ငလျင်ကြောင့် ယာယီအပစ်ရပ်တာကို အခွင့်ရေးယူ တိုက်ခိုက်တဲ့ ZRA ကို ပြန်လည်ချေမှုန်းမှာဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA)ကထုတ်ပြန်

ဧပြီလ ၄ ရက်။ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲပြီး စစ်ရေးလှုပ်ရှားမှုတွေ ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာ ချင်းလဲန်း၊ တွန်းဇံမြို့နယ်ကို ဧပြီလ ၃ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ စတင်ကာ ကျူးကျော်တိုက်ခိုက်လာခဲ့ပြီး ချင်းအမျိုးသားတပ်မတော် အမှတ် (၄) တပ်မဟာအနေနဲ့လည်း ခုခံကာကွယ်ရန် လိုအပ်လာလို့ ပြန်လည်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ချင်းအမျိုးသားတပ်မတော်(CNA) အမှတ် (၄) တပ်မဟာကအသိပေးထုတ်ပြန်ထားပါတယ်။ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်ခတ်ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့် စစ်ရေးလှုပ်ရှားမှုတွေကို ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး Zomi Revolutionary Army (ZRA) အဖွဲ့ဟာကျူးကျော်တိုက်ခိုက် လာခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်မတော် အမှတ်…

Read More

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် အလုပ်ခေါ်ယူ

ဧပြီလ ၄ ရက်။ ပြည်သူလူထု အမှန်တကယ် အားကိုးယုံကြည်တဲ့ အရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်ရန်အတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ အနေနဲ့ လျှောက်ထားနိုင်တဲ့အကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၇ ရက်နေ့ ရက်စွဲနဲ့ မနေ့က တရားဝင်ထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ လစ်လပ်နေတဲ့ ရုံးအဖွဲ့မှူး (၁)နေရာ၊ လက်ထောက်ရုံးအဖွဲ့မှူး (၁) နေရာ၊ ရုံးအုပ် (၁) နေရာ၊ ဌာနခွဲမှူး (၃)နေရာ၊ အကြီးတန်းဝန်ထမ်း (၃) နေရာ၊ အငယ်တန်းဝန်ထမ်း (၁၆) နေရာ၊ ယာဉ်မောင်း (၂) နရာ ၊ အခွန်ကောက်ဝန်ထမ်း (၆) နေရာ နဲ့ သန့်ရှင်းရေး၊ လုံခြုံရေးဝန်ထမ်း (၃) နရာအတွက် သတ်မှတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူတွေ…

Read More

တွန်းဇံမြို့မှာ ZRA တပ်ဖွဲ့နဲ့Chinland Council ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ကာ လူသေဆုံးမှုရှိ

ဧပြီလ ၃ ရက်။ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့ပေါ်ဝန်းကျင်မှာ ဒီကနေ့ဧပြီ ၃ ရက်နေ့ နေ့လည် ၁၂ ခန့် ကစပြီး Zomi Revolution Army(ZRA EC )နဲ့ CDF-Tonzang ပါဝင်တဲ့ Chinland Council (CC) ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွါးကာ ZRA တပ်ဖွဲ့ဖက်က ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ “ZRA EC တပ်ဖွဲ့တွေက တွန်းဇံမြို့နယ် Mualkawi ရွာမှာ CC တပ်တွေနဲ့ ဒီမနက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်တယ်။ CC တွေ နောက်ဆုတ်တော့ Nakzang ရွာကနေ မဏိပူရ မြစ်ကို ဖြတ်ပြီး တွန်းဇံမြို့ကို ဝင်လာတာပါ။…

Read More

မနေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့မှာ လူအထိခိုက်တော့ မရှိပေမယ့် နေအိမ်အဆောက်အဦးအလုံး ၂၅ ကျော် ထိခိုက်ပျက်စီးခဲ့ရ

ဧပြီလ ၃ ရက်။ မနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မင်းတပ်မြို့နဲ့ကန်ပက်လက်မြို့မှာ လူအထိခိုက်တော့ မရှိပေမယ့် နေအိမ်အဆောက်အဦးအလုံး ၂၅ ကျော်ထိခိုက်ပျက်စီးခဲ့ရပြီး ဒီကနေ့မှာတော့ လေကြောင်းတိုက်ခိုက်တာတော့ မရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က“ပြည်သူထိခိုက်မှုတော့ မရှိပါဘူး နေအိမ် အဆောက်အအုံတွေတော့ ၅ အိမ်လောက်တော့ ထိခိုက်ပါတယ်။ အနည်းငယ်ထိခိုက်တဲ့ အိမ်တွေလည်း ၅ အိမ်လောက်ရှိတယ် လေကြောင်းတိုက်ခိုက်မှု ဒီနေ့မှာတော့ မရှိပါဘူး” လို့ပြောပါတယ်။ အလားတူ ဧပြီလ ၂ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကန်ပက်လက်မြို့ပေါ်က ပြည်သူ့နေအိမ် (၅)လုံး၊ အစိုးရအဆောက်အဦးများဖြစ်တဲ့ ထွေအုပ်ရုံး…

Read More

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသခံယူနေတဲ့ CDF-Matupi (တပ်မဟာ – ၁)တပ်ဖွဲ့ဝင် ဆလိုင်း ဘုန်းပြည့်ကျော် (ခ) ဖိုးရှမ်း ကွယ်လွန်

ဧပြီလ ၃ ရက်။ မနှစ် ၂၀၂၄ ခုနစ် ချင်းညီနောင်စစ်ဆင်ရေး မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာရပြီး အချိန် လအတန်ကြာဆေးကုသခံယူနေတဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ( CDF-Matupi) (တပ်မဟာ – ၁ )တပ်ဖွဲ့ဝင် ဆလိုင်း ဘုန်းပြည့်ကျော် (ခ) ဖိုးရှမ်းဟာ ဒီကနေ့ ဧပြီလ ၃ ရက်နေ့မှာ ကျဆုံးသွားကြောင်း CDF-Matupi (တပ်မဟာ ၁ )ကသတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) တပ်ဖွဲ့ဝင် ဆလိုင်း ဘုန်းပြည့််ကျော် (ခ) ဖိုးရှမ်းဟာ မန္တလေးဇာတိကဖြစ်ပြီး ချင်းပြည်နယ်ကို အလည်လာစဉ် စစ်ကောင်စီရဲ့ အာဏာသိမ်းတာနဲ့ကြုံပြီး တခါတည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁)…

Read More

ကန်ပက်လက်နဲ့မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်နေ

ဧပြီလ ၂ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နဲ့ မင်းတပ်မြို့ပေါ် ကနေရာတချို့ကို စစ်ကောင်စီက ဒီကနေ့ ဧပြီလ ၂ ရက်နေ့ နေ့လည်ချိန်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကာ ၊လူနဲ့အိမ်ထိခိုက်မှုအခြေအနေမသိရသေးကြောင်း မင်းတပ်မြို့ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။ ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်မှာ ကန်ပက်လက်မြို့တနေရာကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့သလို မင်းတပ်မြို့ပေါ် တစ်နေရာကိုလည်း ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်သတင်းတွေ ဖော်ပြနေတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ ကံကြီးရွာက စစ်ကောင်စီစစ်ကြောင်းတွေလည်း မင်းတပ် – ဆော – ကျောက်ထုလမ်းဆုံ ဘက်ကို ရောက်နေပြီး စခန်းအထိုင်ချဖို့ ပြင်ဆင်လာနေတယ်လို့လည်း မင်းတပ်ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။ လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူတွေအထူးသတိထားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

ဧပြီလ ၂ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့လို့ပြည်သူတွေအထူးသတိထားဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူသူထိခိုက်ဒဏ်ရာရရှိမှုကတော့ မရှိခဲ့ကြောင်းနဲ့ မြို့ပေါ်နေပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားဖို့ကိုလည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ လက်ရှိတိုင်းနဲ့ပြည်နယ်တချို့မှာ ငလျင်ဒဏ်ကြုံနေရချိန် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ မလုပ်တဲ့အချိန်မှာလည်း စစ်ကောင်စီက အခုလို လေကြောင်းကနေ တိုက်ခိုက်တာတွေ တောက်လျောက်လုပ်နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း မတ်လ ၂၈ ရက်ကနေ ဧပြီလ ၁ ရက်အထိ ငလျင်ဒဏ်ကြောင့် သေဆုံး ၂၇၁၉ ဦးထိရှိပြီး၊…

Read More

ZFU / PDF Zoland ဟာစစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ထုတ်ပြန်

မတ်လ ၃၁ ရက်။ ZFU / PDF Zoland ဟာ ဇိုမီးလက်နက်ကိုင်တပ်ဖွဲ့ တစ်ရပ်အနေဖြင့် စစ်ရေးအတွေ့အကြုံများနဲ့ အတူ အားကောင်းပြီး စနစ်ကျလာတဲ့ တပ်စုဖွဲ့မှုပုံစံဖြစ်လာနေပြီလို့ ZFU / PDF Zoland တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် မတ်လ ၃၀ ရက်စွဲနဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ZFU/PDF Zoland ကထုတ်ပြန်ပါတယ်။ ၄ နှစ်တာကာလအတွင်း လမ်းပြပို့ဆောင်တဲ့ ဘုရားသခင်နဲ့ တော်လှန်ရေးခရီးတစ်လျှောက် အားပေးထောက်ခံတဲ့ ပြည်သူလူထုတစ်ရပ်လုံးပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်းနဲ့ ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးအတွင်း အသက်ပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေကိုလည်း လေးစားဂုဏ်ပြုကြောင်းနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းတွေ ခြေလက်အင်္ဂါဆုံးရှုံးသူတွေ ပိုင်ဆိုင်မှုဆုံးရှုံးသူများအားလုံးကိုလည်း လေးစားအသိမှတ်ပြုတယ်လို့ ZFU/PDF Zoland က ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အဆင့်…

Read More

ဟားခါးမြို့မှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ အဆမတန်မြင့်တက်

မတ်လ ၂၇ ရက်။ ချင်းပြည်နယ်မြို့တော် ဟားခါးမှာ မီးမလာတာ ၅ ရက်ရှိလာပြီဖြစ်ပြီး မီးသွေးဈေးနှုန်းတွေ ၂ သောင်းခွဲကနေ သုံးသောင်းဝန်းကျင်အထိ ဈေးတက်သွားတယ်လို့ ဟားခါးမြို့နေ ဒေသခံတွေဆီကနေ သိရပါတယ်။ ဟားခါးမြို့နေ ဒေသခံတစ်ဦးက “မီးမလာတာက ၅ ရက်လောက်တော့ ရှိတော့မယ် အခုတလော မီးမလာတော့ မီးသွေးဈေးက ၂၅၀၀၀ လောက်ကနေ ၃၀၀၀၀ ဝန်းကျင်လောက်ရှိတော့မယ် မီးမလာတော့ မီးသွေးခတွေ ဈေးတက်တယ် ဟားခါးမှာ ကုန်ဈေးနှုန်းက သိတဲ့အတိုင်း အကုန်ဈေးကြီးနေတာပေါ့” လို့ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူစရိတ်တွေကြောင့် ဟားခါးမှာ ကုန်ပစ္စည်းဈေးနှုန်းတွေလည်း တနေ့ပြီးတစ်နေ့ ဈေးတက်လျက်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မီးသွေးတစ်အိတ်ကို ၂၂၀၀၀ ဝန်းကျင်ကနေ အခုလို မီးပျက်တာရက်ပိုင်းအကြာမှာ ကုန်ဈေးနှုန်းတွေထပ်မြှင့်တက်တာလို့လည်း သိရပါတယ်။ အခုတလောဟားခါးမြို့မှာ ဖုန်းလိုင်းတွေလည်း…

Read More

ဇိုတုန်ဒေသအတွင်း ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေသာ ကိုင်ဆောင်ခွင့်ရှိတဲ့ မောင်းပြန်သေနတ်ကဲ့သို့ သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ အသိပေး

မတ်လ ၂၆ ရက်။ စစ်ကောင်စီ ကင်းစင်ပြီးဖြစ်တဲ့ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်း လက်နက်ကိုင်ဆောင်ခြင်းနဲ့ပက်သက်ပြီး စည်ကမ်းသတ်မှတ်ချက်တွေ ပြဌာန်းထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ မောင်းပြန်သေနတ်၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်တွေ ကိုင်ဆောင်ထားခြင်း ရှိမရှိ စစ်ဆေးတာတွေ လုပ်တော့မယ်လို့ CDF – Zotung တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ ဇိုတုန်ဒေသအတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ချင်းထုံစံအတိုင်း အမဲလိုက်ရာမှာ အသုံးပြုတဲ့ ရိုးရာတူမီးသေနတ်၊ နှစ်လုံပြူးသေနတ်၊ ခါးချိုးသေနတ်နဲ့ လေသေနတ်တွေသာ ကိုင်ဆောင်ခွင့်ရှိပြီး အခြားမောင်းပြန်သေနတ် ၊ ခြေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုလိုမျိုး သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်တွေကိုတော့ ကိုင်ဆောင်ခွင့်မရှိတာကြောင့် ကိုင်ဆောင်ခြင်းမပြုကြရန် CDF – Zotung ကဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုတော်လှန်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ဇိုတုန်ဒေသကို ဖြတ်သန်းသွားလာလိုပါက…

Read More