Headlines

စည်းလုံးညီညွှတ်ရေး ဆန္ဒရှိတဲ့ CDF – Matupi တပ်မဟာ (၂) က တပ်မှူးအပါအဝင် ရဲဘော် ၈ ဦး CDF – Matupi တပ်မဟာ (၁) ထံ ပူးပေါင်းဝင်ရောက်လာတယ်လို့ တပ်မဟာ (၁)ထုတ်ပြန်

ဇန်နဝါရီလ ၉ ရက်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF – Matupi )စည်းလုံးညီညွှတ်ရေးအတွက် ဆန္ဒရှိတဲ့ CDF-Matupi တပ်မဟာ (၂)က တပ်မှူး ၂ ဦး နဲ့ ရဲဘော် ၆ ဦး စုစုပေါင်း (၈) ဦးဟာ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (CDF-Matupi) တပ်မဟာ (၁) ထံ ပူးပေါင်းဝင်ရောက်လာတယ်လို့ တပ်မဟာ (၁) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်မှာ Chinland Council နဲ့ပူးပေါင်းတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ – တပ်မဟာ (၂) နဲ့ ချင်းညီနောင်အဖွဲ့ (CB) မှာ ပါဝင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့…

Read More

ချင်းပြည်(Chinland)အစိုးရရဲ့ဆေးရုံ၊ဆေးခန်းတွေမှာတာဝန်ထမ်းဆောင်ဖို့ NUG အစိုးရက ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အလုပ်ခေါ်ယူ

ဇန်နဝါရီလ ၉ ရက်။ Chinland Council ကဖွဲ့စည်းပေးထားတဲ့ချင်းပြည် (Chinland) အစိုးရ ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ကဏ္ဏ ၁၆ နေရာအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ ကျန်းမာရေးဝန်ကြီးဌာနကအလုပ်ခေါ်ယူမယ်လို့ ဇန်နဝါရီလ ၈ ရက်နေ့က စာထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန်တွေ၊ သွားနဲ့ခံတွင်း အထူးကုဆရာဝန်နဲ့ သွားခံတွင်းဆရာဝန်တွေ၊ ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားတွေ၊ အထူးပြုသူနာပြုတွေ၊ သူနာပြုတွေ၊ ဘဏာရေးနဲ့ စီမံရေးအရာရှိ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များက ဒီပလိုမာဘွဲ့ရရှိသူတွေ၊ ဆေးဝါးတက္ကသိုလ်တွေက ဘွဲ့ရသူတွေ၊ ဆေးနဲ့ ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ရသူတွေ၊ ကျန်းမာရေးမှူးတွေ၊ အမျိုးသမီးကျန်းမာရေးဆရာမတွေ(LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၁…

Read More

ဂျပန်နိုင်ငံမှာ ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်သွားတဲ့ အသက် ၂၂ နှစ်အရွယ်ချင်းကျောင်းသူကို ဂျပန်မှာပဲ သင်္ဂြိုလ်

ဇန်န၀ါရီလ ၈ ရက်။ ဂျပန်နိုင်ငံမှာ ဇန်န၀ါရီလ ၅ ရက်က ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန် သွားတဲ့ အသက် ၂၂ နှစ်အရွယ် Lia Dim Sian Muang Thaw (ခ) Nari ရဲ့ စျာပနဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်ကို Oita, Beppu မြို့ရှိ Beppu International Baptist Church ဘုရားကျောင်းမှာ ဇန်နဝါရီလ ၈ ရက်နေ့ ဒေသ စံတော်ချိန် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့ပြီး ဝတ်ပြုကိုးကွယ်မှု အပြီးမှာ မီးသင်္ဂြိုလ် သွားခဲ့တယ် လို့ ကွယ်လွန်သူရဲ့ ဆွေမျိုး အသိုင်းအဝိုင်း ထံမှ သိရှိရပါတယ်။ ကွယ်လွန်သူ Lia Nari @ Dim Sian…

Read More

၂၀၂၄ ခုနှစ် အတွင်း ချင်းပြည်နယ်အတွက် ငွေကျပ် ၅၃.၈ သန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ထုတ်ပြန်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁ နှစ်တာအတွင်း ချင်းပြည်နယ်ကို ကျပ် – ၅၃.၈ သန်း ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကဏ္ဍအလိုက်၊ ဒေသအလိုက် ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေတွေကို NUG က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလ အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကျပ် (၅,၀၇၃) သန်း၊ ပြည်သူတွေ စားနပ်ရိက္ခာ ကြိုတင်စီစဉ်မှု ငွေကျပ်…

Read More

စစ်ဘေးရှောင်များအနေနဲ့ မီဇိုရမ်ပြည်နယ်မှာဧည့်သည်များဖြစ်တယ်ဆိုတာ အမြဲသတိပြုရန် LADC တာ၀န်ရှိသူက သတိပေး

ဇန်နဝါရီလ ၈ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊“လိုင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်ကောင်စီ (LADC) ရဲ့ အမှုဆောင်အဖွဲ့ဝင်C.Lalmuanthanga က မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်းခရိုင်အတွင်းစစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်များနဲ့မြန်မာပြည်တွင်းနေရပ်စွန့်ခွါလာသူများအနေနဲ့မီဇိုရမ်ပြည်နယ်အတွင်းမှာ ဧည့်သည်များဖြစ်တယ်ဆိုတာ အမြဲသတိပြုရန်အသိပေးပြောကြားခဲ့တယ်လို့ ဇန်နဝါရီ (၆) ရက်နေ့မှာ Times of India ကဖော်ပြပါတယ်။ ထိုသို့အသိပေးစကားကို လောင်တလိုင်မြို့ဗဟိုလူငယ်အသင်းဘောလုံးကွင်းမှာလက်ရှိကျင်းပနေတဲ့ဒုက္ခသည်အရေးရန်ပုံငွေဘောလုံးပြိုင်ပွဲရဲ့ဖွင့်ပွဲအခမ်းအနားမှာ သူကထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဒုက္ခသည်များအနေနဲ့ မိမိတို့လာရောက်နေထိုင်တဲ့ ဒေသရှိအိမ်ရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အပြုအမူများကို ရှောင်ကြဉ်သင့်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ C.Lalmuanthanga က “ဒုက္ခသည်တွေအတွက် အစိုးရနဲ့ပြည်သူတွေက သနားပြီး တတ်နိုင်သမျှအကူအညီပေးတယ်။ စိုးရိမ်စရာမလိုပဲ အေးအေးချမ်းချမ်းနေစေချင်တယ်။ ဒါပေမယ့်သင်တို့အနေနဲ့ ဒုက္ခသည်တွေဆိုတာကို အမြဲသတိရနေရမယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူကဆက်ပြီး မြန်မာနိုင်ငံဟာ မီဇိုရမ်ပြည်နယ်အတွင်းကိုမူးယစ်ဆေးဝါးရောင်းဝယ်ဖော်ကားမှုရဲ့ အဓိကလမ်းကြောင်းအဖြစ်အသုံးနေခြင်းဖြစ်ပြီးထိုကဲ့သို့သော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ခြင်းကို ရှောင်ကြဉ်ကြရန် နဲ့ တရားမဝင်လှုပ်ရှားမှု၊ ဆောင်ရွက်မှု တစ်စုံတစ်ရာကို…

Read More

မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေတဲ့ဖလမ်းမြို့နယ်က စစ်ဘေးရှောင်အများအပြား မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်သို့ဝင်ရောက်ခိုလှုံ

ဇန်န၀ါရီလ ၈ ရက်။ နို၀င်ဘာလ ၉ ရက်ကစပြီး လက်ရှိအချိန်အထိ မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေတဲ့ဖလမ်းမြို့နယ်တွင်းက စစ်ဘေးရှောင်အများအပြားဟာ ခရစ်စမတ်ကာလကတည်းကစတင်ပြီး မီဇိုရမ်ပြည်နယ်၊ Champhai ခရိုင်အတွင်း သို့ ဝင်ရောက်ခိုလှုံလာတယ်လို့ Champhai ခရိုင် အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက The Time of India ကို ဇန်နဝါရီ ၆ ရက်နေ့ကိုပြောကြားပါတယ်။   Champhai ခရိုင် Young Mizo Association နဲ့ Champhai ခရိုင်ဒုက္ခသည်များဆိုင်ရာ ကော်မတီခေါင်းဆောင်ဖြစ်သူ Robert Zoremthluanga က “ မြန်မာစစ်တပ်နဲ့ ချင်းလက်နက်ကိုင်အဖွဲ့များအကြား မြို့သိမ်းတိုက်ပွဲပြင်းထန်စွဖြစ်ပွားနေတဲ့ ဖလမ်းမြို့နယ်အတွင်းကနေ ခရစ်စမတ်ကာလကတည်းကနေ အခုအချိန်ထိ စစ်ဘေးရှောင်တွေ ဝင်ရောက်လာတာဖြစ်ပါတယ်” လို့ပြောပါတယ်။  အခုအခါ ဖလမ်းမြို့ပေါ်နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ဆဲဖြစ်တာကြောင့် Champhai ခရိုင်အတွင်းရှိ…

Read More

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ကကျောင်းသား/သူတွေကို လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပြု

ဇန်နဝါရီလ ၇ ရက်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ်ဖြတ်ကျော်သွားလာခွင့်ကို လူအများကို ကန့်သတ်ပေမယ့် နယ်စပ်မှာ နေထိုင်ပြီးကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုတော့လွတ်လွတ်လပ်လပ်သွားလာခွင့်ကို အိန္ဒိယနိုင်ငံဘက်ခြမ်းက တာဝန်ရှိသူတွေက ခွင့်ပြုတယ်လို့ ရိဒ်ခေါဒါရ်မြို့ကိုထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က AGS – 1 က Chin World Media ကို ပြောပါတယ်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိတဲ့ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်ဂိတ်တံတားကို မီဇိုရမ်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ကန့်သတ် ပိတ်ပင်မှုတွေလုပ်ခဲ့ပြီး…

Read More

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် ပြန်လည်ခွင့်ပြုပေးဖို့ (ZORO) အဖွဲ့ကတောင်းဆို

ဇန်နဝါရီလ ၇ ရက်။ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်(FMR-Free Movement Regime) ကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ခွင့်ပြုပေးဖို့ ဇိုး(ချင်း)မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်အခြေစိုက် (Zo Reunification Organization – ZORO)အဖွဲ့ က ဇန်နဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ကာတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ ZORO အဖွဲ့က “အိန္ဒိယဗဟိုအစိုးရက လွပ်လပ်စွာသွားလာခွင့် (FMR)ကို ဖျက်သိမ်းပြီး နယ်စပ်ဖြတ်ကျော်ဖို့ ခွင့်ပြုချက်ယူဖို့ လိုအပ်လာတဲ့အပေါ် မိမိတို့အနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်၊ ဌာနေတိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (UNDRIP) ကြေညာစာတမ်း အပုဒ် ၃၆ ပုဒ်မ ၁ နဲ့ ၂ မှာဖော်ပြထားတဲ့ မိမိတို့ရဲ့ အခွင့်အရေးရပိုင်ခွင့်တွေ ချိုးဖောက်ခံရတာဖြစ်ပါတယ်၊ ဒါကြောင့် FMR…

Read More

ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါအဖြစ်များနေပြီးကလေးငယ် ၂ ဦးလည်းကာလဝမ်းရောဂါကြောင့် သေဆုံးပြီလို့ သိရ

ဇန်နဝါရီလ ၆ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းကစလို့ ဒေသခံပြည်သူတွေကြားထဲ ကာလဝမ်းရောဂါက ကပ်ရောဂါလို အဖြစ်များနေပြီး ကာလဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ၁ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးရပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ရာသီကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကပ်ရောဂါလိုဖြစ်နေကြတယ် သေတာက ပလက်ဝမြို့နယ် အထက်ပိုင်း ဒိုးချောင်းဝကျေးရွာက အသက် ၁ နှစ်ဝန်းကျင် ၂ ယောက်သေပြီ ကျန်တဲ့ရွာတွေမှာလည်း ဖြစ်နေကြတယ် ဆက်သွယ်ရေးအခက်ခဲကြောင့် သေဆုံးမှုအခြေအနေ မသိရသေးတာ ဒီကာလဝမ်းရောဂါက ခုခံအားနည်းတဲ့ ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ ကျော်တွေမှာ အဖြစ်များနေတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA…

Read More

ဂျပန်နိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူတစ်ဦး ယာဉ်မတော်တဆမှု ကြောင့်သေဆုံး

ဇန်နဝါရီလ ၆ ရက်။ ဇန်နဝါရီလ ၅ ရက်နေ့ ဂျပန်စံတော်ချိန်မနက် ၁၂: ၉ (သန်းခေါင်) နာရီမှာ ဂျပန် နိုင်ငံ Oita, Beppu မြို့ ရှိတဲ့ Asia Pacific University မှာ နိုင်ငံတကာ ဆက်ဆံရေး (International Relations) ဒုတိယနှစ် တက်နေတဲ့ အသက် ၂၂ နှစ်အရွယ် ချင်းကျောင်းသူ Lia Dim Sian Muang Thaw ဟာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားတယ် လို့ ဂျပန်နိုင်ငံရောက် ချင်း အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။ “သူမက ဈေးဝယ်ဖို့ ဆိုင်ကယ် သွားနေတဲ့ အချိန် ကားက အနောက် ကနေ တိုက်သွားတာ လို့ ကနဦး…

Read More