
ပလက်ဝဒေသခံ သူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်၊ ကုသခွင့်တွေကို AA ကတားမြစ်ပိတ်ပင်လာတယ်လို့ ဒေသခံတွေဆီကနေ သိရ
မတ်လ ၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပလက်ဝဒေသခံ သူနာပြုဆေးဆရာမတွေကို ဆေးရောင်းခွင့် နဲ့ ကုသခွင့်တွေကို အာရက္ခတပ်တော် (AA)က တားမြစ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “အခုပလက်ဝဘက်မှာ အိန္ဒိယဘက်တို့ ရန်ကုန်၊ ဟားခါး စတဲ့တခြားဒေသဖက်တွေ မထွက်ပြေးနိုင်တဲ့ ဆေးဆရာ၊ ဆရာမတွေကိုတောင် ဆေးရောင်းပိုင်ခွင့်တွေ အကုန်လုံးတားမြစ်တာတို့ အခုတောက်လျောက်လုပ်နေတယ် ဒီလိုတွေဖြစ်တော့ ကျနော်တို့လည်း နားမလည်နိုင်ဘူးဖြစ်နေတယ်။ အခုတလောကဘဲ ပလက်ဝအထက်ပိုင်း မီးဇာဘက်က ဆေးဆရာမတို့ ပလက်ဝမြို့က ဆေးဆရာမတွေ ပြောပြချက်အရ ဆေးကုသဖို့ သူတို့ဆီအကုန်လာရမယ် ခင်ဗျားတို့ ငါတို့ခွင့်ပြုချက်မရဘဲ မကုရဆိုတဲ့ဟာမျိုးတွေရှိလာတယ် ဒီဘက်ကျနော်တို့ဘက်ကို ဆက်သွယ်လာတဲ့သူတွေရှိတယ် ဘာကြောင့်ဆေးကုသခွင့်မပေးတာလဲဆိုတာ ေသချာနားမလည်ရသေးဘူး ကျနော်တို့ကို တဖြည်းဖြည်းမောင်းထုတ်တယ်လို့ ခံစားရတာပေါ့” လို့ပြောပါတယ်။ အခုလို သူနာပြုဆေးဆရာမတွေ ဆေးရောင်းခွင့်ပိတ်တာဟာ CDF…