ပြည်သူတွေခရီးသွားလာရေးအတွက် ပြိုကျနေတဲ့ မြေစာတွေကို စစ်တိုက်ရင်း ဖယ်ရှားပေးခဲ့တယ်လို့ PDA အဖွဲ့ထုတ်ပြန်
ဇွန်လ ၂၉ ရက်။ ပြည်သူတွေ ဆက်သွယ်ခရီးသွားလာရေးအတွက် ပြိုကျနေတဲ့ မြေစာတွေကို စစ်တိုက်ရင်း ဖယ်ရှားပေးခဲ့တယ်လို့ ကလေး-သိုင်းငင်း လမ်းပေါ်မှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာမှာပါဝင်တဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ People Defence Army – PDA က ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ PDA က “ ပြည်သူတွေ ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေးကောင်းမွန်စေရန် ပြိုကျနေတဲ့ မြေစာများကို စစ်တိုက်ရင်း ဖယ်ရှားခြင်း”လို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကစလို့ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့အကြား တီးတိန်မြို့နယ် မွှာပီးလ်ကျေးရွာမှာ နှစ်ဘက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတယ်လို့လည်း သိရပါတယ်။…

