မနေ့ဧပြီလ ၁၀ ရက်နဲ့ဒီနေ့ဧပြီလ ၁၁ ရက်နေ့မှာ အသီးသီးသတင်းထုတ်ပြန်ပါတယ်။ Myingyan Black Tiger (MBT)က “ယခုအချိန်တွင် ချင်းပြည်နယ် ဖလမ်းမြိုသည် စကစ ကင်းစင်နယ်မြေအဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်နိုင်ခဲ့သော ကျားမဲ Commando စစ်ကြောင်းနှင့်ကျားမဲစစ်ကြောင်း…

Read More

မင်းတပ်မြို့နယ်ကို မနေ့ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့လို့ ၈ လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေ၊ ၉ ဦး ဒဏ်ရာရ

ဧပြီလ ၁၀ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊တိုက်နယ် ၄ တစ်နေရာကို စစ်ကောင်စီက မနေ့ဧပြီလ ၉ ရက်နေ့ညမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ၈ လသားကလေးငယ်အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရ့ပါတယ်။ မင်းတပ်မြို့၊ တိုက်နယ် ၄ တစ်နေရာကို မနေ့ဧပြီလ ၉ ရက် ည ၈ နာရီ ၄၄ မိနစ်ဝန်းကျင်လောက်မှာ ပေါင်၅၀၀ ဗုံးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန် အမှုတော်ဆောင် ဆရာတစ်ပါး ၊ သက်ကြီးရွယ် ၂ ဦး၊ မသန်စွမ်း ၁ ဦး၊ ၇ နှစ်သာအရွယ်၊…

Read More

တိုက်ပွဲမရှိဘဲ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံး

ဧပြီလ ၁၀ ရက်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာကို မနေ့ဧပြီလ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ် ၃ လုံးပြာကျကာ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရတယ်လို့ တီးတိန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မနေ့ည ၁၁ နာရီဝန်းကျင်လောက်မှာ ပေါင် ၁၀၀၀ ဗုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ် ကလေး ၅ နှစ်ရွယ်၊ ၁၀ နှစ်အရွယ် အပါအဝင် မိသားစုဝင် ၆ ဦးလုံး သေဆုံးသွားတယ် နေအိမ်တွေလည်း ၃ လုံးလောက်ပြာကျသွားတယ် ၁၀ အိမ်ကျော်လောက်က ပျက်စီးသွားတယ်” လို့…

Read More

ဖလမ်းမြို့ကိုသိမ်းနိုင်တဲ့ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောင်မြင်မှုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း CNF ထုတ်ပြန်

ဧပြီလ ၁၀ ရက်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအတွက် ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ်တပ်ဖွဲ့များအားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနဲ့ ချင်းလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲကြပါရန် တော်လှန်ရေးအင်အားစု အားလုံးကို တိုက်တွန်းအပ်တယ်လို့လည်း CNF က ထုတ်ပြန်ပါတယ်။ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ မကျရေး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၀၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့သလို စစ်ကူအင်အားလည်း အများပြားချကာ ခုခံကာကွယ်တဲ့ကြားကနေ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်(CB)…

Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကြောင်း၊စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားကြောင်းသိရ

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကာလရှည်ကြာတိုက်ခိုက်ခဲ့ရတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းအမှတ် ၂၆၈ ကို ဧပြီလ ၇ ရက်နေ့က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်က ကလေးငယ်များ၊ အမျိုးသမီးနဲ့ ဒဏ်ရာရသူတွေကို ချန်ထားခဲ့ကာထွက်ပြေးသွားကြောင်း၊လက်ရှိ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ထိန်းသိမ်းထားတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက Chin World Media ကိုပြောပါတယ်။ “ကျနော်တို့ ဖလမ်းကို ၂၀၂၄ ခုနှစ် ၉ ရက်နေ့ကစတင်ပြီးလို့ ဧပြီလ ၇ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ဒီအတောအတွင်းမှာ စကစ အနေနဲ့ စစ်ကူကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ တစ်ကြိမ် ၂၀၂၅ ဖေဖော်ဝါရီလမှာ တစ်ကြိမ်…

Read More

ဖလမ်းမြို့နယ်တစ်ခုလုံး စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ပြီလို့ ချင်းညီနောင်အဖွဲ့ထုတ်ပြန်

ဧပြီလ ၉ ရက်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်စစ်ဆင်ရေးကို ၅ လ ပြည့်တဲ့ ဧပြီလ ၉ ရက်နေ့မှာ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်တဲ့ နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) က ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် (CB) မဟာမိတ်ပူးပေါင်းအဖွဲ့ တွေဖြစ်တဲ့ 96 Solider PDF, Anti- Fascist Internationalist Front (AIF),Burma National Revolutionary Army (BNRA) ,Burmese Revolutionary Technical Front (BRTF ယမ်းအဖွဲ့), Generationa Z Army (GZA) ,Giant…

Read More

ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့မှာ သိမ်းပိုက်နိုင်ပြီလို့ သိရ

ဧပြီလ ၇ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒီကနေ့ ဧပြီလ (၇) ရက်နေ့ မနက်ပိုင်းမှာဘဲ သိမ်းပိုက်နိုင်ပြီလို့သိရပြီး လက်ရှိ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Chin World Media ကို ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ ဖလမ်းမြို့ကို ဒီကနေ့ မနက်ပိုင်းမှာဘဲ သိမ်းနိုင်ပြီ လက်ရှိ ထွက်ပြေးနေတဲ့ စကစ တွေကို လိုက်ဖမ်းနေတုန်းဖြစ်တယ်၊ အသေးစိတ်ကို တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ကြပါလိမ့်မယ်” လို့ပြောပါတယ်။ ဖလမ်းမြို့သိမ်းတိုက်ပွဲ အစပိုင်းကာလမှာပင် ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဖလမ်းမြို့ရဲစခန်းနဲ့တခြားတပ်စခန်းတွေကိုသိမ်းပိုက်ခဲ့ ပေမယ့် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈…

Read More